Wednesday, September 29, 2010

VSO Image Resizer v4.0.1.5 Portable

VSO Image Resizer v4.0.1.5 Portable | 9.53 Mb 

မိမိရဲ့ ဓာတ်ပုံလေးတွေကို ဆိုဒ်အကြီးအသေး လိုသလောက် ပြန်ချိန်းပေးတဲ့ ဆော့ဝဲလေးပါ။
အသုံးလိုသူများ ဆွဲလိုက်အုံးနော်။

ဒေါင်းရန်

အနှိုင်းမဲ့သို့လွမ်းချင်း

ရနံ့တစ်ခုနဲ့ ခန်းစီးစကို လစ်လပ်သွားတဲ့
လိုက်ကာကနေ နင်ပျောက်သွားမှာ
ငါကြောက်နေခဲ့ပြီ။

ဆောင်းတွင်းတစ်ခုမှာနွေရှိလေမလား
သစ်ရွက်ခြောက်မြင်တိုင်း ဒါဟာနွေမဟုတ်တာ
သိခဲ့ရင်တော့ ငါ နင့်ကိုလွမ်းတာပိုသေချာတယ်။

နှလုံးသားက ယိုစီးလာတဲ့အသံတိုင်း
အလွမ်းတွေက ညနေတိုင်းမီးခိုးတစ်ခုလို အူနေတတ်ပြီ
ငါတစ်ယောက်ထဲ မပြုံးဖြစ်တာကြာခဲ့ပါပြီ.အဲဒါနင့် ကိုလွမ်းလို့ပဲ။

တကယ်ဆို နင် နဲ့ ငါဟာ
အမှောင်နဲ့ချထားတဲ့ ဒဏ်ရာတွေ နဲ့ သွေးချင်းချင်းနီနေတဲ့ငါ့ကို
ကရုဏာရှင်မျက်လုံးက ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဖေးမ ပေးခဲ့တဲ့

အနှိုင်းမဲ့ မီးအိမ်ရှင်လေးပါဟာ။


                                                                       ဧကရီ

ကဗျာဖြစ်ဖို့. စာဖွဲ့ခြင်း


************************************************************
ဟိုမှာဒီမှာ  ထိုထိုလူတွေ
တချို့ က ...ကိုယ့်စရိတ်နဲ့ မထပ်တာတွေတင်ဆက်ကြတယ်
တချို့ က...အတ္တတရားနဲ့ မိတ္တူပွားကြတယ်
တချို့ က ...အမှန်တရား ရှေ့ တန်းတင်လို့
တချို့ က...ပျားအုံကိုတုတ်နဲ့ထိုးသလိုတ၀ီဝီ အသံတွေနဲ့
ဒီကြားထဲ ဒီနေ့မှစိတ်ကူးတစ်ခုထရလာတယ်။
ဒီချိန်မှာ ကဗျာရေးရင်ကောင်းမလား။

****************************************************************
ရှေ့ ကဖြတ်သွားတဲ့  မယ်ဒီလေးတွေကိုကြည့် အလှဖွဲ့ရင်ကောင်းမလား
ဟိုနားဒီနား လာလာရှိုးတဲ့ ရွှေကိုယ်တော်လေးအကြောင်းစာစီရရင်ကောင်းမလား
ဟန်တလုံး မာန်တလုံးနဲ့ ကြွက်ကကြောင်ကို ပြန်ခုတ် အရှုံးနဲ့အနိုင်တွေ လုတဲ့
 ယမကာဆိုင်ထဲကလူမှူ့ ရေးအကြောင်းတင်ပြရရင်ကောင်းမလား။
အသည်းကွဲသီချင်းနားထောင် ဆွေးမြေ့မြေ့ ဝေဒနာပေါ်လာရင်တော့
ဒီချိန်မှာ ကဗျာရေးရင်ကောင်းမလား။

********************************************

လေလှိုင်းထက်က သံစဉ်တွေလိုက် ငါဒီနေ့
ဒီလိုအချိန် ကဗျာရေးရင်ကောင်းမလား
နည်းပညာ နဲ့ ဗဟုသုတတွေကြား မှာထင်တော့ထင်တယ်
ရောင်နန နဲ့ ငါ့ကဗျာပေါ့ :(
ထားတော့.ကိုယ်ပိုင်အတွေးလေးတော့ ထုတ်ကြည့်အုံးမှလေ.
နို့မို့ဆိုရင် ထိုထိုသူတွေ လာပြောသွားသလို ကော်ပီတွေချီးလဲ ဖြစ်သေးဘူးလေ
သေသေချာချာပြန်စဉ်းစားတော့ ဒါလည်း အတ္တ တစ်မျိုးပါပဲ။
ကဲ..ဘာပဲဖြစ်ဖြစ် ဒီချိန်မျိုးမှာ ကဗျာတစ်ပုဒ် ရေးခြစ်လိုက်မယ်
ကောင်းကောင်းမကောင်း ငါ နင့်ကို လွမ်းတယ်သိရဲ့ လား။


