Monday, October 4, 2010

သုံးပတ်အတွင်း အမေရိကန် ဆယ်ကျော်သက် ဂေး ၅ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်




လိင်တူချင်းချစ်သူ ဖြစ်တဲ့အတွက်ကြောင့် အမေရိကန်နိုင်ငံမှာ သုံးပတ်အတွင်း ဆယ်ကျော်သက် လူငယ် ၅ယောက် မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ကြတယ်လို့ pink news အင်တာနက် စာမျက်နှာက ပြောပါတယ်။
နောက်ဆုံးကြားရတဲ့ သတင်းကတော့ အမေရိကန်နိုင်ငံ Rhode ကျွန်းက Johnson and Wales တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ အသက် ၁၉နှစ်အရွယ် Raymond Chase ပဲဖြစ်ပါတယ်။
နောက်ဆုံး သတင်းအရ Chase ဟာ ကိုယ့်ကိုယ်ကို ကြိုးဆွဲပြီး အဆုံးစီရင်ခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ အဆောင်မှူးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကျောင်းရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ် တက္ကသိုလ် ဌာနမှူး တယောက်လည်းဖြစ်တဲ့ Ronald Martel က Chase ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး “ဒီနေ့ ကျနော် အရမ်းဝမ်းနည်းစရာကောင်းတဲ့ Raymond Chase သေဆုံးသွားတဲ့ သတင်းကို ကြားရပါတယ်။ Chase ဟာ အစားအသောက် ပြင်ဆင်မှုဆိုင်ရာ အနုပညာ ဘာသာရပ်ကို သင်ယူနေတဲ့ ကျောင်းသားတယောက်ပါ။ ဒီလို ထက်မြက်တဲ့ လူငယ်တယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျနော်တို့ တက္ကသိုလ် ကျောင်းဝင်းတစ်ခုလုံးက ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ အထူး ၀မ်းနည်းကြေကွဲ ရပါကြောင်း၊ သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ ကျနော်တို့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်း ရပါကြောင်းကို”ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
Chase ရဲ့ သေဆုံးမှု သတင်းဟာ ပြီးခဲ့တဲ့ အပတ်က New Jersey က ကျောင်းသားလေး Tyler Clementi သေဆုံးမှု အပြီးမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတဲ့ လိင်တူချင်း ချစ်သူဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ နောက်ထပ် အမှုတစ်ခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ သူကတော့ Texas ပြည်နယ် Houston မြို့က အသက် ၁၃နှစ်အရွယ် ကျောင်းသားလေး Asher Brown ပဲ ဖြစ်ပါတယ်။
Asher Brown ရဲ့ မိဘတွေ ပြောဆိုချက်အရ ကျောင်းမှာ ဂေးဖြစ်တဲ့ အတွက်ကြောင့် အခြားသူငယ်ချင်းတွေရဲ့ နှောက်ယှက် အနိုင်ကျင့်မှုတွေကို မခံရပ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကို သေနတ်နဲ့ အဆုံးစီရင် သေကြောင်းကြံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်တယောက်က Indiana ပြည်နယ်က အသက် ၁၅နှစ်အရွယ် Billy Lucas လို့ခေါ်တဲ့ ကျောင်းသားလေး ဖြစ်ပါတယ်။
