Thursday, December 9, 2010

မလိုချင်တဲ့ Mail တွေမရောက်အောင် ဘယ်လိုလုပ်မလဲ

mgmg: မလိုချင်တဲ့ မေးတွေ မရောက်အောင် ဘယ်လိုလုပ်ရမလဲမသိလို့ ပြောပြပေးပါခင်ဗျား
cbox မှာ ကိုမောင်မောင်ရဲ့  မေးမြန်းထားချက်ကို ပြန်ကြားပေးခြင်းဖြစ်ပါတယ်။


ကိုယ့်ရဲ့  Gmail အကောင့်ထဲကို ကိုယ်လက်မခံချင်သူရဲ့  Mail တွေရောက်မလာအောင်၊ ကိုယ်လက်မခံချင်တဲ့ စကားလုံးမျိုးတွေပါတဲ့ Mail တွေရောက်မလာအောင် ပိတ်ပင်တားဆီးလို့ရပါတယ်။ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

၁။ မိမိရဲ့  Gmail အကောင့် ကို ဖွင့်လိုက်ပါ။

၂။ ညာဘက် ထိပ်ထောင့်နားက Setting ဆိုတာလေးကို Click လိုက်ပါ။



၃။ Filters ဆိုတာကို Click ပါ။



၎။ အောက် အလယ်နားက Create a new Filter ဆိုတာကို Click ပါ။



၅။ From ဆိုတဲ့နေရာမှာ ကိုယ်လက်မခံချင်တဲ့ သူရဲ့  အီးမေးလ် လိပ်စာထည့်ပါ။ (သို့မဟုတ် ကိုယ်လက်မခံနိုင်တဲ့စကားလုံး မျိုးကို တားဆီးချင်ရင် Has the words ဆိုတဲ့အကွက်မှာ တားဆီးချင်တဲ့ စကားလုံးကို ရိုက်ထည့်ပါ။)



၆။ ပြီးရင် Next Step ဆိုတဲ့ Button ကို Click ပါ။ Delete it ဆိုတဲ့ Check box လေးကို အမှန်ခြစ်ဖြစ်အောင် ကလစ်ပါ။ ပြီးရင် Create Filter ဆိုတဲ့ Button လေးကို ကလစ်ပါ။



၇။ ဒါဆိုရင် Filter တစ်ခုဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။ ကိုယ့်ဆီကို အဲဒီလိပ်စာက မေးလ် (သို့မဟုတ် စကားလုံးပါသောမေးလ်) ၀င်လာရင် ပို့လိုက်သူမသိစေပဲ တားဆီးဖျောက်ဖျက်သွားပါလိမ့်မယ်ဗျာ။ စိတ်ချမ်းမြေ့ပါစေ။