Saturday, November 6, 2010

က​လေး​ကို​​ ​တစ်​လ​ထက်​ပို​၍​​ ​နို့​ချို​​ တိုက်​ကျွေး​သည့်​​ ​အ​မျိုး​သ​မီး​များ​​ ​ဆီး​ချို​​ ဖြစ်​နိုင်​ခြေ​​ လျော့​နည်း​​ သွား​နိုင်






မိ ​မိ​၏​ ​က​လေး​ကို​​ ​တစ်​လ​ထက်​ပို၍​ ​နို့​ချို​တိုက်​ကျွေး​ခဲ့​သော​​ ​အ​မျိုး​သ​မီး​များ​သည်
အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​​ ​ဆီး​ချို​ဖြစ်​နိုင်​ခြေ​​ ​လျော့​နည်း​သွား​ကြောင်း​​ ​သု​တေ​သီများ​က​ ​ပြော​ကြား​ခဲ့ သည်​။

ပစ်​စ​ဘတ်​တ​က္က​သိုလ်​​ ​ဆေး​ပ​ညာ​ဌာ​န​မှ​ ​ဒေါက်​တာ​ဘီ​မ​လာ​ရှာ​ဝက်​က​​ ​နို့​တိုက်​ခဲ့​သော​ ​သား​သည်​အ​မေ​များ​နှင့်​​ ​နှိုင်း​ယှဉ်​ပါ​က​ ​လုံး​ဝ​နို့​မ​တိုက်​ဖူး​သော​​ ​အ​မျိုး​သ​မီး​များ​သည်​​ ​အ​သက်​ကြီး​လာ​ချိန်​တွင်​​ ​ဆီး​ချို​ရော​ဂါ​ ​ရ​ရှိ​နိုင်​ခြေ​​ ​နှစ်​ဆ​မျှ​ ​မြင့်​တက်​လာ​ကြောင်း​​ ​ရှင်း​ပြ​ခဲ့သည်​။ ​အ​မေ​ရိ​ကန်​​ ​ဆေး​ပ​ညာ​ဂျာ​နယ်​တွင်​​ ​ဘီ​မ​လာ​နှင့်​ ​လုပ်​ဖော်​ကိုင်​ဖက်​​ ​သု​တေ​သီ​များ​၏​ ​တွေ့​ရှိ​မှု​ကို​​ ​ဖော်​ပြ​ထား​ခဲ့​သည်​။

ယ​ခု​သု​တေ​သ​န​ ​စစ်​တမ်း​ကို​ ​အ​မျိုး​သား​ ​အ​စာ​လမ်း​ကြောင်း​၊​ ​ကျောက်​ကပ်​ရော​ဂါ​နှင့်​ ​ဆီး​ချို​ဆိုင်​ရာ​ ​လေ့​လာ​ရေး​နှင့်​ ​ပ​ညာ​ရေး​ဌာ​န​၊​ ​က​လေး​ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​မှု​ဌာ​န​မှ​ ​သု​တေ​သီ​များ​က​ပါ​ ​ပူး​ပေါင်း​ပါ​ဝင်​ ​ပြု​စု​ခဲ့​သည်​။ ​ဘီ​မ​လာ​တို့​အ​ဖွဲ့​သည်​ ​အ​သက်​ ​၄၀​ ​မှ​ ​၇၈​ ​နှစ်​ကြား​ ​အ​မျိုး​သ​မီး​ပေါင်း​ ​၂၂၃၃​ ဦး​၏​ ​ဆီး​ချို​ရော​ဂါ​ဆိုင်​ရာ​ ​အ​ချက်​အ​လက်​များ​နှင့်​ ​နေ​ထိုင်​မှု​ပုံ​စံ​ကို​ ​စ​နစ်​တ​ကျ​ ​နှိုင်း​ယှဉ်​သု​တေ​သ​န​ ​ပြု​ခဲ့​သည်​။ ​ယင်း​တို့​အ​နက်​ ​၄၀၅​ ဦး​သည်​ ​က​လေး​အ​မေ​များ​ ​မ​ဟုတ်​ဘဲ​ ​၁၁၂၅​ ဦး​မှာ​မူ​ ​က​လေး​ကို​ ​တစ်​လ​ကျော်​ထိ​ ​နို့​တိုက်​ဖူး​ပြီး​ ​ကျန်​ ​၇၀၃​ ဦး​မှာ​မူ​ ​လုံး​ဝ​နို့​မ​တိုက်​သည့်​ ​က​လေး​အ​မေ​များ​ ​ဖြစ်​ကြ​သည်​။