ဘာမှတော့မဆိုင်ဘူး ကဗျာရေးရင် မောင့်ကိုလွမ်းတယ်သိရဲ့ လား :) :)

                                                                                ဧကရီ

Proxy ကိစ္စ

ကျနော်ရှိကိုတောင်းတောင်းနေတယ်သူတွေအတွက်ပါ
သူတို့ ကလဲလက်မညောင်းနိုင်ဘူးဗျနှစ်ရက်တစ်ခါမေးတယ်သူနဲ့ 
တစ်ရက်တစ်နှစ်ခါမေးတယ်သူနဲ့ ဒါနဲ့ ကျနော်လဲမဖြစ်တော့ဘုး
ကိုယ်ကျိက်ပြိရှာရှာနေတယ် Proxy finder software လေးပေးမှရတော့မယ်လို
အခုကျနော်တင်ပေးလိုက်ပါပြိကိုကိုမမတိုစမ်းပြိတော့ရှာကြည်ပေါ့တစ်ခုမှာ
ချင်ဒါကတော့ဒိ software က ကမ္ဘာသုံးဆိုတော့တစ်ကမ္ဘာလုံးရဲ့  proxy တွေဖြစ်ပါတယ်
ဒါကြောင့်ကိုရောက်နေတယ်နိုင်ငံနဲ့ ကိုက်ညီတယ် proxy နဲ့ မှဖွင့်လို၇မှာပါ
တချိုကတော့ ရှိသေးတယ်ဒါနဲ့ တစ်ခုမှာချင်တယ်နော် မသိသေးတယ်တူတွေ အတွက်ပုံနဲ့ ပြမှာပါ
ဘယ်လို proxy ချိန်း၇တယ်ဆိုတာကိုသိပြိတယ်သူကတော့ဒါလေးများကွာလိုတော့မဖြစ်သွားကျပါနဲ့ 
ဟဲဟဲ Download လုပ်ပြိစမ်းကြည်ပေါ့ မြန်မြန်နော် link သေသွားဥိးမယ်



Here Download






Blogger name : K@ungM!nHt@t Email : Than.minhtie@gmail.com

Converter ကြောင့်စိတ်ညစ်နေရသူများ

ကျနော်အခုတင်မယ် Software နဲ့ မိတ်ဆက်ပါမယ်
ကျနော်ကိုညီငယ်တစ်ယောက်က Online မှာတွေ့ တော့ပြောတယ်ဗျနာမည်တောင်မေ့သွားတယ်
ကျနော်ဆိုင်မှာလာသုံးနေတယ်သူတွေလဲပြောကြတယ်ဗျဒါနဲ့ ကျနော်လဲတင်ပေးလိုက်တယ်
ဘာပြသနာလဲဆိုတော့ Converter ဘဲကျနော်အကို***ဧကရာဇ်***လဲတင်ထားတယ်ဗျ
ဒါပေမဲ့ မတူဘူးသူဟာတွေကတော့အကုန်ပြောင်လို့ ၇တယ်အခုတင်မယ်ဟာက FLV တစ်မျိုထဲဗျ
ဒါပေးမဲ့ အဲ့ ဒါက Fail မဖြစ်ဘူး တစ်ခြားအစုံပြောင်လို၇တယ် Converter တွေကတော့ FLV
ဖိုင်ကို Avi . vob . mp4 စသည်ဟာတွေပြောင်မယ်ဆို၇င် 80% ကတော့ Fail ဖြစ်တက်ကျပါတယ်
ဒါကြောင့်တင်ပေးလိုက်ပါတယ် Download လုပ်ပြိ ပြောင်ကြည်ပေါ့

 Here Download





Blogger name : K@ungM!nHt@t Email : Than.minhtie@gmail.com

လင်ငယ်နှင့် နှလုံးသား ဒုန်းယိမ်းကနေစဉ် လင်ကြီး ပြန်ရောက်လာသဖြင့် ရန်ရှာကာ လင်ငယ်နှင့် ပေါင်းပြီး ရှင်းလိုက်ကြသည့် လူသတ်မှု


တောရွာ၌ ချမ်းသာ ကြွယ်ဝသည့် အသက် ၆၀ ကျော် အဖိုးကြီးတစ်ဦးက မယားကြီး ရှိသော်လည်း အသက် ၄၀ ကျော် အမျိုးသမီးကို ငွေကျပ် ငါးသိန်း တင်တောင်းပြီး လက်ထက် ပေါင်းသင်းခဲ့သော်လည်း ကာမ တဏှာကြီးမားသော ဖေါက်ပြန်သည့် ဇနီးမယား အငယ်လေးက လင်ငယ်နှင့် ဖေါက်ပြန်နေပြီး အဖိုးကြီးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုတစ်ခု မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ပေါ်တွင် ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

