Thursday, September 23, 2010

တာရာမင်းဝေစာအုပ်များ

ဝင်္ကပါကိုဖွင့်တဲ့သော့

 ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။

ကျွန်တော်နှင့်ဧဒင်ကချေသည်

ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နှင့်ကောင်မလေး

ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။ 

ဤနေရာတွင်နှိပ်၍ဖတ်ပါ။

မှော်ဆရာရဲ့ကျောင်းစာအုပ်


 ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။

ကောင်းကင်အကြွေကောက်တဲ့လက်
 ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။


အရှေ့ မြို့ ရိုးမှမိုးရေစက်များ


ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။


သူ့ အိုးပုတ်လေးကို ကျွန်တော်ပြန်မပေးပါ

ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။

ရန်ကုန်မြို့တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ



မြန်မာပြည်တွင် အင်တာနက် အသုံးပြုမှု တွင်ကျယ် လာသည်နှင့် အမျှ အဆင်ပြေ ချောမွေ့သော ကောင်းကျိုးပေးသည့် အကျိုးသက်ရောက်မှု များစွာရှိနေသလို အကောင်းနှင့် အဆိုး ဒွန်တွဲနေသည် ဟူသည့် စကားအတိုင်းပင် ဆိုးကျိုးများလဲ မဖိတ်ခေါ်ဘဲ ရောက်ရှိလာနေပြီ ဖြစ်သည်။ Online Crime ခေါ် အွန်လိုင်း ရာဇ၀တ်မှု သတင်းများကို ပြည်ပ နိုင်ငံများမှသာ မကြာခဏ ကြားနေရသော်လည်း ယခုအခါ ပြည်တွင်း၌ပင် သတင်းတစ်ပုဒ်ပြီး တစ်ပုဒ် ကြားသိ နေခဲ့ရသည်။ ကြားသိရသော သတင်းတစ်ပုဒ်ကို အခြေခံပြီး MMDailynews.com မှ စုံစမ်း မိသောအခါ ရန်ကုန်မြို့တွင် အွန်လိုင်းကို အသုံးပြု ဈေးကွက်ရှာပြီး လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီးငယ်များ တစ်နေ့တခြား များပြား လာကြောင်း စုံစမ်း သိရှိရသည်။

ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။

အဆိုပါ နည်းများဖြင့် လိင်ဖျော်ဖြေရေး လုပ်ကိုင် နေသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူမှုများကြောင့် ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘဲ မသိမသာ ပုံစံဖြင့်သာ ကိုယ်ယောင်ဖျောက် လုပ်ကိုင် နေကြသော်လည်း ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အနေဖြင့် ပေါက်သည့်နဖူး မထူး ဟူသော စကား အတိုင်း မထူးဆန်း လှသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏  အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။



လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ  အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင် ကြားသိ နေရသည်။ အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၌ အင်တာနက် ကဖေး တစ်ခုကို ဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏ အတွေ့အကြုံများကို MMDailynews.com  မှ မေးမြန်းခဲ့ရာ သူက..