လေ့​လာ​မှု​များ​အ​ရ​ ​နို့​မ​တိုက်​ဖူး​သော​ ​က​လေး​အ​မေ​နှင့်​ ​က​လေး​အ​မေ​ ​မ​ဟုတ်​သူ​များ​သည်​ ​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​ ​တစ်​လ​ထက်​မ​နည်း​ ​နို့​တိုက်​ခဲ့​သော​ ​မိ​ခင်​များ​ထက်​ ​ဆီး​ချို​ရော​ဂါ​ ​ရ​ရှိ​နိုင်​ခြေ​ ​ပျမ်း​မျှ​အား​ဖြင့်​ ​၁.​၄​ ​ဆ​မျှ​ ​ပို​များ​နေ​တတ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ ဆိုက်ဘာကဖေးနှင့် အများပြည်သူ အပန်းဖြေရာနေရာ အချို့တွင် လုံခြုံရေးကင်မရာကို အလွဲသုံးကာ

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ အင်တာနက်ဆိုင်နှင့် အများပြည်သူ စိတ်လက်အပန်းဖြေရာ နေရာအချို့တွင်
လုံခြုံရေးအရ တပ်ဆင်အသုံးပြုထားသော စီစီတီဗီ ကင်မရာများကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးထိပါးမှုများ ပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံ လူငယ်ထုနှင့် ကိုယ်တွေ့ကြုံတွေ့ ခဲ့သူများ၏ ပြန်လည် ပြောကြားချက်များအရ သိရှိရပါသည်။


ရန်ကုန်မြို့နေ လူထုအများစု၏ စိတ်လက်အပန်းဖြေရာ ပန်းခြံ၊ ဆိုက်ဘာကဖေးများနှင့် ရှော့ပင်းစင်တာများရှိ ဈေးဝယ်ထွက်သူများ၏ အ၀တ်လဲခန်းများတွင်ပါ အများပြည်သူမြင်သာမှုမရှိသည့် စီစီတီဗီများကို တပ်ဆင်ကာ ပုဂ္ဂိုလ်ရေး ထိပါးနှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့သည် ကို တွေ့မြင်နေရကြောင်း မြို့ခံလူငယ်တစ်ဦးက ပြောပြခဲ့သည်။


ယင်းဖြစ်ရပ်များကို အင်တာနက်အား ပုံမှန်သုံးစွဲမှုပြုနေသော လူငယ်များကြားတွင်လည်း တွေ့မြင်နေရတတ်ပြီး ယခုအခါ ဆိုက်ဘာကဖေးများတွင်ပါ လုံခြုံရေးကင်မရာ တပ်ဆင်ထားကာ ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် ကျူးလွန်ခြင်းများရှိလာကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တက်ရောက်နေသော ကျောင်းသားတစ်ဦးက ၎င်းတွေ့ကြုံခဲ့ရသည်ကို ပြန် လည် ပြောပြခဲ့သည်။

အမျိုးသမီးငယ်များ အနေဖြင့် ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ် စားဆင်ယင်ခြင်းများသည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ် အလွယ်တကူထားရာ သားကောင်သဖွယ် ဖြစ်သွားနိုင်ကြောင်း ..

