Sunday, October 3, 2010

၇ လက်မအရွယ် Dell tablet ၏ရှေ့ပြေးပုံစံထွက်ပေါ်


ပြီးခဲ့သည့်ရက်သတ္တပတ်က ဆန်ဖရန်စစ္စကိုမြို့တွင်ကျင်းပခဲ့သော Oracle OpenWorld ကွန်ဖရင့်စ်တွင် Dell ကုမ္ပဏီ၏ CEO ဖြစ်သူ Michael Dell က ၇ လက်မအရွယ် tablet ၏ရှေ့ပြေးပုံစံကို ပွဲထုတ်ပြသခဲ့ကြောင်းသိရသည်။
သို့ရာတွင် ထုတ်လုပ်ရောင်းချမည့်ရက်နှင့် ဈေးနှုန်းကိုမူ ကြေညာခဲ့ခြင်းမရှိချေ။ အဆိုပါ Dell tablet သည် ဈေးကွက်အတွင်းကြီးစိုးနေသည့် ၉.၇ လက်မအရွယ် iPad နှင့်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။ iPad မှာဈေးကွက်ခိုင်မာပြီး လူကြိုက်များရေပန်းစားနေသော်လည်း ၎င်းတွင်လိုအပ်ချက်များစွာရှိနေသေးသည်ဟု သိရသည်။ အကယ်၍ ယင်း tablet အမှန်တကယ် ပေါ်ထွက်လာပါက Samsung ကထုတ်လုပ်သည့် ၇ လက်မအရွယ် Galaxy Tab နှင့်ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ မည်သို့ပင်ဆိုစေ Dell ၏ tablet နှင့် Samsaung ၏ Galaxy Tab တို့က Apple ကထုတ်လုပ်ခဲ့သော iPad ထက် ပိုမိုပြီးလုပ်ဆောင်နိုင်စွမ်းတွေမှာ ကောင်းမွန်မှာသေချာနေသည်။ ထို့အပြင် Dell tablet သည်ဈေးနူန်းပိုင်းမှာလည်း ပိုမိုသက်သာလာမည်ဟု ဈေးကွက်သုတေသီများက ခန့်မှန်းထားကြသည်။ Dell သည် Android operating system အသုံးပြုထားပြီး ၅ လက်မအရွယ် screen ပါဝင်သည့် Streak မိုဘိုင်းအင်တာနက် device ကို မကြာသေးမီက ထုတ်လုပ်ခဲ့ကြောင်းလည်း သိရသည်။

Chrome SpecForce PC game



ဂိမ်းဝါသနာရှင်များအတွက် တင်ပေးလိုက်ပါသည်။ကျွန်တော်လဲ ဂိမ်းလောကထဲ မ၀င်ဖြစ်တာ
တော်တော်ကြာပီ။ဧကရီလစ်မှဘဲ ဆော့ရမှာဘဲ အဟဲဟဲ။လိုချင်တဲ့သူတွေ ဒေါင်းလိုက်နော်။

ဒေါင်းရန်



http://hotfile.com/dl/73323282/22e9f02/hrome.SpecForce.part1.rar.html
http://hotfile.com/dl/73323293/54d7411/hrome.SpecForce.part2.rar.html
http://hotfile.com/dl/73323302/0436faa/hrome.SpecForce.part3.rar.html

window password မေ့သွား၇င်

Active@ Boot Disk Suite v5.0.5 (LiveCD)


window password မေ့သွား၇င်လည်း..ဒီ Live CD လေးနဲ့.. ပြန်ပြီး.password reset လုပ်လို့ရတယ်..
Accidentally deleted files တွေကိုလည်း..ဒီ Live CD လေးနဲ့..ပြန်recover လုပ်လို့ရတယ်..
so many utilities ....
ဒီ Live CD လေးက iso format နဲ့ပါ.
CD or DVD နဲ့burn ထားပါ
ွှTo repair failed systems:
Active @ Disk Image - Imaged-based data backup and restoration tool
Active @ File Recovery - Deleted data recovery software
Active @ Partition Recovery - Lost partition recovery software
Active @ Hex Editor - Tool for editing disk in a binary format
Active @ Password Changer - Windows password resetting tool
Active @ KillDisk - Secure data erasure and disk wiping software
PC Disk Partition Manager - Add, edit, delete, format and manage the partitions in your computer
Active @ CD / DVD Data Burner - CD / DVD burning software
Network operations utilities --
Map Network Drive
Remote Desktop Connection
Web browser
FTP Client
Telnet Client
Network Configuration Utility
System Utilities
Internet Utilities
Other Utilities
File Explorer
Task Manager
On-Fly Drivers Loader
Display Configuration Utility
Notepad
Command Prompt shell