 ၂၁.၅.၂၀၁၀ နေ့ ညနေ ၆ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက် ကျေးရွာအုပ်စု ဆင်လမ်းသို့ သွားသည့် လမ်းနဘေး ၆၅ ပေ အကွာ သစ်တော မြေအတွင်း ပုတ်နေသော အလောင်း တစ်လောင်း တွေ့ရကြောင်း ပြင်ဦးလွင် ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးသောအခါ အသက် ၆၀ ခန့်ရှိ အမျိုးသား အလောင်းတစ်လောင်း ဖြစ်နေကြောင်း စစ်ဆေးတွေရှိခဲ့ရပြီးနောက် သက်သေခံ ပစ္စည်းများ သိမ်းဆည်းခဲ့ပြီးနောက် သေမှု သေခင်းအမှတ် ၄/ ၂၀၁၀ ဖြင့် ပြင်စာရဲစခန်း ရဲအုပ် ထိန်ဝင်းမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 သေဆုံးသူ မည်သူ မည်ဝါဖြစ်သည်ကို သိနိုင်ရန်အတွက် သေသူ၏ ဓါတ်ပုံနှင့်အတူ မြို့နယ် ရဲစခန်းများသို့ အကြောင်းကြားစာများ ပေးပို့ခဲ့ရာ သေဆုံးသူသည် ပြင်ဦးလွင်မြို့နယ်၊ ပန်းဦးတောင်းအုပ်စု၊ အုပ်ဖိုကျေးရွာနေ ဦးအုန်းမောင် ဖြစ်ကြောင်း သိခဲ့ရသည်။ ဆေးစစ်ချက်များအရ နဖူးရိုးနှင့် မျက်ခုံးရိုးတို့ ချိုင့်ဝင်ကျိုးပဲ့ခြင်းကြောင့် ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်ကာ သေးဆုံးခြင်းဖြစ်ပြီး နံရိုးတို့လည်း ကျိုးနေကြောင်း သိရှိရသဖြင့် သေမှု သေခင်းအဖြစ်မှ  (ပ) ၇၁/၂၀၁၀ ပြစ်မှုပုဒ်မ အမှတ် ၃၀၂ သို့ ပြောင်းလဲ စစ်ဆေးခဲ့သည်။

 အမှုစစ်မှ သေဆုံးသူ နှင့် ပတ်သက်သည်များကို စုံစမ်းခဲ့ရာ အုတ်ဖိုရွာနေ မ.... နှင့် အိမ်ထောင်ကျပြီးနောက် ၂၀၁၀ ခုနှစ် ၃ လပိုင်းကတည်းက အတူမနေတော့ဘဲ မြေ၀ှားပန်းများ စိုက်ပျိုးနေသည့် သားဖြစ်သူတို့နှင့်အတူ နေထိုင်ပြီး ၂၂.၄.၂၀၁၀ နေ့က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီးရုံး ၇ ဘူတာ ကျူးကျော်ရပ်နေ မခင်မာလာ (ခ) မမာလာ နှင့် ရပ်ကွက်အေးချမ်းသာယာရေး ကောင်စီ ရုံးတွင် နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြကြောင်း သိရသဖြင့် အမှုစစ်အရာရှိ နှင့် သက်သေတို့က သေဆုံးမှု ကို ဇနီးဖြစ်သူ မခင်မာလာ (ခ) မမာလာ အားသွားရောက် အကြောင်းကြားခဲ့ရာ ခင်ပွန်းဖြစ်သူ သေဆုံးကြောင်း သိရသော်လည်း တုန်လှုပ်မှု မဖြစ် အေးစက်စက် ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟူ၏။


 သို့ဖြစ်၍ မခင်မာလာ အားစစ်ဆေးခဲ့ရာ ၉.၅.၂၀၁၀ နေ့ ညနေ ၅ နာရီ အချိန်က ခင်ပွန်းသည်သည် လစဉ်အတိုး ကျပ် တစ်သောင်း ရမည့် နမ့်တပ်ရွာသို့ အကြွေးတောင်း ဆိုင်ကယ်ဖြင့် လွှတ်လိုက်ကြောင်း ဆိုင်ကယ် ဦးထုပ် ဆောင်းမသွားဘဲ လျှာထိုး ဦးထုပ်ဖြင့်ပင် သွားခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ စခန်းမှူး ရဲအုပ်ထိန်ဝင်းက နမ့်တပ် ရွာနေ ဒေါ်...... အား သွားရောက် စစ်ဆေးခဲ့ရာ ဦးအုန်းမောင် အကြွေးလာတောင်းစဉ် ၄င်းမှာ ခရီးသွားနေသဖြင့် သမီးဖြစ်သူနှင့်သာ တွေ့ရှိခဲ့ရသည်ဟု ဆိုသဖြင့် သမီးဖြစ်သူအား ဆက်လက်မေးမြန်းရာ ဦးအုန်းမောင် ရောက်ရှိလာခဲ့ကြောင်း ဆိုင်ကယ်ဦးထုတ်ဆောင်းထား လျက်နှင့်ပင် ထိုင်၍ စကားပြောဆိုပြီး ပြန်သွားကြောင်း သိရှိခဲ့ရသည်။