"ဟုတ်... အွန်လိုင်းကနေ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေတာတွေ ရှိတယ် အစ်ကိုဆိုင်မှာလာသုံးနေတဲ့ User တစ်ယောက်ပေါ့။ သူက ကောင်မလေး တစ်ယောက်ရဲ့ အကောင့်ကို ရလို့ Gtalk ကနေ Add လိုက်တယ်။ အစကတော့ သူဘာဆိုတာ မပြောဘူး ပြီးတော့ အပြင်မှာချိန်းတယ်။ အဲ့ဒီမှာ သူတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြတယ် အဲ့တာက တစ်မျိုး အခကြေးငွေ အတွက် တည်းခိုခန်းမှာချိန်း ဘယ်လောက်ရရင် လိုက်မယ်ပေါ့။ နောက်တစ်ခုက အကြီးစား ပြည့်တန်ဆာ တွေပေါ့။ အွန်လိုင်းကနေ တွေ့တယ်။ ပြီးရင် ချိန်းတယ် ကြိုက်ရင် လိုက်သွားတယ်(ကက) သီးသန့်ပေါ့။  အခု နောက်ပိုင်း အွန်လိုင်းကို  ပြည့်တန်ဆာတွေ တော်တော် သုံးလာကြတယ်။ Online ကနေ ရတဲ့ ဖေါက်သည် တွေကလဲ ငွေကြေးများများ ပေးနိုင်တာကိုး။  ဒီလုပ်ငန်း ဖြစ်လာတာ ခန့်မှန်း ရသလောက် အထူးသဖြင့် ရန်ကုန်မှာပေါ့။ 2008 ခုနှစ် နောက်ပိုင်း အခု 2010 ခုနှစ် မှာ အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်ပါတယ်။ ဒီလို ပြည့်တန်ဆာတွေ လှူပ်ရှားလာတော့ ကျန်တဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ မူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရား အထိန်းသိမ်း လျော့ရဲတာတွေ ပါ ဖြစ်လာနိုင်ပါတယ်။ အွန်လိုင်း ပြည့်တန်ဆာတွေရဲ့ ပစ်မှတ်က အွန်လိုင်း(ချက်တင်)ကို အသုံးပြုတတ်ခါစ လူတွေ၊ အပြင်မှာ တစ်ခါမှ လက်တွေ့ မစမ်းရဲကြတဲ့ ဆယ်ကျော်သက်တွေ ငွေကြေး တတ်နိုင်တဲ့ သူတွေလို့ ထင်ပါတယ်။ သူတို့က Gtalk နဲ့ VZO ကို အများဆုံး အသုံးပြုပါတယ်။ အခုနောက်ပိုင်းပေါ့။ မြန်မာဘလော့ဂါအချို့ရဲ့ sex ၀က်ဆိုဒ်တွေမှာ Member ၀င်ပြီးလဲ ဆက်သွယ် နေကြပါတယ်။  ကျွန်တော်ကိုယ်တိုင် တစ်ခါတော့ကြုံဘူးတယ်။ အကောင့်က ကျွန်တော့် Gtalk ကို အမှတ်မထင် ရောက်လာတယ်။ ကျွန်တော်က လက်ခံလိုက်တယ်။ သူဂျီတော့မှာ မက်ဆေ့ခ်ျ တစ်ခု တင်ထားတယ်။ သူနဲ့ ပျော်ချင်ပါသလား တစ်ည ( Edit ) ဆိုပြီး။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီလောက် ရဲတင်းလှတာ ကောင်မလေး တကယ်ဟုတ်မဟုတ် မေးမယ် ဆိုပြီး သူငယ်ချင်းတွေ သူ့အကောင့်ကို ၀ိုင်း Add ကြတယ်။ အပြင်မှာ ချိန်းတယ် တကယ့် ကောင်မလေးပါဘဲ။ သူက ဘယ် တည်းခိုခန်းမှာ ဘယ်လိုဆို ဘယ်လောက် စိတ်ကြိုက် ကြိုက်တာခိုင်း ဆိုဘယ်လောက်။ လူ ဘယ်နှစ်ယောက်ဆို ဘယ်လောက် ဆိုပြီး ဈေးတွေတောင် Online ကနေ ညှိ ခဲ့ဘူးတယ်။ တကယ် သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်က သွားပြီး စောင့်ကြည့်တယ်။ တကယ် ဟုတ်မဟုတ်။ တကယ်ပါဘဲ ကောင်မလေး တော်တော်ချောချော လေးပါဘဲ။ မထင်ရက်စရာပေါ့။ အသက် ၁၉ နှစ် ၂၀နှစ် ၀န်းကျင်လေးပါ။ တကယ်တော့ ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။ နောက်ပိုင်းတော့ သူ့အကောင့်ကို Block လိုက်ပါတယ်။ အသိ User တစ်ယောက်တော့ အွန်လိုင်းကနေတွေ့ပြီး တစ်ခါ အလုပ်ဖြစ်ခဲ့ဖူးတယ် ပြောပါတယ်။..... ဟု ပုဇွန်တောင်မြို့နယ်ရှိ Hero Cyber Cafe မှ ကိုအေးမင်းထွန်း က MMDailynews.com သို့ သူ့အတွေ့အကြုံများကို ပြောသည်။ အခြား အင်တာနက်ဆိုင်မှ ၀န်ထမ်း တစ်ဦးကလည်း "ဟုတ်ကဲ့ ခင်ဗျ ၊ ဂျီတော့မှာကို ဖော်ချွတ်ပုံတင်ပြီး တကယ်လိုက်တဲ့ အကောင့် ပိုင်ရှင်တွေ ရှိပါတယ် ။ ဆိုင်တွေမှာလည်း အဲ့သလို အကြောင်းကိစ္စတွေအတွက် အသုံးပြုနေတာတွေ အနည်းနဲ့ အများတော့ မြင်နေရပါတယ် ။ အွန်လိုင်းမှာပဲချိန်းပြီး ကားနဲ့ လာကြို သွားတဲ့အထိ တွေ့ ခဲ့ဖူးပါတယ်" ဟု သူမြင်တွေ့ ခဲ့ရသမျှ ပြောသည်။

