Tuesday, December 7, 2010

PDF ဖိုင်ကို Unlock ပြုလုပ်ခြင်း


ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ EBook တွေက PDF ဖိုင်တွေပါ။ မူရင်းဖန်တီးသူက အဲဒီ EBook တွေကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်လို့ မရအောင်၊ တစိတ်တပိုင်း ကူးယူအသုံးချမှုတွေ မပြုလုပ်နိုင်အောင် Lock ပြုလုပ်ထားလေ့ရှိပါတယ်။ ဖတ်ရုံပဲဖတ်လို့ရပါတယ်။ အဲဒီလို EBook လေးတွေကို Unlock ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ Online Unlock လုပ်ပေးတဲ့ Website လေးကိုသွားရမှာ ဖြစ်ပါတယ်။

၁။ ဒီ Website နေရာလေးကို သွားပါ။

၂။ Browse ဆိုတဲ့ Button လေးကိုနှိပ်လိုက်ပါ။ မိမိရဲ့ ကွန်ပျူတာထဲက Unlock ပြုလုပ်လိုတဲ့ PDF ဖိုင်ကို ရွေးချယ်ပေးပါ။



၃။ I accept the terms and conditions ဆိုတာလေးကို Check လုပ်ပေးပါ။



၎။ ပြီးရင် Submit ဆိုတဲ့ Button လေးကို နှိပ်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့  PDF ဖိုင်လေးကို Upload ဆွဲတင်သွားပြီး Unlock ပြုလုပ်ပေးပါလိမ့်မယ်။ Size limit ကတော့ 5MB ပါ။ Unlock ပြုလုပ်ပြီးသွားတဲ့ ဖိုင်လေးကို ပြန်ပေးပါလိမ့်မယ်။ အဲဒါကို File --> Save Page as နဲ့ ကိုယ့် ကွန်ပျူတာထဲမှာ ပြန်သိမ်းလိုက်ပါ။ ပျော်ရွှင်ပါစေ။