 ဦးအုန်းမောင်၏ ဇနီးဖြစ်သူ ထွက်ဆိုချက်တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသွားဘဲ ထွက်သွားသည်ဟု ဆိုထားသော်လည်း သက်သေမှ ဆိုင်ကယ်ဦးထုတ် ဆောင်းထားလျက်နှင့်ပင် စကားပြောသည်ဟု ဆိုထားသဖြင့် ထွက်ဆိုချက်များ ကွဲလွဲနေသဖြင့် အနီးဝန်းကျင်ကို ထပ်မံ စုံစမ်းခဲ့ရာ ဦးအုန်းမောင်သည် အနီးအဝေးသို့ ဆိုင်ကယ်နှင့် သွားသည့်အခါ ဆိုင်ကယ်စီး ဦးထုပ်အား မချွတ်တမ်း ဆောင်းထားလေ့ ရှိသူဖြစ်သည်ဟု ထပ်မံသိရသဖြင့် စခန်းမှူးက မခင်မာလာ အပေါ် သံသယ ၀င်လာခဲ့ပြီး မခင်မာလာ၏ နေအိမ်ထရံတွင် ချိတ်ထားသည့် နီညိုရောင် ဆိုင်ကယ်စီး ဦးထုတ်အား သိမ်းဆီး လိုက်သည်။ အလောင်း တွေ့ရှိရသည့် နေရာမှာ နမ့်တပ်၇ွာအနီး ဖြစ်နေသဖြင့် ထိုရွာတွင် သေဆုံးသူ၏ ဆွေမျိုးများ နေထိုင်ရာ အရပ်ဖြစ်နေသဖြင့် ဆိုင်ကယ်လုရန် လူသတ်ခဲ့သည်ဆိုသော ထင်မြင်ချက်မှာ လက်ခံနိုင်ဖွယ် မရှိသည့်အပြင် နမ့်တပ် ရွာတွင် အကြွေးတောင်းပြီး ပြန်လာသည့် အချိန်မှာ အလင်းအား ကောင်းသည့် အချိန်ဖြစ်နိုင်သဖြင့် အခြားနေရာတွင် သေဆုံးပြီးမှ ထိုနေရာသို့ လာရောက် ပစ်ထားဖွယ် ရှိသည်ဟု သုံးသပ်လိုက်သည်။

 သေဆုံးသူ၏ ဇနီး မခင်မာလာ၏ နောက်ကြောင်းအား ဆက်လက် စုံစမ်းရာ ဦးအုန်းမောင်မှာ ၄ ဆက်မြောက် လင်ဖြစ်ကြောင်း ယခင် ပေါင်းသင်းနေခဲ့သည့် ညိုဝင်းနှင့် ပတ်သက်မှု ရှိနေကြောင်း အခင်းဖြစ်ပြီး နောက်ပိုင်းတွင် ညိုဝင်းကို မတွေ့ရတော့ကြောင်း စုံစမ်းသိခဲ့ရပြန်သည်။ ပတ်ဝန်းကျင်နေ သက်သေများကို စုံစမ်းခဲ့ရာ ထိုနေ့က ဦးအုန်းမောင် ဆိုင်ကယ်ဖြင့် ထွက်သွားသည်ကို မြင်တွေ့ခဲ့သူများ ရှိပြီး ည ၉ နာရီအချိန်ခန့်တွင် အဖိုးကြီး ပြန်ရောက်လာပြီး လင်မယား စကားများခဲ့ကြကြောင်း၊ စကားများပြီးနောက် အဖိုးကြီးကို မတွေ့ရတော့ကြောင်း ထွက်ဆိုခဲ့ကြသည်။ အမှုစစ်မှ မခင်မာလာ ကို ထပ်မံစစ်ဆေးခဲ့ရာ ပထမတွင် ငြင်းဆိုနေသော်လည်း နောက်ပိုင်းတွင် ၀န်ခံထွက်ဆိုခဲ့သည် ဟူ၏။