အွန်လိုင်းမှ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဖေါက်သည်ရှာရန် အတွက် သီးခြား ပြင်ဆင်စရာ မလိုသည့် အပြင် ပြောဆို ညှိ့နှိုင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် မျက်နှာပူစရာ မလိုခြင်း၊ ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီး ခံရမည့် အရေး အတွက်လည်း ကျီးလန့်စာစား ဖြစ်စရာမလိုခြင်း၊ ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများက ရိပ်မိ သွားမည်ကိုပါ စိုးရိမ်စရာမလိုသည့် အခြေအနေများကြောင့် အွန်လိုင်းမှ ဖေါက်သည် ရှာခြင်း လုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လာကြခြင်း ဖြစ်သည်။

မြန်မာလူမျိုး မိဘများအနေဖြင့် သားသမီးများကို ခေတ်မှီ နည်းပညာများနှင့် ထိတွေ့ ရင်းနှီုးလာစေလိုသော သဘောဖြင့် အင်တာနက် အသုံးပြုမှုကို လွတ်လပ်စွာ ခွင့်ပြုထားကြ သော်လည်း ကျန်းမာရေး ရှုထောင့်အရ ကြည့်မည် ဆိုပါက လည်းကောင်း အကျင့် သိက္ခာပိုင်းအရ လည်းကောင်း ထိခိုက်နစ်နာမှုများ မဖြစ်လာစေရေး အတွက် သားသမီးတို့၏ အင်တာနက် အသုံးပြုမှုကို အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းသိမ်း စောင့်ရှောက် သွားရန်ပါ လိုအပ်လာပြီ ဖြစ်သည်။...


mmdailynews.com မှ ကူးယုဖော်ပြပါသည်။

နေ့စဉ် ကွန်ပျူတာ သုံးသူများ၏ မျက်စိကျန်းမာရေးအတွက်


ကွန်ပျူတာ ရှေ့မှာ တစ်နေ့တာရဲ့ အချိန်တွေ တော်တော်များများ ရှိနေတတ်တဲ့ သူတွေ အားလုံးအတွက် ကွန်ပျူတာ အသုံးပြုရင်း မျက်စိကို ထိန်းသိမ်း စောင့်ရှောက်နည်းတွေ ဖော်ပြ ပေးလိုက်ပါတယ်။

ကွန်ပျူတာနဲ့ တစ်ချိန်လုံး နားပန်းလုံးနေတတ်တဲ့ အွန်လိုင်းပျော် စာဖတ်ပရိသတ်များ အားလုံးအတွက် ရည်ရွယ်ပါတယ်။

အာရုံငါးပါးထဲမှာ အမြင်အာရုံဟာ ပျောက်ဆုံး ထိခိုက်သွားလို့ မဖြစ်ဆုံး အာရုံ ဖြစ်လို့ ဂရုတစိုက် မပျင်းမရိ ထိန်းသိမ်း သွားသင့်ပါတယ်။ ဒီအတွက် လိုက်နာသင့်တဲ့ အချက်များကတော့ …………….