Requirements for Using Active @ Boot Disk (Win Edition)

To use Active @ Boot Disk, you must have the following:
Pentium II processor or higher
300MB or more RAM
A CD / DVD drive or a USB mass storage device to boot from




ဒေါင်းရန်
from http://www.mmitd.com/

Asia Wingအမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တစ်ခု ထပ်မံ ပေါ်ပေါက်လာရန်ရှိ


    Asia Wingအမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တစ်ခု မကြာမီအချိန်အတွင်း ထပ်မံပေါ်ပေါက်လာရန် ရှိကြောင်း လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းများထံမှ သတင်းရရှိပါသည်။

    "လေကြောင်းလိုင်းရဲ့ နာမည် ကို Asia Wing လို့အမည်ပေးထားတယ်လို့တော့ သိရပါတယ်။ ဒီနာမည်နဲ့ပဲ အတည်ပြုပြေးဆွဲမှာလား ဆိုတာတော့ သေချာမသိပါဘူး" ဟု ပြည်တွင်း လေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။

    အဆိုပါ လေကြောင်းလိုင်းအား ခရီးသွားလုပ်ငန်း၌ အောင်မြင်မှုရရှိနေသည့် ခရီးသွားကုမ္ပဏီ တစ်ခုမှ ထူထောင်ပြေးဆွဲခြင်း ဖြစ်ကြောင်းလည်း နီးစပ်သည့်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

    "ကြားတာကတော့ လေယာဉ် လက်မှတ်လည်းရောင်းတယ်၊ ခရီးသွားလုပ်ငန်းလည်းလုပ်တဲ့ နိုင်ငံ သားပိုင်ကုမ္ပဏီတစ်ခုက လုပ်မယ်၊ ဒီခရီးသွားကုမ္ပဏီက ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း တစ်ခုနဲ့လည်း ဆက်သွယ်မှု ရှိတယ်လို့သိရတယ်"ဟု ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုပါသည်။
 ပြေးဆွဲလျက်ရှိသည့် လေယာဉ်အချို့ကို
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်
     Asia Wing အမည်ဖြင့် လေကြောင်းလိုင်းသစ် ထူထောင်ပြေးဆွဲမည့် ကုမ္ပဏီ၏ သတင်းအချက်အလက်နှင့် ပတ်သက်၍ ကြားသိရချက်အပေါ် အဆိုပါခရီးသွားကုမ္ပဏီအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ကျွန်တော်တို့ အနေနဲ့အခုချိန်မှာ ဘာမှသေချာ မပြောနိုင်သေးပါဘူး။ စီစဉ်နေတာတော့ရှိ ပါတယ်"ဟု ယင်းခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူက ပြန်လည်ပြောကြားခဲ့သည်။

    နောက်ဆုံးကြားသိရသည့် သတင်းများအရလည်း လေကြောင်းလိုင်းသစ် ပြေးဆွဲရန်အတွက် လေယာဉ်ဝယ်ယူပြီးဖြစ်ကြောင်းနှင့် ၀ယ်ယူသည့် လေယာဉ်မှာ Air Bus အမျိုးအစားဖြစ်ကြောင်းလည်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ သိရသည်။

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိကပိုင်လေကြောင်း လိုင်းသုံးခုရှိကြောင်းနှင့် ယင်းတို့မှာ Air Bagan ၊ Air Mandalay နှင့် Yangon Airways  တို့ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များ အရသိရသည်။ အဲကမ္ဘောဇ အမည်ရှိ  ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တစ်ခုမှလည်း မကြာမီအချိန် အတွင်း ပြည်တွင်း၊ ပြည်ပခရီးစဉ် များကို ပြေးဆွဲသွားရန် စီစဉ်မှုများ ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

http://www.news-eleven.com/ မှ ကူးယူဖော်ပြသည်။