သူ့ရဲ့ သူငယ်ချင်းတွေ ထုတ်ဖော် ပြောဆိုချက်အရ Lucas တယောက် ကျောင်းမှာ ဂေး ဖြစ်တဲ့အတွက် မကြာခဏ အနိုင်ကျင့် စော်ကားခံရတာကြောင့် စက်တင်ဘာ ၉ရက်နေ့မှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် တယောက်ကတော့ Minnesota ပြည်နယ်က အသက် ၁၃နှစ်အရွယ် Seth Walsh လို့ခေါ်တဲ့ လူငယ်လေးပဲ ဖြစ်ပါတယ်။ သူလည်း ကျောင်းမှာ ဂေးဖြစ်တဲ့ အတွက်ကြောင့် မကြာခဏ စော်ကားနှောက်ယှက် ခံရတဲ့အတွက် အကြိမ်ကြိမ် ကြိုးဆွဲချသေဖို့ ကြိုးစားခဲ့ရာမှ နောက်ဆုံး ဆေးရုံရောက်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် တယောက်ကတော့ New Jersey က ကျောင်းသားလေး Tyler Clementi ပဲ ဖြစ်ပါတယ်။ Clementi ကတော့ တံတားပေါ်ကနေ ခုန်ချပြီး အဆုံးစီရင် သွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ လိင်တူချင်းချစ်တဲ့ လူငယ် ကျောင်းသားလေးတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ အမှုတွေ တက်လာလား မတက်လာဘူးလားဆိုတာ တိတိကျကျ မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစား မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် လိင်တူချင်းချစ်တဲ့ လူငယ် ကျောင်းသားလေးတွေက တခြား လိင်ကွဲချင်းချစ်တဲ့ လူငယ်လေးတွေနဲ့ နှိုင်းစာလို့ရှိရင် ပိုမိုစော်ကား နှောက်ယှက်ခံရတာ ဖြစ်နိုင်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ပိုမိုအန္တရာယ်ရှိတဲ့ အုပ်စုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးတော့လည်း အခုလို သေဆုံးသွားတဲ့ လူငယ်လေးတွေကို စော်ကားနှောက်ယှက်ခဲ့တဲ့ သူတွေအပေါ် အရေးယူ တရားစွဲဆိုတာမျိုးလည်း သိပ်မလုပ်ဖြစ်ကြဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် Seth, Billy နဲ့ Asher တို့ သုံးယောက်ရဲ့ အမှုတွေဆိုရင် အခုချိန်ထိ ဘယ်သူမှ အရေးမယူ ပေးသေးပါဘူး။ အခုလိုမျိုး ဖြစ်ပျက်နေတဲ့ သေဆုံးမှုတွေဟာ အမေရိကန် တစ်နိုင်ငံလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့သလို Ellen ရဲ့ chatshow မှာလဲ အစိုးရအနေနဲ့ တစ်ခုခု အရေးယူဖို့ အမြန်ပြုလုပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။
တီဗီ daytime တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာတော့ အမေရိကန်တွေ နိုးထဖို့လိုပြန်ပြီ၊ ဆယ်ကျော်သက် လူငယ်တွေ ဒီလို အနိုင်ကျင့် ခံနေရတာတွေ၊ နှောက်ယှက် ခံနေရတာတွေဟာ ဒီတိုင်းပြည်ကြီးထဲမှာ ရှိနေတဲ့ ရောဂါလက္ခဏာတရပ် ဖြစ်နေတယ် ဆိုတာကို အားလုံး သတိထားမိဖို့ လိုပါပြီလို့ ထုတ်ဖော်ပြောဆိုခဲ့သလို ပြုပြင်ပြောင်းလဲမှုအတွက် တစ်ခုခု စတင်ပြုလုပ် သင့်ပါပြီလို့လည်း အကြံဥာဏ်များ ပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဂေးဖြစ်တဲ့အတွက် မုန်းတီးခြင်းကြောင့် အသတ်ခံခဲ့ရတဲ့ Matthew Shepard ရဲ့ အမေကတော့ အခုလို သေဆုံးမှုနှုန်းတွေ တိုးလာတာနဲ့ ပတ်သက်ပြီး ကျမတို့ရဲ့ သားသမီးတွေဟာ ကျောင်းသွားပြီ ဒီလိုလုပ်ခံရမယ် ဆိုတာမျိုး တစ်ခုတည်းနဲ့တော့ ကျောင်းကို မပို့သင့်ပါဘူး။ ကျောင်းဆိုတာ ကျမတို့ရဲ့ သားသမီးတွေ အားလုံးအတွက် စိတ်အချရဆုံး အလုံခြုံဆုံး နေရာတစ်ခု ဖြစ်သင့်ပါတယ်။ ခြိမ်းခြောက်တာ၊ အနိုင်ကျင့်တာ၊ လေးစားသမှု မရှိတာတွေကို ကျောင်းမှာ မရှိသင့်တဲ့ အရာတွေပါလို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်နယ် ၄၄ခုမှာ စာသင်ကျောင်းအတွင်း စော်ကား အနိုင်ကျင့်မှုတွေကို ဆန့်ကျင်တဲ့ ဥပဒေတွေ ရှိနေပေမယ့်လို့ အများစုက ကောင်းကောင်းမွန်မွန် အကောင်ထည်ဖော် လုပ်ဆောင်တာမျိုး မရှိတာကြောင့်လို့ လိင်တူချစ်သူများ အခွင့်အရေး လုပ်ဆောင်သူတွေက ပြောဆိုပါတယ်။