(၁) အနေအထား မှန်ပါစေ
မော်နီတာနဲ့ သင့်ရဲ့ မျက်လုံးကြားက နေရာ အထားအသိုဟာ မျက်စိကျန်းမာရေး အတွက် မထိခိုက်အောင် ထားဖို့ဟာ အရေးကြီးဆုံး လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံး အနေအထားကတော့ ရေပြင်ညီ တိုင်းကြည့်ရင် မော်နီတာရဲ့ မျက်နှာပြင်ဟာ သင့်မျက်စိအောက် တစ်ထွာလောက် အောက်နိမ့်နေသင့် ပါတယ်။

(တီဗွီ၊ ကွန်ပျူတာ စတဲ့ အလင်းထုတ်လွှတ်တဲ့ ပစ္စည်းများရဲ့ အလင်းပြင်းအားဟာ အောက်ဖက်ကို ပိုပြင်းထန်စွာ သက်ရောက်လို့ ၄င်းပစ္စည်းများကို အပြင်မှာ တင်ကာ ကြည့်ခြင်းကို လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြား တိုင်းပြည်တွေက အိမ်တွေမှာ တီဗွီကို ဘယ်အမြင့်မှာ ထားသလဲ မျက်စိထဲ ပြန်မြင်ယောင်ကြည့်ပါ။ လူအများကြည့်ဖို့ ထားတဲ့ အရက်ဘားလိုနေရာက တီဗွီတွေကလွဲလို့ အားလုံး ကြမ်းပြင်အထက် ၂ပေခွဲ ၃ ပေလောက် အမြင့်မှာပဲ ထားတာ မြင်ယောင်ကြည့်ပါ)

မျက်လုံးနဲ့ စကရင်ကြား အကွာအဝေးက ၂ ပေ ခွဲ အနည်းဆုံး ရှိသင့်ပါတယ်။ ဒါဟာ မျက်စိကျန်းမာရေး အတွက် စံအကွာအဝေး ဖြစ်ပါတယ်။ ဒီအကွာအဝေးထက် ပိုနီးရင် သင့်ရဲ့ မျက်လုံးထဲက အင်မတန် နူးညံ့တဲ့ Retina ခေါ် မြင်လွှာကလေးက မော်နီတာက ထွက်တဲ့ ရောင်ခြည်အလင်းများရဲ့ ပြင်းအားကို အဆမတန် ခံစားရမှာ ဖြစ်လို့ အရွယ်မတိုင်မီ ပါဝါတက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အကြောတက်ခြင်းတွေ ပိုမို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် ကွန်ပျူတာ ရှေ့မှာ တစ်နေ့ကို ၅ နာရီနဲ့ အထက် ပိုထိုင်သူများဟာ ကွန်ပျူတာနဲ့ နီးကပ်လေလေ ကွန်ပျူတာက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက် စက်ကွင်းရဲ့ ဒဏ်ကို ပိုခံစားရလို့ အိပ်မပျော်တဲ့ ဝေဒနာ ပိုခံစားရလေလေ ဖြစ်ပါတယ်။ အထူးသဖြင့် မော်နီတာက LCD မဟုတ်ဘဲ CRT ဆို ထုတ်လွှတ်တဲ့ လျှပ်စစ်စက်ကွင်း ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ဒီလို ပြဿနာတွေ တတ်နိုင်သမျှ လျော့နည်းရအောင် သင့်ကွန်ပျူတာကို ဒီနေ့ကစပြီး စံအကွာအဝေးမှာ ရှိမရှိ စစ်ဆေးပြီး မရှိရင် ရွှေ့ပါ။

