Monday, September 27, 2010

ApusSoft Power Video Converter v2.2.27 Portable

ApusSoft Power Video Converter v2.2.27 Portable | 7.78 MB
ကိုယ်ရဲ့ဗီဒီယိုဖိုင်လေးကို တခြားformat တစ်ခုခုကိုပြောင်းချင်သူများအတွက်။
ပြောင်းလို့ရတဲ့ formatတွေက
AVI, Divx, xvid, MPEG1, MPEG2, MPEG4, iPod, iPhone, PSP, 3GP, DVB, MOV, FLV, ASF, WMV, VOB, DAT

ဒေါင်းရန်
 Fileserve

Hotfile

Media Convert Master 10.0.2.36 Portable


ဒီဆော့ဝဲလေးက ကိုယ်ရဲ့ video,audio များကို တခြား format သူများအတွက်ဖြစ်ပါတယ်။
ပြောင်းလို့ရတဲ့ format တွေက  AVI, MP4, 3GP, MPEG, MOV, WMV, BM, SWF, 
AAC, AC3, MP2, MP3, AMR, WAV, VOB and ASF

ဒေါင်းရန်
Hotfile
Fileserve

၂၀၁၀ အာရှ ဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဖလား ချန်ပီယံ ရတနာပုံ (ရတနာပုံ ၁-၀ ဒိုဒိုင်းဘစ်ကက်)


ရတနာပုံ အသင်းသည် သမိုင်းဝင် အောင်ပွဲအဖြစ် ယနေ့ညနေ ၃နာရီခွဲအချိန်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ နှစ်ကြိမ်ဆက် ချန်ပီယံ Dordoi Bishkek ကို အချိန်ပိုအထိ  ယဉ်ပြိုင်ပြီး  ၁-၀ ဖြင့် ထိုက်ထိုက် အနိုင်ရခဲ့ပြီးနောက် ၂၀၁၀ အာရှဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဖလားကြီးကို ဆွတ်ခူး နိုင်ခဲ့သည်။ ပရိသတ်ပေါင်း ၃၃၀၀၀ ဆန့်သည့် ဘောလုံးကွင်းကြီးထဲသို့ ရန်ကုန်နှင့် မန္တလေးမြို့တို့မှ ပရိသတ်ပေါင်း ၂၃၇၁၀ ဦးလာရောက် ကြည့်ရှု အားပေးခဲ့သည်။ 
နှစ်သင်းစလုံးမှာ အများအားဖြင့် သန့်ရှင်း မျှတစွာဖြင့် ရှင်ပြိုင်ခဲ့ကြပြီး မြန်မာပြည်၌ ဖရော်ဖက်ရှင်နယ်လ် လိဂ်အဖြစ် ပြောင်းလဲပြီး တစ်နှစ်ကျော်အတွင်း အာရှအဆင့် အောင်မြင်မှု တစ်ခု ရရှိခဲ့ခြင်းခြင်းလည်း ဖြစ်သည်။ မိနစ်ကိုးဆယ်အထိ တစ်ဖက်ကို တစ်ဖက် ထိရောက်သော ခြိမ်းခြောက်နိုင်ခြင်း မပြုလုပ်နိုင်ခဲ့ဘဲ ကွင်းလယ် ကစားကွင်ဖြင့်သာ အချိန်ကုန်နေသော်လည်း ပွဲချိန် ၉၆ မိနစ်တွင်မူ ထောင့်ကန်ဘောမှ ကန်တင်ပေးလိုက်သည့် ဘောလုံးကို ကိုနေးက သွင်းယူခဲ့ပြီး ပွဲကို ဆက်လက်ထိန်း ကစားခဲ့ပြီး ပွဲချိန်ကုန်ဆုံး ချိန်၌  အာရှအဆင့်တွင် မည့်သည့် ပြိုင်ပွဲတွင်မှ အနိုင်မရတော့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သော မြန်မာ့ဘောလုံးလောက ကို တစ်ခေတ် ဆန်းသစ် စေခဲ့သည်။ 
ရတနာပုံ အက်ဖ်စီက အနိုင်ရခဲ့သည့် အသင်းမှာလည်း နှစ်ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့ရုံသာမက ယခင် ဆိုဗီယက်စ် နိုင်ငံမှ ခွဲထွက်လာသော ကိုင်ဂျစ်စတန် (Kyrgyzstan) လိဂ် ချန်ပီယံ အသင်းကို အောင်မြင်ခဲ့ခြင်း ဖြစ်သဖြင့်လည်း ပိုမို ဂုဏ်ယူဖွယ် ဖြစ်ခဲ့သည်။ ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ရာ အာရှဘောလုံး အဖွဲ့ချူပ် ၏ ဆုပေးရန် ရွေးချယ်မှုမှာ မေးခွန်းထုတ်စရာ အခြေအနေများ ရှိခဲ့သည်။