ယူလိုက် - မျိုးကြီး

ယူလိုက် - မျိုးကြီး


ဆေးပေးပါ
01 - Say Pay Par



မိုး
02 - Moe


ရောခ့်သီချင်းတစ်ပုဒ်
03 - Rock Tha Chin Ta Pote
မျှော်လင့်ချက်ပဲ
04 - Myaw Lint Chat Pal



တိုင်ပတ်တဲ့ကမ္ဘာ
05 - Tai Pat Tae Ka Bar



အတိတ်ရဲ့နွေ
06 - A Tate Yae Nway



အချိန်မတိုင်ခင်
07 - A Chain Ma Tai Khin



လက်ခံပေးပါ
08 - Lat Khan Pay Par



မေ့လိုက်ပါ
09 - Mae Lite Par



နူးညံစွာပြောင်းလဲခြင်း
10 - Nuu Nyant Swar Pyaung Lal Chin



ရင်ခုန်စရာရှုခင်း
11 - Yin Khone Sa Yar Shue Khin



ဘာအကြောင်းကြောင့်
12 - Bar A Kyaung Kyount



JPEG နှင့် ယှဉ်ပြိုင်မည့် Google WebP

အနှစ်နှစ် အလလ သုံးလာခဲ့ကြသော JPEG
နေရာမှာ အစားထိုးနိုင်မယ်လို့ ယူဆရတဲ့ Google ရဲ့ Image File Format
အသစ်တစ်ခု ဖြစ်တဲ့ WebP ဆိုတဲ့ Format ကို Google က မိတ်ဆက်ပေးလိုက်ပါပြီ။
အဆိုပါ WebP ဟာ Image Format အသစ်တစ်ခု ဖြစ်ပြီး JPEG ထက် ၄၀% ပိုပြီး
သေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရည်အသွေးပိုင်းကိုတော့ နဂိုအတိုင်း
ရနိုင်မယ်လို့ ဆိုပါတယ်။
အဆိုပါ WebP ရဲ့ အဓိက ရည်ရွယ်ချက်ကတော့
Website တစ်ခုမှာ Loading ရဲ့ ၆၅% နှုန်းလောက်အထိ ရှိတတ်တဲ့ image loading
time ကို လျော့ချဖို့ အတွက်ဖြစ်ပါတယ်။
Google က WebP နဲ့ ပတ်သက်ပြီး နှိုင်းယှဉ်ပြထားတာတွေကို ကြည့်ချင်တယ် ဆိုရင်တော့
WebP ကို ပြောင်းလဲပေးနိုင်တဲ့ Converter ကိုတော့ ဒီနေရာမှာ
သွားဒေါင်းနိုင်ပါတယ်။ လောလောဆယ်တော့ Linux 64bit တစ်ခုတည်း အတွက်သာ
ထွက်သေးပြီး Windows အတွက်လည်း မကြာခင် ရတော့မယ်လို့ ဆိုပါတယ်။

နိုင်ငံခြားငွေ ဈေးနှုန်း ကျဆင်းမှုသည် ပုဂ္ဂလိကဘဏ်သစ်များ ဖွင့်လှစ်လာခြင်းနှင့် ဆက်စပ်နေဟုဆို