(၂) သင့်မော်နီတာရဲ့ အလင်းရောင်ကို အနည်းဆုံး လျှော့ချပါ
တစ်ဆင့်ချင်း လျှော့ချတဲ့ နည်းကို သုံးနိုင်ပါတယ်။ ဒီလို လျှော့ချလိုက်တဲ့ ခဏမှာတော့ ကြည့်ရတာ အားမရသလို တစ်ခုခု လိုနေသလို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့ အမျှ မသိသာတော့ပါဘူး။ ဒီအခါမှာ ထပ်မံလျှော့ချပေးပါ။ သင်မြင်ရတဲ့ အနည်းဆုံး အလင်းရောင်၊ အရောင်ပြင်းအားလောက် ရောက်တဲ့အထိ လျှော့ချပေးပါ။ မှောင်မိုက်နေတဲ့ အခန်းထဲမှာ ကွန်ပျူတာ သုံးခြင်း ရှောင်ကြဉ်ပါ။ သင့်နံဘေးမှာ အလင်းရောင် အတန်ငယ် ရှိနေပါစေ။ ရာသက်ပန် သုံးရမယ့် သင့်မျက်လုံးကို ဒီလောက်တော့ ညှာတာ လိုက်ပါ။
ပိုက်ဆံ အကုန်ခံနိုင်မယ် ဆိုရင်တော့ သင်ကွန်ပျူတာ သုံးနေစဉ် အတွင်း တပ်ဖို့ အလင်းပြန်မှု ကာကွယ်သော မှန်ဘီလူး (Anti-reflective Lens) နဲ့ လုပ်ထားတဲ့ မျက်မှန်ကို ၀ယ်ယူ တပ်ဆင်သင့်ပါတယ်။ မျက်မှန်ကို ပါဝါနဲ့ တတ်သူတွေလည်း ကွန်ပျူတာ သုံးနေကျ ဆိုရင် မျက်မှန်လုပ်ရင် Anti-reflective Lens လို့ မေးပြီး လုပ်လို့ ရပါတယ်။

(၃) မိနစ် ၂၀၊ ပေ၂၀၊ အခါ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာကို ဆက်တိုက် အသုံးပြု တော့မယ် ဆိုရင် အသုံးပြုလို့ မိနစ် ၂၀ လောက် ရှိရင် ခေါင်းကို ခဏ ဘေးဘက်လှည့်ပြီး ပေ ၂၀ အကွာက အရာဝတ္ထု တစ်ခုကို ကြည့်ပေးပါ။

အခါ ၂၀ လောက် မျက်တောင် ဖွင့်လိုက်ပိတ်လိုက် လုပ်ပေးခြင်းဖြင့် မျက်ဝန်း စိုစွတ်မှုကို ပြန်လည် ထိန်းသိမ်းပါ။

ခြေလှမ်း ၂၀ လောက် ထလျှောက်ပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်အောင် လုပ်ပေးပါ။ ကွန်ပျူတာ နေ့စဉ်အသုံးပြုသူတွေ အားလုံး လိပ်ခေါင်းဖြစ်ဖို့ အရမ်းနီးစပ်တာမို့ သွေးလှည့်ပတ်မှု ကောင်းအောင် နေထိုင်ဖို့ သတိပြုပါ။

(၄) မျက်စဉ်းခတ်ပေးပါ
ပုံမှန်အခြေအနေမှာ လူတစ်ယောက်ဟာ တစ်မိနစ်မှာ ၁၂-၁၄ ကြိမ်လောက် မျက်တောင်ခတ်ပေမယ့် ကွန်ပျူတာ ပေါ်မှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်နေတဲ့ အချိန်မှာ တစ်မိနစ်ကို ၅-၆ ကြိမ်လောက်ပဲ မျက်တောင် ခတ်ဖြစ်တာ သင်သတိထားကြည့်ရင် သိမှာပါ။ ဒါဆိုရင် မျက်စိ ခြောက်သွေ့တာ ဖြစ်လာမှာ သေချာပါတယ်။ 

