Thursday, December 9, 2010

Online Alarm Clock



Aviary kukuklok-com Picture 4.png

အွန်လိုင်းအမြဲသုံးကြတဲ့သူတွေ အတွက် အိပ်ချိန် စားချိန် အလုပ်လုပ်ချိန်မှန်ဖို့ ခက်ခဲပါတယ်။

အင်တာနက် သုံးဖို့ ကွန်ပျူတာရှေ့ ထိုင်လိုက်မိတာနဲ့ ...နာရီ မသိ ၊ အချိန် မရှိတော့ ။
 ဘယ်အချိန်တွေ ဖြစ်လို့ ဖြစ်မှန်းလဲမသိ ။ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိ ။
 ချိန်းထားတာတွေ အကုန်လွဲ ... ။ ဟိုလွဲ ဒီလွဲ ဖြစ်နေသူများအတွက်ပါရှင့်။

ခဏလေးလို့ ထင်လိုက်ပေမဲ့ .. တစ်နာရီ ၊ နှစ်နာရီလောက်ကြာချင်လည်း ကြာနေတတ်တယ် ။
တစ်နေကုန်ကြချင်လည်းကြာသွားတတ်ကြပါတယ်။
အဲလိုတွေ မဖြစ်အောင် အောက်က ဆိုက်ဒ်လေးကို ကလစ်ပြီး ဖွင့်ထားလိုက်ပါ။
အွန်လိုင်း ကနေ alarm ပေးထားမယ်ဆိုရင်အချိန်လေးတိကျလာမှာဖြစ်ပါတယ် ။

Online Alarm Clock ကိုကလစ်ပါ။
 

click တစ်ချက် နှိပ်ပြီး အဲ့ဆိုဒ်လေးကို ဖွင့်ရင်

Digital နာရီလေးတွေ့ရပါလိမ့်မယ်။
အပေါ်မှာ လက်ရှိ ရောက်နေတဲ့ current time ကို ပြနေပြီး
 
ဘေးက ကြက်ဖ ပုံလေးမှာ preview sound ကို နှိပ်ကြည့်လိုက်ပါ ... ။
 အဲ့ဒါဆို မိမိ alarm ပေးထားတဲ့ အချိန်မှာ ကြက်တွန်သံနဲ့ ... alarm လေး ပေးနေပါလိမ့်မယ် ။
ကိုယ်စိတ်ကြိုက်alarm သံလေးပေးချင်ရင်တော့ ကြက်ဖ ပုံလေး ဘေးနားက arrow လေးတွေကို နှိပ်ပြီး ရိုးရိုးနှိုးစက် နာရီသံ ၊
 electronic တတီ...တီ..မြည်သံ ၊ slayer guitar မြည်သံ အကျယ်ကြီးနဲ့ ...၊
 စစ်ချီတေးသံ ... အစရှိတဲ့.. မိမိ ကြိုက်နှစ်သက်ရာ alarm အသံများကိုလည်း ရွေးချယ်ပေးလို့ ရပါသေးတယ်။

ဒါကြောင့်  အဲ့ဆိုဒ်လေး ကိုဖွင့် alarm လေးကို set လုပ်ပေးပြီးး မိမိ သုံးချင်တဲ့ .. အင်တာနက်ကို ကြိုက်သလို ထိုင်သုံးနေပါ... ။
 alarm လေး မြည်လာတဲ့ အချိန်မှာတော့ .. မိမိ တစ်ခုခု လုပ်စရာ ရှိလာပြီ ဆိုတာကို .. အလိုလို alarm မြည်သံ ကြားတာနဲ့ သတိရလာပါလိမ့်မယ်။
အဆင်ပြေပါစေ။
                                      

                                                                            ***ဧကရီ***