Wednesday, October 6, 2010

Elven Legacy –SKIDROW 2009

Elven Legacy –SKIDROW 2009 | 1.90 GB
Genre: Strategy 
 
Elven Legacy –SKIDROW 2009

Elven Legacy –SKIDROW 2009

Elven Legacy –SKIDROW 2009


System requirements
Elven Legacy
System: Windows XP
Processor: 1.5 GHz Pentium IV; AMD 2000+ 1,5Ghz (Single Core)
RAM: 512 MB
Graphics card: nVidia GF FX 5700 or ATI Radeon 9600 128 MB
Sound card: DirectX-compatible
Hard drive: 3 GB of free space
DirectX 9.0c

ဒေါင်းရန်




အင်းလေးကန်တွင် ယခင်နှစ်များကဲ့သို့ ရေမပြည့်သေးသော်လည်း ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ ပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပမည်


    ၂၀၁၀ ပြည့်နှစ် နွေရာသီရေ ခန်းခြောက်မှုများရှိခဲ့ပြီး ယခုအခါ မိုးရေနှင့် တောင်ကျချောင်းရေများ ၀င်ရောက်လာမှုကြောင့် ယခင်နှစ်များ လောက် စံချိန်မီရေပြည့်မလာသေး သော်လည်း အင်းလေးဖောင်တော်ဦး ဘုရားဒေသစာရီ ကြွချီပူဇော်ပွဲကို ရိုးရာ အစဉ်အလာမပျက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်မှ ၂၆ ရက် နေ့အထိ ၁၈ ရက်တိုင်တိုင် ကြွချီ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

     အဆိုပါအစီအစဉ်ကို အင်းလေး ဖောင်တော်ဦးဘုရား ဗုဒ္ဓသာသနာ ထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ကျင်းပသော သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ ပြည်နယ်၊ မြို့နယ်၊ သံဃနာယကအဖွဲ့မှ ဆရာတော်ကြီး များ၊ သာသနာရေးဦးစီးဌာန၊ မြို့နယ် ကောင်စီ၊ ဌာနဆိုင်ရာနှင့် ဂေါပက အဖွဲ့ဝင်များ၊ ဘုရားကြွဌာနအသီးသီးမှ ကျောင်းဦးဒါယကာများပါဝင်သော ဒေသန္တရမျက်နှာစုံညီ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ခဲ့သည်။

    အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ တင်ဆောင်ရာ ကရ၀ိက်ဖောင်တော်အကြီးမှာ အလျား ၄၄ တောင်၊ အနံ ၁၈ တောင်၊ အမြင့်  ပြာသာဒ်အပါအ၀င် ၂၄ တောင်ရှိ၍ လှေကြီးနှစ်စင်းပေါ်၌ ဖောင်ဖွဲ့တည် ဆောက်ထားသည်။ ခံနိုင်ဝန်ခြောက်တန်ခန့် ရှိမည်ဖြစ်ပြီး ရေစူးအနက်သုံးပေခန့် ရှိမည်ဖြစ်ကာ ကရ၀ိက်ဖောင်တော်အငယ်မှာ အလျား ၃၄ တောင်၊ အနံရှစ်တောင်အမြင့် ပြာသာဒ်အပါ အ၀င် ၁၂ တောင်ရှိကာ လှေအလတ် နှစ်စင်းပေါ်တွင် ဖောင်ဖွဲ့ တည်ဆောက်ထားကြောင်း၊ ခံနိုင်ဝန်သုံးတန်ခန့်ရှိ မည်ဖြစ်ကာ ရေစူးအနက်နှစ်ပေခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

    သို့ဖြစ်၍ကြွချီရာ ရေပြင်အနေအထားအရ ရေနက်လျှင် ဖောင်တော်အကြီးကို အသုံးပြုမည်ဖြစ်ပြီး ရေတိမ်လျှင် ဖော်တော်အငယ်ကို အသုံးပြုတင်ဆောင်ကြွ ချီသွားမည်ဖြစ်ကြောင်း၊ ရေစူးသက်သာစေရန် ဖောင်တော်နှစ်ခု ပေါ်တင်ဆောင်မည့် ခံနိုင်ဝန်ကိုလည်း အတတ်နိုင်ဆုံး လျှော့ချတင်ဆောင် ကြွချီသွားမည်ဖြစ်ကြောင်း သိရသည်။

CSS အကြောင်း မြန်မာလို လေ့လာဖို့

Webpage တွေကို ရေးတဲ့အခါ ဒီဇိုင်းအလှဆင်ဖို့ အတွက်ဆိုရင် HTML တခုထဲနဲ့ မလုံလောက်တော့ပါဘူး။ CSS ကိုပါသိဖို့ လိုလာပါပြီ။ CSS ကို မြန်မာလို လေ့လာဖို့အတွက် အောက်မှာ တင်ပေးလိုက်ပါတယ်။