ပန်ကာနားမှာ နေပြီး လုပ်ရင် ပိုတောင် ဆိုးပါတယ်။ ဒီအတွက် မျက်စဉ်းတစ်ခုခု ဆောင်ထားသင့်ပြီး မျက်စိထဲက ခုလုခုလု ဖြစ်တယ်လို့ ခံစားရတိုင်း မျက်သား ခြောက်နေပြီ ဖြစ်လို့ မျက်စဉ်းလေး ခတ်ပေးပါ။

(၅) လွယ်ကူသော မျက်စိ အနားပေး နှိပ်နယ်ခြင်း
ကွန်ပျူတာရှေ့မှာ အလုပ်တစ်ခု ပြီးသွားတိုင်း ခါးဆန့်ဆန့် ထိုင်ကာ လက်ဖ၀ါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပါ။ နွေးနေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ မျက်စိကို အုပ်မိုးကာ မိနစ်ဝက်လောက် နေပေးပါ။ အံ့သြစရာ ကောင်းလောက်အောင် မျက်လုံးထဲက ပင်ပန်းနွမ်းနယ်မှုတွေ လျော့ပါးသွားတာ တွေ့ရပါမယ်။

(၆) အမြင်အာရုံအားပေးသော အစားအသောက်များ စားပေးပါ

မျက်လုံးအတွက် အများဆုံး လိုအပ်တဲ့ အာဟာရက ဗိုက်တာမင်အေ ဖြစ်ပြီး ဗိုက်တာမင်အေ ကြွယ်ဝတဲ့ အစားအသောက်တွေက အနီရောင်၊ အ၀ါရောင်၊ အစိမ်းရင့်ရောင် ပါတဲ့ အသီးအနှံများ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ သင်္ဘောသီးနဲ့ ငါးကြီးဆီ တွေက မျက်စိအတွက် အကောင်းဆုံး ဓာတ်စာများလို့ ဆိုပါတယ်။

32bit နဲ့ 64bit ခွဲနည်း

ဒါက မူရင်း
Windows Vista
Method 1
  1. Click Start, then click on Run or Start Search.
  2. Type msinfo32.exe and then press Enter key.
  3. In “System Information”, review the value for the System Type item:
    • For 32-bit editions of Windows, the value of the System Type item is x86-based PC.
    • For 64-bit editions of Windows, the value of the System Type item is x64-based PC.
Method 2
  1. Click Start, type system in the “Start Search” box, and then click system in the “Programs” list.
  2. The operating system appears as follows:
    • For a 64-bit version operating system: 64-bit Operating System appears for the “System type” under “System”.
    • For a 32-bit version operating system: 32-bit Operating System appears for the “System type” under “System”.
Method 3
  1. Click Start, type system in the “Start Search” box, and then click System Information in the “Programs” list.
  2. The operating system appears as follows:
    • For a 64-bit version operating system: x64-based PC appears for the “System type” under “Item”.
    • For a 32-bit version operating system: x86-based PC appears for the “System type” under “Item”.
Microsoft Windows XP Professional
Method 1
  1. Click Start, then click on Run or Start Search.
  2. Type msinfo32.exe and then press Enter key.
  3. In “System Information”, review the value for the System Type item:
    • For 32-bit editions of Windows, the value of the System Type item is x86-based PC.
    • For 64-bit editions of Windows, the value of the System Type item is x64-based PC.
Method 2
  1. Click Start, click Run, type sysdm.cpl, and then click OK.
  2. Click the General tab. The operating system appears as follows:
    • For a 64-bit version operating system: Microsoft Windows XP Professional x64 Edition Version <Year> appears under System.
    • For a 32-bit version operating system: Microsoft Windows XP Professional Version <Year> appears under System.
    Note <Year> is a placeholder for a year.
Method 3
  1. Click Start, click Run, type winmsd.exe, and then click OK.
  2. In the details pane, locate Processor under Item. Note the value.
    • If the value that corresponds to Processor starts with x86, the computer is running a 32-bit version of the Windows operating system.
    • If the value that corresponds to Processor starts with ia64 or AMD64, the computer is running a 64-bit version of the Windows operating system.
Microsoft Windows Server 2003
Method 1
  1. Click Start, click Run, type sysdm.cpl, and then click OK.
  2. Click the General tab. The operating system appears as follows:
    • For a 64-bit version operating system: Microsoft Windows Server 2003 Enterprise x64 Edition appears under System.
    • For a 32-bit version operating system: Microsoft Windows Server 2003 Enterprise Edition appears under System.
Method 2
  1. Click Start, click Run, type winmsd.exe, and then click OK.
  2. In the details pane, locate Processor under Item. Note the value.
    • If the value that corresponds to Processor starts with x86, the computer is running a 32-bit version of the Windows operating system.
    • If the value that corresponds to Processor starts with EM64T or ia64, the computer is running a 64-bit version of the Windows operating system. 
မရှင်းမှာစိုးလို့ ပြန်ရှင်းပေးမယ်နော်။ 
Start ကိုဖွင့်ပြီး Run ထဲမှာ msinfo32.exe ကို ရိုက်ထည့်ပေးလိုက်ပါ။
ဒါမှမဟုတ် Start>all program>Accessories>system tools>system information ကိုသွားလိုက်ပါ။
system infomation ဘောက်လေးပွင့်လာပါလိမ့်မယ်။
system typeဆိုတာကို ရှာကြည့်ပါ။
x86-based PC ဆိုရင် 32-bit
x64-based PC ဆိုရင် 64-bit 
ဖြစ်ပါသည်။