မြန်မာ အသင်းအနေဖြင့် ချန်ပီယံ ဆုဖလားမှ အပ မည်သည့် ဆုမျှ ထပ်မံ မရရှိခဲ့ခြင်းကို အငြင်းမပွါးလိုသော်လည်း ကွင်းအတွင်း ဒိုင်လူကြီးကို လက်ညိုးထိုး ဝေန်ခဲ့သူများပြားခဲ့ပြီး စည်းကမ်းမဲ့သည့် အပြုအမူများ တစ်ကြိမ်ထက်မက ကျူးလွန်ခဲ့သည့် ဒိုဒိုင်း အသင်းကို အသန့်ရှင်းဆုံး ကစားသမား ဆု ချီးမြှင့်ခဲ့ခြင်းနှင့် မည်သည့် စွမ်းဆောင်မှုမျှ မရှိခဲ့သည့် ဒိုဒိုင်းအသင်းတိုက်စစ်မှူးကို ပွဲစဉ်တစ်လျောက်လုံး အကောင်းဆုံးဆု ချီးမြှင့်ခဲ့ခြင်းတို့မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။ 
ပွဲကို ကိုယ်တိုင် ကြည့်ရှုရသူ ပရိသတ်များ အနေဖြင့်မူ ယနေ့ညပွဲတွင် ရတနာပုံအသင်း၏ သမိုင်းဝင် နိုင်ပွဲအတွက် အနိုင်ဂိုးသွင်းယူပေနိုင်ခဲ့ရုံမက ဖိုင်နယ် တက်ခွင့်အတွက် အရေးကြီးလှသည့် ယခင်ပွဲစဉ်က ရန်ပိုင် ဂိုးသွင်းယူနိုင်ရန်လည်း ဖန်တီးပေးနိုင်ခဲ့သူ ကိုနေးမှာ အကောင်းတကာ့ အကောင်းဆုံး ကစားသမားပင် ဖြစ်ပေလိမ့်မည်။

မြန်မာပြည် ပရော်ဖက်ရှင်နယ်လ် ဘောလုံးအသင်းများထဲတွင်လည်း ရတနာပုံ အက်ဖ်စီအသင်းမှာ ပထမဦးဆုံးသော အာရှအဆင့် ပြိုင်ပွဲတွင် အောင်မြင်သည့် အသင်းတစ်သင်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သိုက်ကြိုးဖြတ်ပေးမည်ဟု ဆိုကာ ဟိုတယ်လ်သို့ ခေါ်သွားပြီး စကတ်ကြိုးဖြတ်မိလို့ ထောင်ထဲရောက်သွားတဲ့ ဗေဒင်ဆရာ


 

မြန်မာလူမျိုး အချို့မှာ သိုက်၊ စုန်း နတ်တို့ကို ယုံကြည်သည့် အစွဲရှိနေကြသည်ကို အခွင့်ကောင်း ယူလျက် လိမ်လည် လှည့်ဖျားသူများ မကြာခဏ ပေါ်ပေါ်လေ့ရှိသည်မှာ ကြားနေကြ သတင်းဆိုး တစ်ခုလည်းဖြစ်သည်။ ယခုလည်း ဗေဒင်ဆရာ အယောင်ဆောင် ပုဂ္ဂိုလ်တစ်ဦးက သိုက်ကြိုးဖြတ်ပေးမည်ဟု ဆိုကာ ဟိုတယ်လ်ခေါ်သွားရာမှ စကတ်ကြိုးဖြတ်သဖြင့် ထောင်ထဲရောက်ခဲ့ရသူ ဗေဒင်ဆရာတစ်ဦး ပေါ်ပေါက်ခဲ့သည်။ သိုက်ဆက် ရှိသည် ဟု ပြောဆိုလိုက်ကတည်းက တစ်ဖက်သားမှာ ကြောက်လန့်တကြားဖြစ်ကြရသည်။ ပိုဆိုးသည်က မကြာခင် ခင်ဗျားကို သိုက်က ခေါ်တော့မယ်။ ဒါဟာ မလွဲဧကန်ဖြစ်လို့ မိဘ မောင်နှမတွေနဲ့ သေကွဲ ကွဲလိမ့်မယ် ဟု တိုက်ရိုက် ဟောချလိုက်မည် ဆိုပါက အခက်တွေ့သဖြင့် ဗေဒင်ဆရာထံ လာရောက်သူနှင့် စိတ်အားငယ်တတ်သော မိသားစုဝင်များ နေစရာမရှိအောင် ဖြစ်သွားတတ်ပြီး ဆရာရယ် ဒါဆို ဘယ်လိုများ လုပ်ရပါ့မလဲဟင် ဟု အားကိုးတစ်ကြီးမေးတတ်ကြလေသည်။ ထိုအခြေအနေမှာ လိမ်လည် လှည့်ဖျားလိုသူတို့အတွက် အကွက်ကောင်းပင် မဟုတ်ပါလော...

