ဟိုကလိ ဒီကလိ ၀ါသနာ ပါသူတွေ အတွက်နှင့် မသိသေးသူ မကလိဖူးသေးတဲ့သူတွေအတွက်ပေါ့နော်..:P
Firefox မှာ Advanced Configuration Settings ဆိုတာ ရှိပါတယ်။
၁. ပထမဆုံး Firefox ကို ဖွင့်လိုက်ပါ။
၂. Address Bar မှာ about:config လို့ ရိုက်ထည့်လိုက်ပါ။
ပြီးရင် Preference Name တွေကို ကြည့်ပြီး လျှောက်ကလိလို့ ရပါပြီ။ နမူနာ တစ်ချို့ ပြထားပါတယ်။ အဲ... မသိတာတွေတော့ လျှောက်မပြင်နဲ့နော်...
Error တွေ တက်နေဦးမယ.်..:) ။
၃. browser.urlbar.autoFill ဆိုတာကို ရှာပြီး true လို့ပြင်လိုက်ပါ။ ပြီးရင် Address Bar ကို သွားပြီး url တစ်ခုခုကိုရိုက်ကြည့်လိုက်ပါ။
ဘာထူးခြားသွားသလဲ ???
၎. browser.tabs.closeButtons ကို ရှာပြီး 0 လို့ ပြင်လိုက်ပါ။ tab တစ်ခုထက်ပိုဖွင့်ထားရင် activeဖြစ်နေတဲ့ tab ကလွဲရင် တစ်ခြား tab တွေမှာ closeButtons တွေ ပျောက်သွားတာကို တွေ့ရလိမ့်မယ်။
၅.browser.backspace_action ...Default ကတော့ 0 ပါ။ 1 လို့ပြင်လိုက်ရင် backspace နှိပ်လိုက်ရင် အရင်လို previous page ကို မသွားတော့တာကိုတွေ့ရလိမ့်မယ်။ Mouse wheel scroll up function အတိုင်း လုပ်နေတာကို တွေ့ရပါလိမ့်မယ်။
၆. စာသားတွေ blink ဖြစ်နေလို့ မျက်စိနောက်နေလား....browser.blink_allowed ဆိုတာလေး ရှာပြီး false လို့ပြင်လိုက်ပါ။
(Double Click နှိပ်လိုက်ရင် သူ့အလိုလို ပြင်သွားလိမ့်မယ်။)
Mozilla Firefox ပိုမြန်စေချင်ပါလား။
အောက်မှာ ဖော်ပြထားတဲ့ entries တွေကိုရှာပြီး ပြထားတဲ့အတိုင်း ပြင်လိုက်ပါ။
browser.tabs.showSingleWindowModePrefs – true
network.http.max-connections – 48
network.http.max-connections-per-server – 16
network.http.max-persistent-connections-per-proxy – 8
network.http.max-persistent-connections-per-server – 4
network.http.pipelining – true
network.http.pipelining.maxrequests – 100
network.http.proxy.pipelining – true
network.http.request.timeout – 300
( ဒါတွေက Firefox 3 BETA မှာ မပါတဲ့ အတွက် Firefox 4 BETA နှင့် ဒေါင်းမှသာလျှင်ရမည်ဖြစ်ပါတယ်)
***ဧကရီ***