လွန်ခဲ့သော တစ်လကျော်ခန့်မှ စတင်၍ ပြည်တွင်း ငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် အကျပိုင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရခြင်းမှာ ပုဂ္ဂလိက ဘဏ်သစ်များ ဖွင့်လှစ်ရန် ပြင်ဆင်ကြခြင်းကြောင့် ဖြစ်သည်ဟု ပြည်တွင်း စီးပွားရေး ပညာရှင် အချို့နှင့် ကုန်သည်ကြီး အချို့က ဝေဖန်သုံးသပ် ပြောဆို ကြသည်။

နိုင်ငံတော်မှ ပုဂ္ဂလိက ဘဏ်များ ဖွင့်ခွင့် စတင်ချပေးခဲ့ပြီးနောက် ပြီးခဲ့သော ရက်ပိုင်းများက စတင်၍ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ဟူသော ဘဏ်ကြီးလေးခု စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်ခွဲများကိုပါ တစ်ဆက်တည်း ဖွင့်လှစ်ခဲ့ကြသည်။



ထိုသို့ ဘဏ်လုပ်ငန်းတစ်ခု တည်ထောင်ရန် ငွေကျပ် သန်းတစ်သောင်းကို နိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြနိုင်ရမည် ဖြစ်ရာ အဆိုပါ လုပ်ငန်းများသည် မြန်မာကျပ်ငွေကို အမေရိကန် ဒေါ်လာနှင့် ပမာဏ များစွာ လဲလှယ်ခဲ့ခြင်းကြောင့် ၀ယ်လိုအား-ရောင်းလိုအား မျှခြေသဘောတရားအရ ပြည်တွင်းငွေလဲလှယ်မှု ဈေးကွက်တွင် ဒေါ်လာတန်ဖိုး ကျဆင်းကာ မြန်မာငွေတန်ဖိုး တက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြည်တွင်း ကုန်သည်များ အသိုင်းအ၀ိုင်းက ဆိုသည်။

ဆက်လက်၍ ဘဏ်များ၏ ငွေလည်ပတ်စီးဆင်းမှု ကြီးမားလာသည်နှင့် အမျှ ဗဟိုဘဏ်သို့ တင်ပြငွေ တိုးမြှင့် တင်ပြရမည် ဖြစ်သောကြောင့် ကာလအတိုင်းအတာ တစ်ခု အထိ ဒေါ်လာဈေးနှုန်း ပြန်တက်လာဖွယ် မရှိဟု ထင်မြင်မိကြောင်း ပြည်တွင်းပြည်ပသို့ စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချနေသော ပုဇွန်တောင်မြို့နယ်နေ ကုန်သည်တစ်ဦးက mmDailyNews သို့ သူ၏အမြင်ကို ဝေဖန်သုံးသပ် ပြောကြားသည်။

ရေသန့်ဘူး နဲ့ ရေသောက်ကြသူများ သတိထားစရာ.