 မခင်မာလာ၏ ထွက်ဆိုချက်အရ ၉.၅.၂၀၁၀ နေ့က ၅ နာ၇ီခန့် အချိန်တွင် ဦးအုန်းမောင်က နမ့်တပ် ကျေးရွာသို့ အကြွေးသွားတောင်းခိုင်းရာ ဦးအုန်းမောင်က ဆိုင်ကယ် ဦးထုတ်ဆောင်းကာ ထွက်သွားခဲ့ကြောင်း ဦးအုန်းမောင် ထွက်သွားသည့်အခါ ၄င်းနှင့် တရားမ၀င် ပေါင်းသင်းနေသည့် ညိုဝင်း (ခ) ညိုမောင် ရောက်လာပြီး ၄င်းနှင့် နေအိမ် အိပ်ခန်းအတွင်း အတူရှိနေစဉ် ည ၉ နာရီခန့်တွင်ဦးအုန်းမောင် ဆိုင်ကယ် မောင်းဝင်လာသံ ကြားခဲ့ရသဖြင့် ညိုဝင်းအား မီးဖိုခန်းအတွင်း ချောင်ထဲတွင် ပုန်းခိုနေစေခဲ့သည် ဟူ၏။

 ထို့နောက် နေအိမ် သေတ္တာအတွင်းမှ ခေါက်ပြီးအထည်များ ကပျာကယာ ချထားလျက် မီးပူတိုက်နေသည့် ပုံစံဖန်တီးကာ ဦးအုန်းမောင်အား တံခါးဖွင့်ပေးလိုက်ကြောင်း ဦးအုန်းမောင်က "နင်ဘာလုပ်နေတာလဲ ငါခေါ်နေတာ ကြာပြီ" ဟု ဆိုခဲ့ရာ မီးပူတိုက်နေခြင်း ဖြစ်ကြောင်း ပြောပြီး ဦးအုန်းမောင်က ပင်ပန်းသဖြင့် ဧည့်ခန်းရှိ ခုံတွင်ကျောမှီလျက် ထိုင်နေပြီး "ငါ..ထမင်းစားမယ်" ဟုပြောဆိုခဲ့ကြောင်း "တော်သွားချင်ရာ သွားပြီး အခုမှ လာစားမနေနဲ့၊ တော့်သားတွေဆီမှာ စားမယ် ထင်ပြီးတော့ တော်စားမယ့် ထမင်းတွေကို ခွေးကျွေးပလိုက်ပြီ" ဟုပြန်ပြောခဲ့ရာ ဦးအုန်းမောင်က "အေးပါ မာလာရယ်... ထန်းလျက်ခဲ ရရ၊ သကြားလေးဘဲရရ ဖြစ်ပါတယ်" ဟုဆိုခဲ့ရာ ၄င်းကလည်း မီးဖိုဖက်သို့ သွားပြီး ထမင်းခူးနေရာ ပုန်းနေသူ ညိုဝင်းအား အပြင်မထွက်နဲ့ဦး ဟုတီးတိုး မှာကြားခဲ့သည် ဟူ၏။


 ဦးအုန်းမောင်က ထမင်းစားပြီး ရေနွေးကြမ်းသောက်နေစဉ် "ပိုက်ဆံ အကြွေးသွားတောင်းတာ ရခဲ့လား။ " ဟု မေးမြန်းခဲ့ရာ  "မရခဲ့ဘူး။ မတွေ့လို့ " ဟု ပြန်ဖြေသဖြင့် "တော် ကလိန်ကကျစ် မလုပ်နဲ့  မယုံဘူး။ ကျန်မနဲ့ လက်ထပ်တုန်းကလည်း ငါးသိန်းနဲ့ တင်တောင်းမယ် ပြောပြီး ၃ သိန်းဘဲ ပေးတယ်။" ဟုပြောလိုက်ရာမှ တဆင့် လင်မယားချင်း စကားများစဉ် မီးဖိုးအတွင်း ပုန်းနေသော ညိုဝင်းက ရေချိုးခန်းအတွင်းရှိ အ၀တ်လျော်ရာတွင် အသုံးပြုသည့် သစ်သား တုတ်ကို ဆွဲယူလာပြီး  ငုတ်တုတ် ထိုင်နေသည့် ဦးအုန်းမောင်၏ မျက်နှာကို အားကုန် ရိုက်ထည့်လိုက်သဖြင့် ဦးအုန်းမောင်မှာ နောက်ပြန်လန်ကျသွားကြောင်း လဲကျသွားစဉ် နောက်ထပ် တစ်ချက် ထပ်ရိုက်ခဲ့သဖြင့်ရင်ဘတ်သို့ ထိမှန်သွားပြီး နဖူးကွဲ ဒဏ်ရာကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ညိုဝင်း ၀တ်ဆင်ထားသော အ၀တ်အစားများကို သွေးများပေကျံနေသဖြင့် ခင်မာလာ အားလျှော်ခိုင်းခဲ့ရာ "မလျှော်ဘူး" ဟုပြောသဖြင့် ညိုဝင်းက "မလျော်လို့မဖြစ်ဘူး။ ရဲတွေ တွေ့သွားရင် အကုန် ဒုက္ခရောက်ကုန်မှာပေါ့။ ဒီကိစ္စ နင်လည်း ပါတယ်၊ ငါသတ်တာလို့ ပြောရင် နင့်ကို ငါသတ်မယ်" ဟု ပြောကြောင်း၊ ၄င်းက သွေးစွန်းနေသော အ၀တ်များကို လျော်နေစဉ် ညိုဝင်းသည် အိမ်အပြင်သို့ ထွက်သွားပြီး  သူငယ်ချင်းဖြစ်သူ ဘိုကျင်း ထမင်းစားပြီး ပန်းကန်ဆေးနေသည်ကို မြင်သဖြင့် ငါတော့ လက်လွန်သွားပြီ ဟု အကြောင်းစုံ ခေါ်ယူရှင်းပြခဲ့ကြောင်း၊ ညိုဝင်းက ဘိုကျင်းနှင့် တိုင်ပင်ပြီး အလောင်းအား ၄င်းမှ ခြေထောက်၊ ညိုဝင်းမှ ခါးဘက်မှ မလျက် ဆိုင်ကယ်ပေါ်သို့ခွတင်ပြီး ၄င်းက ဦးအုန်းမောင် သုံးနေကျ ပစ္စည်းတို့နှင့်အတူ လူသတ်လက်နက်ကိုပါ ပေးလိုက်သည် ဟူ၏။