"ကျွန်တော်တို့ လူငယ်အသိုင်း အ၀ိုင်းမှာ ဒီဖြစ်စဉ်အသစ်တွေကို ကြားသိနေရတာ အမြဲပဲ။ အရင်က ရှော့ပင်းစင်တာ အ၀တ်လဲခန်းတွေမှာ လုံခြုံရေးကင်မရာခိုးတပ်ပြီး ၀က်ဘ်ဆိုက်ပေါ်တင်လို့ ပြဿနာတွေရှိခဲ့ကြသလို အခုဆိုက်ဘာကဖေးတွေ မှာလည်း ဒီပြဿနာတွေ ဖြစ်လာတာ အွန်လိုင်းပေါ်တောင် ရောက်နေ ပြီ"ဟု ၎င်းက ပြောပြခဲ့သည်။

ဆိုက်ဘာကဖေးများ၌ ကင်မရာများ တပ်ဆင်ကာပုဂ္ဂိုလ်ရေးထိပါး နှောင့်ယှက်မှု ပြုလုပ်ကြသည်ဟုဆိုရာ တွင် မိမိတို့ဆိုင်သို့ လာရောက်ကြသော အသုံးပြုသူများအား သတ်မှတ် ထိုင်ခုံတွင် ထိုင်စေပြီး ခုံ၏အောက်ခြေ၌ ကင်မရာတပ်ဆင်ဖမ်းယူထားသည့် ဗီဒီယိုမှတ်တမ်းများ ၀က်ဘ်ဆိုက်ပေါ်၌ တွေ့မြင်လာရကြောင်း  အင်တာနက်ပုံမှန် အသုံးပြုသူလူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။

"အွန်လိုင်းအပေါ်မှာ အခုလက်ရှိဖြစ်နေတာက အင်တာနက်ဆိုင် တချို့မှာ စကတ်တိုဝတ်ထားတဲ့ အမျိုးသမီးတွေလာရင် ကင်မရာခိုးတပ်ထားတဲ့သီးသန့်ခုံမှာ ထိုင်ခိုင်းတယ်။ သူတို့ ထသွားရင် ဗီဒီယိုဖိုင်ကူးပြီး ဆိုင်က လူတွေကြည့်ရုံသာမက ၀က်ဘ်ဆိုက်ပေါ်ထိ တင်ကြတယ်။ ဒါက ပုဂ္ဂိုလ်ရေးလုံးဝ ထိပါးတယ်လို့ထင်ပါတယ်" ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေကျောင်းသားတစ်ဦးက ပြော ပြခဲ့သည်။

လူငယ်အများစုအနေဖြင့်လည်း အများပြည်သူများ မြင်သာရာနေရာများသို့ သွားလာရာ၌ ခေတ်နှင့်လျော်ညီစေရုံသာ ၀တ်စားဆင်ယင်သင့်ပြီး ခေတ်မလွန်စေရန် သတိပြုဆင်ခြင်သင့်ကြောင်း ပစ္ဆိမာရုံပညာ ဒါနသင်တန်းမှ ကျောင်းဆရာတစ်ဦးက ပြောပြခဲ့သည်။

ရှော့ပင်းစင်တာများရှိ အ၀တ်လဲခန်းအချို့တွင်လည်း လုံခြုံရေး ကင်မရာများ အလွဲသုံးစွဲခဲ့သည့် ဖြစ်ရပ်အချို့ကြောင့် အမျိုးသမီးများ အနေဖြင့် များစွာသတိပြု ဆင်ခြင်လာရကြောင်း သိရှိရပါသည်။

"အခုဆိုရင် ရှော့ပင်းစင်တာတွေမှာ အ၀တ်အစားဝယ်ဖို့ စမ်းဝတ်ကြည့်ရင်တောင် အ၀တ်လဲခန်း ၀င်ရမှာကြောက်တယ်။ ၀င်ရင်လည်း ကင်မရာ ရှိ၊ မရှိ သတိထားပြီး ကြည့်လာရတယ်"ဟု ရှော့ပင်းစင်တာတစ် ခုတွင် ပုံမှန်ဈေးဝယ်လေ့ရှိသူ လူငယ် မိန်းကလေးတစ်ဦးက ပြောပြခဲ့သည်။