နေ့စဉ်ခရီးသွားဟန်လွဲ အများသူငါပလတ်စတစ်ဘူးများဖြင့် ထည့်သွင်းထားသည့် သောက်ရေသန့်များကို သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။
အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ဟိုမုန်းများ ယိမ်းယိုင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။ Bisphenol A(BPA)ဟုခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးသည် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် သိုလှောင်ပစ္စည်းများတွင် အများဆုံးပါဝင်တတ်ပြီး ၎င်းဓာတ်သည် လူ့ခန္ဓာကိုယ်ရှိ ဟိုမုန်းတည်ဆောက်မှုကို ကမောက်ကမ ဖြစ်စေတတ်ကြောင်း ပညာရှင်များက လက်ခံထားကြသည်။
BPAသည် ရေသန့်ဘူးများတွင်သာမက နေ့စဉ်ထိတွေ့နေရသည့် ပလတ်စတစ် ဘူးခွက်များဖြစ်သော ရေဘူး၊ ထမင်းဘူးများနှင့် ကလေးနို့ဘူးများတွင်ပါ ပါဝင်နေလေ့ရှိသည်။ BPAအား အချို့နိုင်ငံများတွင် တရားဝင် အဆိပ်အတောက် ပစ္စည်းအဖြစ် အသိအမှတ်ပြု ပြဌာန်းထားသည်။
ဟားဗတ်ဆေးကျောင်းမှသုတေသီများသည် ရေသန့်ဘူးမှ ရေကို တစ်ပါတ်တိတိ ဆက်တိုက်သောက်စေခဲ့သော ကျောင်းသူ(၇၇)ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့၏ ဆီးအတွင်းတွင် BPAပမာဏသည် ရှိသင့်သည်ထက် (၆၉)ရာခိုင်နှုန်း ပိုများနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း (၇)ရက်အတွင်း ရေပမာဏ မည်မျှသောက်စေခဲ့သည်ကို ပညာရှင်များက မကြေညာခဲ့ပေ။ BPAသည် အမျိုးသမီးများ သားဖွားရာတွင် အခက်အခဲဖြစ်ခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း ယခင်သုတေသန ရလဒ်များအရ ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။
ထို့အပြင်ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ တိုးမြင့်လာခြင်းနှင့် သွေးတိုးရောဂါတို့နှင့်လည်း ဆက်စပ်နေကြောင်း သိရသည်။ ဟားဗက်မှ ပါမောက္ခဖြစ်သူ ကာရင်မိုက်ကယ်လ်စ်က “Polycarbonate ဒြပ်ပေါင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပလတ်စတစ် ရေသန့်ဘူးတွေမှာ BPAပမာဏ ထင်ထာထက် ပိုများနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်”ဟု ပြောကြားခဲ့သည်။
၎င်းက ကလေးနို့ဘူးများအတွင်း ထည့်ဖျော်သော နို့၏အပူချိန်နှင့် ရေဘူးများအတွင်းမှ အေးခဲစေသည့် ရေတို့ကြောင့် BPAသည် အဆိုပါ နို့၊ ရေတို့နှင့် ပိုမိုဓာတ်ပြု ပေါင်းစပ်သွားကြောင်းလည်း ရှင်းပြခဲ့သည်။ BPAသည် အပူချိန် အပြောင်းအလဲများပါက အခြားဒြပ်များနှင့် ဓာတ်ပြုရန် ပိုလွယ်ကြောင်းလည်း သိရသည်။ ထိုအခြေအနေကြောင့် ရေသန့်ဘူးများကို ပလတ်စတစ်ဖြင့် ပြုလုပ်နေမှုအား ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဟု ပါမောက္ခကာရင်က ပြောဆိုခဲ့သည်။
ကနေဒါနိုင်ငံ အစိုးရသည် ယမန်နှစ်အတွင်းက BPAကို အဆိပ်အဖြစ် သတ်မှတ်ပြီး တရားဝင် ပိတ်ပင်ထားကြောင်းလည်း သတင်းရရှိသည်။
ထိုကြောင့် နေ့စဉ် ရေသန့်ဘူးသောက် နဲ့ သောက်သုံးကြတဲ့ သူများအတွက်....
ပလတ်စတစ်ဘူးသောက်ရေသန့်များသောက်သုံးခြင်း ကျန်းမာရေးထိခိုက်နိုင် ပါကြောင်း ဒီပို့စ်လေး ကို တင်ပြ
လိုက်ရပါတယ်ရှင့်။

ဆရာဝန် မှားသွားလို့တဲ့ (ဟာသလေးပါ ပြုံးပျော်နိုင်ပါစေ)