avast! Internet Security 5.0.677

Avast!.Internet.Security.5.0.677.Final.rar,49.14 MB

Sony Photo Go v1.0b Build 123


Sony ကုမ္မဏီကထုတ်လုပ်တဲ့ဆော့လ်ဝဲလ်ပါ။ဒစ်ဂျစ်တယ်ကင်မရာတွေနဲ့ ရိုက်ထားတဲ့
ဓာတ်ပုံတွေကိုအထိရောက်ဆုံးပြုပြင်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ကောင်းမကောင်း
စမ်းသုံးကြည့်ပါဦး။

Aneesoft Flash Gallery Classic v2.0.0



မိတ်ဆွေတို့ ရဲ့ဓာတ်ပုံလေးတွေကို Flash ဖိုင်အလန်းလေးတွေနဲ့ ဖန်တီးတဲ့
ဆော့လ်ဝဲလ်လေးပါ။
အဆင်ပြေကြပါစေ။

သွေးပန်းချီ

သွေးစက်နဲ့ ဆေးမှင်ခြယ်
အချစ်တွေ မှီရာက မင်းမြင်အောင်ပြခဲ့မယ်။
ချစ်ပန်းချီ.ပြခန်းမှာ ငါ့အသဲတွေလေလံတင်ရင်
ကြမ်းခင်းဈေး ပျောက်ကုန်လိုက်မယ်ချစ်သူ။
စုတ်ချက်တွေ ကြမ်းကြမ်းကြားမှာ
ငါ့သစ္စာတွေ ယိုစီးကြပါစေ လှပအောင်
ဆေးခြယ်သွားဖို့.မင်းသိနေပေးပါချစ်သူ။
အတိတ်မေ့ရောဂါသည် ဖြစ်စေအုံး
ငါ့နှလုံးသား သွေးပန်းချီမှာ
မင်းပုံရိပ်တွေ တရိပ်ရိပ် တက်နေအုံးမှာ
သေချာတယ် ချစ်သူ။
ညအမှောင် လရောင်ပျောက်စေ
မင်းရှိနေတဲ့ နေရာကို ငါ့ခန့်မှန်း
စိတ်ချင်းဆက်လာပါ့မယ်
မင်းမျှော်ကာ စောင့်မယ်ဆိုရင်
သွေးပန်းချီ လက်ဆောင်ပေးချင်တယ်ချစ်သူ။

ဧကရီ(1am,23.9.2010)