ဖတ်ရန်
ဒေါင်းလုပ် လုပ်ရန်

HTML အကြောင်း မြန်မာလိုလေ့လာဖို့

Website တွေကိုဖန်တီးဖို့ပဲဖြစ်ဖြစ်၊ ဖိုရမ်/ဘလော့ တွေရေးဖို့ဖြစ်ဖြစ် HTML ကို တတ်ကျွမ်းဖို့ လိုလာပါတယ်။ HTML ကို မြန်မာဘာသာနဲ့ ရေးထားတဲ့စာအုပ်လေး လေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်။

ဖတ်ရန်
ဒေါင်းလုပ် လုပ်ရန်

ကမ္ဘာ့ပထမဆုံး အာကာသဟိုတယ်မှာ တည်းကြမလား

ကမ္ဘာ့ပထမဆုံးသော အာကာသဟိုတယ် တည်ဆောက်ခွင့်ကို ရုရှားအာကာသအဖွဲ့ Energia က ရရှိထားပြီး မော်စကို အခြေစိုက် Orbital Technologies ကုမ္ပဏီမှ တည်ဆောက်သွားမည် ဖြစ်ပြီး ပထမဆုံး ဧည့်သည်များကို ၂၀၁၆ ခုနှစ်တွင် စတင်လက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ကမ္ဘာကို ပတ်နေမည့် အဆိုပါ အာကသ ဟိုတယ်တွင် တစ်ကြိမ်လျှင် အနည်းဆုံး ခရီးသည် ၇ ဦး တည်းခို လိုက်ပါနိုင်မည် ဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူမျိုး အမျိုးမျိုးတို့၏ အကောင်းဆုံးဟင်းလျာများကို အထူးကောင်းမွန်စွာ ဧည့်ခံတည်ခင်းနိုင်ရန် နာမည်ကျော် စားဖိုမှုးများလည်း ခန့်အပ်ထားမည်ဟု သိရသည်။


တည်ဆောက်မည့်သူများက နောင်တစ်ချိန် လကမ္ဘာသို့ ခရီးစဉ်များ ပြေးဆွဲလာသည့်အခါ ၄င်းတို့၏ ဟိုတယ်ကို လဗိမာန်မရောက်မီ တစ်ထောက်နား ကွန်းခိုရာ နေရာတစ်ခုအဖြစ် ဈေးကွက်ဝင်လာရန် မျှော်လင့်ကြောင်း၊ အာကာသအတွင်း သိပ္ပံစမ်းသပ်မှုများ အတွက်ပါ နေရာပေးသွားမည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားသွားခဲ့သည်။

လူ ၁၀၀၀ မှာ ၃၅ ယောက် ဖုန်းဆက်သွယ်ရေး ရပြီဟု ဆိုသော ပြည်တွင်း ဖုန်းဆက်သွယ်ရေးလောက၏ အပေါင်းအနုတ် သတင်းအချို့

GSM ဖုန်းလိုင်းများကို  စစ်ဆေး ပြုပြင် မွမ်းမံမှုများ ပြုလုပ်နေ၍ ရက်သတ္တပတ် နှစ်ပတ်ကြာခန့် လိုင်းအနည်းငယ် ကျနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စမ်းချောင်းမြို့နယ် အိတ်ချိန်းရုံးမှ ၀န်ထမ်းတစ်ဦးက ပြောပြ ခဲ့သည်။

ဤသို့ GSM ဖုန်းလိုင်းများကို  စစ်ဆေး ပြုပြင် မွမ်းမံမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိတ်ချိန်းရုံးများတွင် လုပ်ဆောင်လျက် ရှိသည့် အတွက် ယခု နှစ်ပတ်အတွင်း လိုင်းအနည်းငယ် ကျခြင်း ဖြစ်နိုင်သည် ဟု ကြားသိရသည်။

GSM ရေဒီယို စခန်း ၃၀ တိုးချဲ့တည်ဆောက်လျက် ရှိပြီး လက်ရှိ ပြည်တွင်းတွင် GSM ဖုန်းအလုံးရေ ၅ သိန်း ခန့် ရှိကာ မြန်မာနိုင်ငံ၏ လူတစ်ထောင်တွင် ၃၅ ယောက် ဖုန်းကိုင်နိုင်ပြီဟု သတင်းရရှိသည်။


လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ပြည်တွင်းဆက်သွယ်ရေး အဆင့်အတန်း မြှင့်တင်မှု အနေဖြင့် PCO ဖုန်းရုံများကို ပြည်နယ်များနှင့် တိုင်းဒေသကြီးများ အတွင်းရှိ ကျေးလက်ဒေသများအထိ တိုးချဲ့ ချပေးလျက်ရှိကြောင်း၊ ယခုလက်ရှိ ပြည်တွင်း ကျေးလျက်ဒေသများတွင် GSM PCO စခန်း ၂၄၈၇ ခု၊ CDMA 450 PCO စခန်း ၁၇၈၉၂ ခန့် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စာရင်းဇယားများ အရ သိရသည်။