အကြင်နာနန်းတော်လေးကို အလည်လာတဲ့ သူတွေအတွက် အပျင်းပြေလေးပေါ့နော်။

ဧကရီ ဟာသလေးတစ်ပုဒ်ဖတ်လိုက်ရလို့ ကိုယ်လည်း ဟာသပို့စ်လေး တစ်ခုတင်ချင်

စိတ်ပေါက်လာတာနဲ့ ရေးဖြစ်လိုက်တာပါ။ပြုံးရုံ ကလေးပြုံးပါနော်


တခါက အဘွားတစ်ယောက်ပေါ့.အသက်ကြီးလာတော့သွားတွေက မခိုင်တော့ဘူးလေ။

နေ့စဉ်ပဲ သွားအမြစ်က အစားစားတိုင်းနာနာ နေတော့ လမ်းထိပ်က ဆေးခန်းကို သွားပြ

ဖို့ထွက်ခဲ့သတဲ့။ အဲ..ဆေးခန်းလည်းရောက်ရော..လူနာတွေ တန်းစီပြီးထိုင်စောင့်နေတာ

တွေ့တော့.ဗိုက်နာချင်ယောင်ဆောင်ပြီး အဖွား ကို အရင်ပြခွင့်ပြုပါကွယ်။ အဖွား အရမ်း
နာလာလို့ပါ။ ဆိုတော့ အခန်းထဲ ကဆရာဝန်က ကြားရော .လာလာအဖွား အရင်လာ ဆို
ပြီးအခန်းထဲ ခေါ်ပြီး ဆေးစစ်ပေးတာပေါ့။ အဖွားနာတာကြာပြီလား လို့ မေးတော့ အင်း
ဟုတ်တယ်ကွဲ့ နှစ်ချီပြီးနာနေတာ အမြစ်ပါပြတ်အောင်ကုပေးပါ ဆရာရယ်.. ဆိုတော့ ဆရာ
ဝန်ကလည်း စိတ်ချအဖွား တကယ်လို့ ကျနော်ပေးတဲ့ ဆေးစားလို့မသက်သာရင် အဖွား ပြန်
လာပြပါ.ခုကျနော် အကုန်လုံးစစ်ဆေးပြီးပါပြီအဖွား လို့ပြောပြီး ကျသင့်ငွေ ယူပြီးနောက်လူ
နာတစ်ယောက်ထပ်ကြည့်သတဲ့။
အဲဒါနဲ့ မပြီးသေးဘူး နောက်တစ်ရက်မနက် ဆေးခန်းမှာ အဖွားအစောကြီးထိုင်စောင့်နေတာ
တွေ့တော့ဆရာဝန်က မေးသတဲ့။ အဖွားမသက်သာဘူးလား ဆိုတော့ မသက်သာပါဘူး ..။
ဆရာရယ် အရင်နေ့ကလိုပဲ နာတုံး။ အသက်ကလည်း ထောက်လာတော့ သွားတွေက အမြဲပဲ
တစ်ချောင်းပြီး တစ်ချောင်းဒုက္ခ ပေးနေပြီလေ။မနေ့ က ဆရာအမြစ်ရှာတာ ကျန်ခဲ့တယ်
်ထင်တယ်ဆရာ သေချာ ပြန်ကြည့်ပေးပါလား.
ဗျာ့..အဖွားက မနေ့ကဘာဖြစ်လို့လာပြတာလဲ ကျနော်က အိုဂျီဆရာဝန်လေ အမျိုးသမီး
ရောဂါ ကြောင့် လာပြတာမ ဟုတ်ဘူးလားအဖွား။
ဟုတ်ဘူးလေ အဖွားက သွားနာလို့ လာပြတာ ဆရာက အဖွားကို သွားအမြစ်ရှာပေးနေ
တယ်ထင်လို့ လေ။
ဟား ဟား ဟား သေလိုက်ပါတော့ အဖွားရယ်။ ကျနော်က အဖွားအခန်းထဲ ၀င်လာတော့
ဗိုက်ကိုင်ပြီးဝင်လာတာကို..ဗျာ့။
ကဲ သူယ်ချင်း တို့လည်းဆေးခန်းပြရင်ဆရာဝန်နာမည်ကိုသေချာ ကြည့်နော် မမှားစေနဲ့အုံးဗျ :)