 လူအိပ်ချိန်၊ လျပ်စစ်မီးများ ပိတ်ချိန် ည ၁၁ နာ၇ီခန့်တွင်  ညိုဝင်းက အလောင်းကို လျှာထိုးဦးထုတ် အနက် ငိုက်စိုက်စောင်းပေးပြီး အပြင်မှ မြင်သူတို့ လူနာသယ်လာဟန် သရုပ်ဆောင်ပေးပြီး သယ်ယူခဲ့ခြင်း ဖြစ်ကြောင်းပြီး သေဆုံးသူအား တွေ့ရှိရသည့် နေရာတွင် ပစ်ထားခဲ့သော်လည်း ဆိုင်ကယ်စီး ဦးထုတ်မှာ အသစ်အတိုင်း ရှိနေသဖြင့် နှမျှောပြီး ပြန်ယူလာခဲ့ပြီး နေအိမ်သို့ ဆိုင်ကယ်ကို ယူလာခဲ့ပြီး နေအိမ်နားအရောက် ဆိုင်ကယ်ကို တွန်းလာခဲ့သည် ဟူ၏။ နောက်တစ်နေ့ နံနက်တွင် ညိုဝင်းက ဆိုင်ကယ်ကို ပြင်ဦးလွင်မြို့ပေါ် ပွဲစားတန်းတွင် ဆိုင်ကယ်ကို ရောင်းချခဲ့ရာ ၀ယ်ယူသူကို မသိကြောင်း ထွက်ဆိုခဲ့သည် ဟူ၏။

 ထို့နောက် အမှုစစ် စခန်းမှုးက ညိုဝင်း နှင့် အတူ ဘိုဝင်း တို့အား ဆက်လက် ဖမ်းဆီးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူ မခင်မာလာ က ၂၉.၆.၂၀၁၀ နေ့တွင်ပြစ်မှု ကျူးလွန်ပုံ အဆင့်ဆင့်အား လိုက်လံ ပြသပေးခဲ့ပြီး မြို့နယ် တရားရုံးတွင် ဆက်လက် ဖြောင့်ချက် ပေးခဲ့သည် ဟူ၏။ ၅.၇.၂၀၁၀ နေ့တွင် ညိုဝင်း နှင့် ဘိုကျင်း တို့မှာလည်း ၄င်းတို့ ဆန္ဒအလျောက် ဖြောင့်ချက်ပေးခဲ့သဖြင့် တရားခံများကို ပြင်ဦးလွင် ခရိုင် တရားရုံးသို့  တရားစွဲ တင်ပို့ထားကြောင်း မှုခင်းသတင်း ဂျာနယ်လ်အရ  သိရသည်။ 