လိမ်လည် လှည့်ဖျားသူတို့က ငွေ၊ ရွှေ များပင် မကာ မိန်းမသား ဘ၀ကိုပင် ရယူတတ်ကြသည်မှာလည်း...

၁၆.၈.၂၀၁၀ နေ့ က ကွဲပွဲမြို့၊ ..... ရက်ကွက်.... လမ်းနေ မ... သည် နေအိမ်၌ ရှိနေစဉ် မိခင်ဒေါ်..... ၃၀ နှစ် နှင့် ခင်မင်ရင်းနှီးသော အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ ၁ ရပ်ကွက်တွင် နေထိုင်သော ဗေဒင်ဆရာ ခင်မောင်မြင့် (ခ)သော်ထူးဇင် (၄၂-နှစ် ) တို့အတူ ရောက်လာပြီး မ... အား သိုက်ကြိုး ဖြတ်ပေးရမည် ဖြစ်၍ တောင်ငူရွှေဆံတော် ဘုရားသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း မိခင်ထံမှ ခွင့်တောင်းပြီး ခေါ်ဆောင်သွားခဲ့သည်ဆို၏။


ဖြစ်စဉ်


၁၆.၈.၂၀၁၀ နေ့ က ကွဲပွဲမြို့၊ ..... ရက်ကွက်.... လမ်းနေ မ... သည် နေအိမ်၌ ရှိနေစဉ် မိခင်ဒေါ်..... ၃၀ နှစ် နှင့် ခင်မင်ရင်းနှီးသော အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ ၁ ရပ်ကွက်တွင် နေထိုင်သော ဗေဒင်ဆရာ ခင်မောင်မြင့် (ခ)သော်ထူးဇင် (၄၂-နှစ် ) တို့အတူ ရောက်လာပြီး မ... အား သိုက်ကြိုးဖြတ်ပေးရမည်ဖြစ်၍ တောင်ငူရွှေဆံတော် ဘုရားသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း မိခင်ထံမှ ခွင့်တောင်းပြီး ခေါ်ဆောင်သွားခဲ့သည်ဆို၏။

သို့သော် တောင်ငူမြို့၊ မင်းညိုကြီးရပ်ကွက်ရှိ ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားပြီး ဟိုတယ်လ်အခန်းအရောက် ခင်မောင်မြင့် (ခ) သော်ထူးဇင် မှာ မ... အား ကုတင်ပေါ်သို့ တွန်းလှဲပြီး စကတ်ကြိုးဖြတ်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံ့စည်ခဲ့သည်။ မ.... မှာ အကြပ်အတည်းမှ လွတ်မြောက်စေရန်အတွက် မာယာသုံးပြီး ခေါက်ဆွဲကြော် စားချင်တယ် ဟုဆိုလိုက်ရာ ခင်မောင်မြင့် (ခ) သော်ထူးဇင်က အဟုတ်မှတ်ပြီး ခေါက်ဆွဲကြော်ထွက်ဝယ်ပေးသည် ဆို၏ ခင်မောင်မြင့် (ခ)သော်ထူးဇင် ပြန်ရောက်လာသော အခါ မ.... က ခေါက်ဆွဲကြော် မစားချင်တော့ဘူး ဘုရားဖူးချင်တယ် ဟုဆိုရာ ခင်မောင်မြင့် (ခ) သော်ထူးဇင်က တောင်ငူရွှေဆံတော် ဘုရားသို့ ဘုရားဖူး လိုက်ပို့ပေးသည်ဆို၏။