အမျိုးသမီးငယ်များ အနေဖြင့် ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ် စားဆင်ယင်ခြင်းများသည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ် အလွယ်တကူထားရာ သားကောင်သဖွယ် ဖြစ်သွားနိုင်ကြောင်း အင်တာနက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ခဲ့ပါသည်။

"၀က်ဆိုက်ပေါ် ရောက်နေတဲ့ cyber abuses တွေကို ကြည့်ရင် လုံးဝမမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေချည်းပဲ။ လူငယ်တွေအနေနဲ့ ဒါကို သတိပြုဆင်ခြင်သင့်သလို ကိုယ့်ရဲ့ဝန်းကျင်မှာလည်း ဒါမျိုးမဖြစ်အောင် နေထိုင်သင့်တယ်"ဟု လူငယ်ရေးရာ ကျွမ်းကျင်သူတစ်ဦးက အကြံပြုပြောကြားခဲ့သည်။

ဂင်းနစ်မှတ်တမ်းဝင် စံချိန်များ(၁)

(၁) ကမ္ဘာ့ အသံအကျယ်ဆုံးလူ
- ပေါ(လ်)ဟမ်း
- ၂၄/၉/၂၀၀၈ နေ့ လန်ဒန်တွင် ၁၀၇.၁ ဒက်ဆီဘယ်(လ်) ကျယ်အောင် အော်နိုင်ခဲ့သည်။

(၂) ကမ္ဘာ့ အရပ်အရှည်ဆုံးလူ
- ရောဘတ်ပါရှင် ၀က်(ဒ်)လိုး
- ၁၅/၇/၁၉၄၀ နေ့၊ အမေရိကန်ပြည်ထောင်စုတွင် တိုင်းထွာချက်အရ ၈ပေ၊ ၁၁လက်မ ရှည်သည်။

(၃) ကိုယ်ခန္ဓာတွင် အပေါက်အများဆုံးဖောက်ကာ အလှဆင်သော အမျိုးသမီး
- အီလိန်း ဒေဗစ်ဆန်
- ၉/၈/၂၀၀၁ နေ့၊ အင်္ဂလန်နိုင်ငံ၊ အပေါက်ပေါင်း (၇၂၀) ဖောက်ထားသည်။

(၄) ကမ္ဘာ့ မျက်နှာပြောင်အတိုက်နိုင်ဆုံးလူ
- ဂေါ်ဒန် မက်တင်ဆန်
- ၁၉၆၇-၇၂၊ ၁၉၇၄-၇၇။ အင်္ဂလန်နိုင်ငံ၊ ကမ္ဘာ့ မျက်နှာပြောင်ပြိုင်ပွဲ ချန်ပီယံ ၁၀ ကြိမ်တိတိရယူနိုင်ခဲ့သည်။

(၅) ကမ္ဘာ့ မျက်လုံးအပြူးထွက်ဆုံး အမျိုးသမီး
- ကင်(မ)ဂွတ်(ဒ)မန်
- ၂-၁၁-၂၀၀၇၊ တူရကီနိုင်ငံ၊ ၁၂ မီလီမီတာ ပြူးထွက်လျက်ရှိသည်။

(၆) ကမ္ဘာ့ ခါးအသေးဆုံးအမျိုးသမီး
- ကေသီဂျန်း
- ၁၉၉၉၊ အမေရိကန်ပြည်ထောင်စု၊ ခါး(၁၅)လက်မသာ ရှိသည်။

(၇) ကမ္ဘာ့ လေမှုတ်အား အကောင်းဆုံးလူ
- မန်ဂျစ်ဆင်း
- ၁၆/၉/၁၉၉၈၊ အိန္ဒိယနိုင်ငံ၊ ပူပေါင်းကို အချင်း (၈)ပေရောက်အောင် မှုတ်နိုင်ခဲ့သည်။