http://www.mmdailynews.com/ မှ ကူးယူဖော်ပြသည်။

စစ်မှန်သော နှစ်ယောက် တစ်ဘဝ

ချစ်ခြင်းမေတ္တာအခြေခံပြီး လက်ထပ်ခြင်းအကြောင်းတရားအဖြစ် ဘ၀လက်တွဲဖော် တွေမှာ တစ်ဦးနှင့်တစ်ဦး အကောင်းဆုံး မိတ်ဆွေကောင်း အနေနဲ ဘ၀ရပ်တည် ရှင်သန်နေသမျှတလျှောက် ကောင်းဆိုးအတူ ၇င်ဆိုင်မှုများအတွက် ရွေးချယ်ကြတာဖြစ်ပါတယ်။တွဲလက်များထာဝရ အေးချမ်းတည်မြဲစေဖို့  သတိပြုစရာအနည်းငယ်မျှ ဆင်ခြင်မိရုံလေးနဲ ဘ၀မှာ  အကျေနပ်ဆုံးသူများဖြစ်ခွင့်ရစေတာကို အမေရိကန် မစ်ချီကန်တက္ကသိုလ်မှ လူမူရေးလေ့လာစုံစမ်းမှူများပြုစေပြီး အခုလိုရှင်းပြခဲ့ပါတယ်။ 

အရင်းနှီးဆုံးသူတွေ
အရင်းနှီးဆုံးသူတွေဖြစ်ကြပေမဲ့ နားအလည်နိုင်ဆုံးသူတွေဖြစ်နေဖို့  အသေးအဖွဲကိစ္စလေးတွေ  ကအစလျစ်လျုရှူလို့ မဖြစ်ပါဘူး အိမ်မှူကိစ္စတွေ မနိုင်မနင်းဖြစ်နေခဲ့ရင်နိုင်သလောက်ကူညီပေး ပါ မခွဲခြားပါနဲ အတူသွားရမယ်ကိစ္စတွေမှာ အလှပြင်မပြီးလို့ ဖုန်းပြောနေရလို အိမ်ကလူတွေကို သြ၀ါဒချွေနေရလို့  စောင့်နေရတဲ့ အကြိမ်တွေမများပါစေနဲ့  အတူနေ နှစ်ယောက်တစ်ဘ၀ကို ကြီးကြီးမားမား ထိခိုက်စေတဲ့ အသေးအဖွဲလေးတွေဖြစ်ပါတယ်။   အကြိမ်များစွာစုမိလာတဲ့အခါ ရှင်းပြရခက်တဲ့ မသိစိတ်မှာ နာကျင်မှူတွေဖြစ်စေပါတယ်။

ဝေးသွားမှာစိုးတယ်
လက်မထပ်ခင်ကကြီးပြင်းနေထိုင်ခဲ့တဲ့ နှစ်ဖက်မိသားစု နေထိုင်ပုံနဲ့  လက်ရှိဘ၀ကိုချိန်ထိုးပြီး စံသတ်မှတ်ပြောဆိုတာမျိုးနှင့် နှိုင်းယှဉ်ပုံစံချတာမျိုးတွေရှောင်ကြဉ်ပါ ။ မတူညီမှူတွေအများကြီး ကို အတင်းပုံစံရိုက်သွင်းတာနဲ့ တူပြီး နှစ်ယောက်ကြား ကနားလည်မှူတွေဆွေးမြေ့ပျောက်ကွယ်သွားစေတယ် ။အနီးဆုံး က အဝေးဆုံးလူတွေဖြစ်လာစေတယ်။စဉ်းစားမှူတိုင်းမှာ အိမ်ထောင်သာယာရေးကို ဦးတည်ခြင်းက နှစ်ဦးကြားရိုးအီ သွာခြင်းမရှိအောင် အသစ်အဆန်းတွေဖြစ်လာစေတယ်။

အရာရာမင်းပါ

ဘ၀ရည်မှန်းချက်တွေက အိမ်ထောင် ရေးအတွက် အတိုက်အခံဖြစ်မလာပါစေနဲ့ ။ဘ၀ရဲ့တစ်ကိုယ်ရေရည်မှန်းချက်တွေနဲ အိမ်ထောင် ရေးချိန်ခွင်လျှာ အချိုးကျပါစေ။ရည်မှန်းချက်နဲ့  လက်တွေ့ အိမ်ထောင်မှူဘ၀ကို နှိုင်းယှဉ်ဦးစားပေး စရာရှိလာတဲ့အခါ နှစ်ယောက်တစ်ဘ၀ ကိုဦးစားပေးပါ မိသားစုနှင့်အတူ
ရယူနိုင်တဲ့ ရည်မှန်း ချက်တွေ အောင်မြင်မှူတွေကိုဖန်တီးကြိုးစားပါ။