ဘုရားဖူးမှ ပြန်လာပြီး ဟိုတယ်လ်သို့ ပြန်ရောက်သောအခါ ခင်မောင်မြင့် (ခ) သော်ဇင်ထူးက သားမယားအဖြစ် ပြုကျင့်ရန် ထပ်မံကြိုးစားသဖြင့်  မ... က မာယာသုံးပြီး ရေသောက်ချင်တယ်ဟု ထပ်မံ တောင်းဆိုရာ ခင်မောင်မြင့် (ခ) သော်ထူးဇင် က ရေသွားခပ်ပေးစဉ် မ... မှာ အခန်းထဲမှ ထွက်ပြေးလျက် ဟိုတယ်လ် ထမင်းစားခန်းအတွင်း သွားရောက်ပုံးအောင်းနေခဲ့စဉ် ဟိုတယ်လ် ၀န်ထမ်းတစ်ဦးက တွေ့ပြီး အခြား အခန်းတစ်ခန်း၌ သွားအိပ်ရန် ပြောကြားခဲ့ပြီး အိပ်ခွင့်ပေးခဲ့သည်ဆို၏။

နံနက် ညနေ ၅ နာရီ အချိန်ခန့်တွင် မ... မှာ ဟိုတယ်လ်မှ ထွက်ပြီး ကားလမ်းပေါ်တွင် လျောက်သွားနေစဉ် လမ်းထိပ်၌ ကွမ်းယာရောင်းချနေသော ကွမ်းယာသည် အဒေါ်ကြီးထံ မိမိကြုံတွေ့နေရသည့် အခက်အခဲများကို ပြောပြပြီးအကူအညီတောင်းခဲ့ရာ မင်းညိုကြီးရပ်ကွက် ရယက ရုံးသို့ လိုက်ပို့ပေးခဲ့သည်။ ရပ်ကွက်ရုံးသို့ ရောက်နေစဉ် ညောင်ခြေထောက်မြို့တွင် နေထိုင်သော ဗေဒင်ဆရာ စန်းမြင့်ထွန်း (ခ) နိုင်အောင်ရဲ (၃၀-နှစ်)၊ ဗေဒင်ဆရာ ခင်မောင်ဌေး (ခ) ယမင်းပိုက်၊ အိုဖိုကျေးရွာ၊ အုတ်တွင်းမြို့နေ မြင့်ဦး ဆိုသူတို့ လိုက်လာပြီး မ.... အား ကျွဲပွဲမြို့ နေအိမ်သို့ လိုက်ပို့ပေးမည် ဖြစ်ကြောင်း ခေါ်ယူ၍ မ.... က မလိုက်ဘူး ဟုပြောခဲ့ရာ စန်းမြင့်ထွန်း (ခ) နိုင်အောင်ရဲ က မလိုက်ရင် သတ်ပစ်မယ် ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည် ဆို၏။


အရေးယူခြင်း
အထက်ပါ ဖြစ်စဉ်အရပ်ရပ်အတွက် သိုက်ကြိုးဖြတ်ပေးမည်ဟု လိမ်ညာခေါ်ဆောင်လျက် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားအားထုတ်ခဲ့သူ ဗေဒင်ဆရာ ခင်မောင်မြင့် (ခ) သော်ထူးဇင် နှင့် သတ်ပစ်မည်ဟု ခြိမ်းခြောက်သူ စန်းမြင့်ထွန်း (ခ) နိုင်အောင်ရဲ တို့ကို တရားဥပဒေနှင့်အညီ အရေးယူပေးပါရန် မ... က တောင်ငူမြို့နယ် အမှတ် ၁ ရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲခန်းက (မ)၃၈၉၊ ၂၀၀၉ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁/၅၀၆ တို့အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့သည်။

အမှုစစ် အရာရှိအဖြစ် ဒု-ရဲအုပ် သက်နိုင်ဝင်းက စစ်ဆေးခဲ့ပြီးနောက် တရားခံ ခင်မောင်မြင့် (ခ) သော်ထူးဇင် အား တရားစွဲတင်ပို့ခဲ့ရာ တောင်ငူမြို့နယ် တရားသူကြီးက အမှုကို ကြားနာစစ်ဆေးခဲ့ပြီး ပြစ်မှု ကျူးလွန်ကြောင်း စစ်ဆေးချက်များအရ ပေါ်ပေါက်သဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ကျခံစေရန်  အမိန့်ချမှတ်လိုက်ကြောင်း မောင်ဆွေ တောင်ငူ၏ ယနေ့ထုတ် မှုခင်းသတင်း ဂျာနယ်လ် အရ သိရသည်။