(၈) ကမ္ဘာ့ နားမွှေးအရှည်ဆုံးလူ
- အန်ထိုနီ ဗစ်တာ
- ၂၆/၈/၂၀၀၇၊ အိန္ဒိယနိုင်ငံ၊ ၇.၁၂ လက်မရှည်သည်။

(၉) ကမ္ဘာ့ ဆံပင်အရှည်ဆုံး အမျိုးသမီး
- ရှီချူပင်း
- ၈/၅/၂၀၀၄၊ တရုတ်နိုင်ငံ၊ ကွမ်ရှီး ပြည်နယ်၊ ၁၈ ပေနှင့် ၅.၅၄ လက်မ ရှည်သည်။

(၁၀) ကမ္ဘာ့ လျှာအရှည်ဆုံးလူ
- စတီဖင် တေလာ
- ၁၁/၂/၂၀၀၉၊ အင်္ဂလန်နိုင်ငံ၊ ၃.၈၆ လက်မ ရှည်အောင်ထုတ်ပြနိုင်ခဲ့သည်။

(၁၁) ခြေချောင်း၊ လက်ချောင်းအများဆုံးလူ
- ဒီဗင်ဒရာ ဟန်း
- အိန္ဒိယ နိုင်ငံ၊ ၉/၁/၁၉၉၅ တွင်မွေးဖွားပြီး လက်ချောင်း(၁၂)ချောင်း၊ ခြေချောင်း(၁၃)ချောင်း ပါသည်။

ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံများ



ငှက်ပျောသီးအခွံ (banana peel)
ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း အလွန်ကောင်းပါတယ်။
ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ် လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ စားသောက်နိုင်တယ်လို့ဆိုပါတယ်။

ကြက်သွန်ဖြူ (Garlic)
ကြက်သွန်ဖြူ အခွံမှာ ကွဲပြားတဲ့ antioxidant ၆ မျိုးပါဝင် ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville က ရှင်းပြပါတယ်။

ရှောက်သီး၊ သံပုရာသီး အမျိုးဝင်အသီးများ (Citrus)
လိမ္မော်သီး၊ ပျားလိမ္မော်သီး တို့ရဲ့အခွံတွေကတော့ ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် နှလုံးရောဂါဖြစ်ခြင်းတို့ကို အစွမ်းအထက်ဆုံး ကာကွယ်မှု့အပေးနိုင်ဆုံး အခွံတွေဖြစ်ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောဓါတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ခြင်းတို့ရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့သို့ပင် ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပါတ်သက်ပြီး ရှောက်သီး သံပုရာသီး အမျိုးအနွယ်ဝင် အသီးများရဲ့ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်များဟာလဲ မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုတ် ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျော့ကျခြင်း နှင့် ဘက်တီးရီးများ ကိုလဲ ဟန့်တားပေးနိုင်တယ်လို့ ပြောပါတယ်။

ရွှေဖရုံ၊ ကျောက်ဖရုံ နှင့် သခွါးမွှေးများ (Pumpkin, butternut and other squashes)
သခွါးမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာအကျိုးဖြစ်ထွန်းစေသလို၊ အသားအရေ မွဲခြောက်မှု့၊ နှလုံးရောဂါ နှင့် ကင်ဆာရောဂါများကို ဟန့်တားစေနိုင်ပါတယ်။ ယင်းအသီး များရဲ့ အခွံကိုစားဖို့အတွက် ခက်ခဲမှု့အနည်းငယ် ရှိတဲ့အတွက်ကြောင့် အခွံကို ပါးနိုင်သလောက် ပါးအောင်ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။

အာလူး (Potatoes)
အာလူးအခွံစားလျှင် လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ။ အာလူးအခွံမှာလဲ ပိုတက်စီယံ၊ သံဓါတ်၊ ဗီတာမင်စီနှင့် အခြားဓါတ်ပေါင်းများစွာပါရှိတယ်လို့ သိရပါတယ်။ 
from myanmarmysteriestou