သူပျော်သွားပြီ

နှစ်ဦးကြားချီးမြှောက်မှူ အပြန်အလှန်ရှိပါစေ ။ တစ်ဦးရဲ့အောင်မြင်မှူကိုတစ်ဦးကစောင့်ကြည့်ချီးမွမ်းဖို့ အသင့်ရှိပါ ။ အဆိုးဆုံးတွေကြုံခဲ့ရင်လည်း ကျော်လွှားနိုင်တဲ့ စွမ်းရည်ကိုမြင်အောင်ကြည့် ပေးပါ ။ တစ်ဦးကိုချီးမွမ်းလို့ ကျေနပ်ပျော်ရွှင်သွားတာကို မြင်ရတဲ့ ကျန်တစ်ဦးမှာအစားထိုးမရ ရှာဖွေလို့ မရတဲ့ပျော်ရွှင်ချမ်းမြေ့မှူဖြစ်စေတာကို နေပျော်တဲ့ဘ၀တစ်ခုအတွက် လက်တွေ့ စမ်းသပ်ကြည့်ပါ ။ချစ်တဲ့ သူတစ်ယောက်ပျော်ရွှင်စေလိုတတ်တဲ့ သဘာဝအရ ဘ၀ရဲ့ကျေနပ်မှုနဲ့ ခွန်အားတွေ တိုးပွားစေပါတယ်။

နားထောင်ပေးပါ
နှစ်ယောက်တည်းရှိတဲ့ အချိန်တစ်ခုကို အလုပ်အားလုံးဘေးချ ခေါင်းထဲကထုတ်ပြီး အေးအေးသက်သက်သာ စကားပြောဆိုပါ။ တစ်ယောက်ပြောစကားကို တစ်ယောက်က ဂရုစိုက်နားထောင်ပေးပါ။ နှစ်သက်သော အကြောင်းအရာများကို ထောက်ခံဆွေးနွေးပြီး မနှစ်သက်တာတွေကိုတော့ဟာသနှော ပြီးပျော်ရွှင်စရာ အဖြစ်မှပိုမိုရင်းနှီးမှူ ရယူပါ။(လှောင်တာမျိုးတော့ အဖြစ်ပါစေနဲ့ ။ချော့ရခက်တတ်တယ်။)အခြေအနေတစ်ခု သို့ ပြောင်းလဲလိုခြင်း ရန်စကားလမ်းကြောင်းပြောင်း စရာလိုအပ်လာပါက ကြည်နူးစရာ စကားလုံးများအဖြစ်သော "မင်း ကို ချစ်တယ် " ကဲ့သို့ သော အသုံးအနှူံးများကို လေးလေးနက်နက် သုံးစွဲပါ။ထူခြားမှု က လက်တွေ့ သိနိုင်ပါလိမ့်မယ်။

အတူတူရှိနေမယ်

နှစ်ယောက်တစ်ဘ၀ရှိသူများမှသာ ပျော်ရွှင်မှူနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ပြဿနာတွေ ရယူ ရင်ဆိုင်နိုင်စွမ်း ရှိတယ်ဆိုတာ သတိရပါ။ မတည့်အတူနေဘ၀မျိုးရှိသူတွေမှာ နေ့ စဉ်ဘ၀ရပ်တည်ရေးတာဝန်များအပြင် လူမူရေးပြဿနာများပါ ၀န်ပိမှူဖြစ်လာစေပါသည်။အတူနေသူနှစ်ဦး နီးကပ်တဲ့စိတ်ချင်း ဆက်သွယ်မှုများက တစ်ဦးစိတ်မချမ်းသာမှူကတစ်ဦးကို သက်ရောက်စေတတ်တာကြောင့် ဆက်ဆံရေး မပြေလည်တာတွေက အကျိုးမဲ့အချည်းအနှီးအသွင်ဆောင်တဲ့ ဘ၀နေ့ စွဲတွေရှိလာပါလိမ့်မယ် အိမ်တွင်းပြဿနာနဲ့ အိမ်ပြင်အခက်အခဲနှစ်ခု ရှိလာရင် အိမ်တွင်းရေးရှင်းပြီးမှ ပြင်ပပြဿနာ ကို နှစ်ဦးလက်တွဲရင်ဆိုင်ပါ ။ ဒီအတွက်စိတ်ဓါတ်ကြံခိုင်သူများဖြစ်ပါစေ ။ဘ၀စိန်ခေါ်မှူတွေကို နှစ်ယောက်တစ်ဘ၀ အဖော်မွန်ကောင်းနှင့်အတူ လက်တွဲပြီး အကောင်းဆုံးဖြေရှင်းပါ ။  ကြိုးစားအားထုတ်မှုများက ရရှိလာတဲ့ အောင်မြင်မှုတွေကို နှစ်ဦးသား ရင်ဆိုင်နိုင်ခဲ့တယ်ဆို တာနဲ့ အပြန်အလှန်အသိအမှတ်ပြုပါ။ အောင်မြင်မှူတွေကို အတူတစ်ကွစားသုံးပါ။

စစ်မှန်သော နှစ်ယောက်တစ်ဘ၀မှ ပေးစွမ်းလာသော ကျေနပ်ပျော်၇ွှင်ခြင်းများနှင့် အတူ အများကောင်းကျိုးလိုလားဆောင်၇ွက် နိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်.....