လန်ဒန်က စက်ဘီးပြိုင်ပွဲလေးနော်

12/06/2010 နေ့ 15:30 အချိန်မှာ စခဲ့တဲ့ပြိုင်ပွဲလေးပေါ့။ပုံလေးတွေကြည့်လိုက်နော်။
(မိန်းကလေးများ မမြင်ချင် မကြည့်နဲ့နော်။ကြိုတောင်းပန်ပါတယ်။
ရိုင်းစိုင်းတဲ့သဘောမပါပါဘူး။ထူးထူးဆန်းဆန်းလေးမို့လို့တင်ပေးလိုက်တာပါ။
The annual World Naked Bike Ride took place on the streets of London. It started from Hyde Park at 15:30, passing some of London's famous landmarks, and finishing at The Tower of London. London, UK. 12/06/2010။


ဒါကအမြင်တော်တော်ဆိုးရွားတဲ့ပုံတွေမို့လို့ လင့်တွေဘဲ ထည့်ပေးလိုက်ပါတယ်။(မိန်းကလေးများမကြည့်သင့်ပါ)။စုံအောင်ထည့်ပေးချင်ဖြစ်ပါသည်။
တမျိုးမထင်ပါနဲ့။
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355105.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355109.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355112.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355117.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355116.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355115.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355119.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355127.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355130.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355132.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355147.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355281.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355287.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355105.jpg
http://www.demotix.com/sites/default/files/imagecache/large_610x456_scaled/photos/355102.jpg

လန်ဒန်က မျောက်ဝံအပြေးပြိုင်ပွဲကြီး


မနေ့က လန်ဒန်မှာ လူပေါင်း(၆၀၀)ခန့် မျောက်ဝံအသွင် ၀တ်စုံများဖြင့် ပြေးလွှားနေခဲ့ကြသည်မှာ မျောက်အုပ်ကြီးတစ်အုပ်နှယ် အမြင်မှားစရာပါ။

သူတို့မှာ Great Gorilla Organization (GGO)ဟူသည့် မျိုးတုန်းမည့်အန္တရာယ် ရှိနေကြသော ပရိုင်းမိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရံပုံငွေအတွက် အပြေးပြိုင်ပွဲတစ်ခု သိမ်းမြစ်ကမ်းတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ အပြေးပြိုင်ပွဲတွင် လူပေါင်း(၇၀၀)၀န်းကျင် ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဤဦးရေမှာ ကမ္ဘာတစ်ဝှမ်းရှိ တောတောင်များတွင် လက်ရှိအချိန်ထိ ကျန်ရှိနေသော တောင်မြင့်နေဂေါ်ရီလာမျောက်ဝံများ၏ အရေအတွက်ပင်ဖြစ်သည်ဟု သိရသည်။

ပရိုင်းမိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သော ရုပ်သံတင်ဆက်သူ ဘီလ်အော့ဒယ်လ်က (၄.၃)မိုင်ခရီးရှိ မျောက်ဝံများအပြေးပြိုင်ပွဲကြီး စတင်ရန်အတွက် သေနတ်ဖောက်ခဲ့သည်။ ဤအပြေးပြိုင်ပွဲ ကျင်းပလာသည်မှာ ယခုအခါ ခုနစ်ကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရှိရသည်။

"မျောက်ဝံမျိုးစိတ် (၄)မျိုးရှိပြီးတော့ လေးမျိုးစလုံးဟာ မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီမျောက်မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်"
ဟု အော့ဒယ်လ်က ပြောကြားသွားခဲ့သည်။

အပြေးပြိုင်ပွဲမှာ မင်စတာတရားရုံးရှေ့မှ စတင်ပြီး မြို့ထဲမှတစ်ဆင့် မျှော်စင်တံတားကိုဖြတ်ကာ တိတ်မော်ဒန်တွင် အဆုံးသတ်ခဲ့သည်။

GGO အဖွဲ့အစည်းမှာ ၀တ်စုံများရောင်းချရာမှ ရံပုံငွေ ပေါင်(၁၅၀၀၀၀) ရရှိခဲ့ကြပြီး နိုဝင်ဘာကုန်တွင် ပေါင်(၂၅၀၀၀၀)ထိ ရရှိနိုင်ရန် မျှော်လင့်ထားကြသည်။

Joboshare Video Converter 2.8.2.0925 Portable


Converter ဆော့ဝဲလေးပါ။format တော်တော်များများပြောင်းလို့ရပါတယ်။
ဒေါင်းရန်
Hotfile
Fileserve