Saturday, November 13, 2010
*** မသိသေးသူများ အတွက်သာ ရည်ရွယ်ပါတယ်။ ***
တချို့ကလည်း ပြောကြပါတယ်။ မြန်မာနိုင်ငံကနေပြီးတော့ Blogspot ကို ဖွင့်ရင် ပိတ်ထားလို့ ဝင်လို့ မရပါတဲ့။ ဒီတော့ အဆင်ပြေသူများက ကိုယ့်ရဲ့ Blogspot ကို ဒိုမိန်းပြောင်းပြီး .com ၊ .net ၊ .org ၊ .info ဆိုပြီး ပြောင်းလိုက်ကြတယ်။ ဒီတော့ မြန်မာနိုင်ငံက စာဖတ်သူများ အလွယ်တကူ ဝင်ဖတ်လို့ ရသွားပါတော့တယ်။
ဒါပေမဲ့ Blogspot ကို ပိတ်ထားတာ ဖြစ်လေတော့ မြန်မာနိုင်ငံက လူတွေ ဝင်ဖတ်တော့ စာကိုသာ မြင်ရပြီး သူနဲ့ ပတ်သတ်ပြီး တင်တဲ့ ပုံတွေ ၊ အသံတွေ ၊ ဗီဒီယိုတွေကို မမြင်ရပဲ ဗလာကြီးပဲ မြင်ရပါတယ်။ တချို့သော နေရာတွေမှာပါ။ ဒီအတွက် ကျွန်တော် တင်နေတဲ့ ပုံတွေ ၊ အသံတွေ ၊ ဗီဒီယိုတွေ တင်နည်း ( လူပြိန်းနည်း ) ကို ပြောပြပါမယ်။ လွယ်ပါတယ်ဗျ။
ပုံတင်နည်း
ပုံကို ရိုးရိုးတင်မယ် ဆိုရင် Upload လုပ်ပြီးတော့ တင်ရပါတယ်။ ဒါဆို ဘာပဲ ပြောပြော ကြာပါတယ်။ ကျွန်တော်ကတော့ Google က ရှာတာ ဆိုရင် ဒီလိုပဲ တင်ပါတယ်။
၁။ ပထမဦးဆုံး ကိုယ့်ရဲ့ Post ရေးတဲ့ အကွက် ညာဘက် အပေါ်မှာ Edit HTML နဲ့ Compose လို့ ရှိပါတယ်။ ဒါကို Edit HTML ဆိုတာလေးကို ရွေးလိုက်ပါ။
၂။ ပြီးရင် ဒီကုတ်ကို ဒီနေရာမှာ ကို ကူးထည့်လိုက်ပါ။
ကုတ်ကြီးပဲ ဆို. . ဒါပါ ( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )
၃။ ပြီးရင် ဒီနေရာမှာ ဆိုတဲ့ နေရာမှာ google က ရှာထားတဲ့ ပုံရဲ့ Link ကို ကူးထည့်လိုက်ပါ။ ဒီနေရာမှာ " " ဒါလေးတွေတော့ မပျောက်သွားပါစေနဲ့။ ဒီလိုပေါ့ဗျာ။
( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )
၎။ ပြီးရင် ညာအပေါ်က Compose ဆိုတာကို ပြန်နှိပ်လိုက်ပါ။
၅။ ဒါဆိုရင် ချက်ချင်း ပုံလေးပေါ်လာပါပြီ။ ဒီပုံကို ကြီးချင် သေးချင်ရင်တော့ ပုံရဲ့ ဘေးအစွန်ကပဲ ဖြစ်ပါစေ။ ပုံကိုပဲ နှိပ်ပြီး ဖြစ်ပါစေ သေးလို့ ကြီးလို့ ရပါတယ်။ ဒါဆို ပုံလေးတွေကို တင်လို့ မြင်ရပါပြီ။
အသံ တင်နည်း
အသံတင်နည်းကတော့ နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စာဖတ်တာကို ပိုပြီး အားသန်သူ တစ်ယောက် အနေနဲ့ ဆိုက်ထဲ ဝင်တာနဲ့ သီချင်း အလိုလို ထွက်လာတဲ့ Auto Play ဆိုတာကို မနှစ်သက်ပါဘူး။ ဒါကြောင့် နားထောင်ချင်ရင် ကိုယ့်ဖာသာ နှိပ်လို့ရတဲ့ ဟာလေးကိုပဲ လုပ်နည်း တင်ပေးလိုက်ပါ့မယ်။
၁။ ပထမဦးဆုံး http://www.4shared.com သို့သွားပါ။ ပြီးရင် အကောင့်မရှိရင် Sign Up လုပ်ပါ။ ဒါမှ ကိုယ်က အသံတွေကို ပြန်ပြီး ပြင်မယ် ဆိုရင် လုပ်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ထပ်လည်း အားသာချက်တွေ ရှိပါသေးတယ်။ ဘယ်နှစ်ယောက် ကိုယ်တင်ထားတာကို လာနားထောင်သွားလည်း ဆိုတာကိုလည်း ပြန်ပြီး စစ်လို့ရပါတယ်။
၂။ အကောင့်လုပ်ပြီးရင် အလိုလို ကိုယ့်ရဲ့ အကောင့်ထဲကို ဝင်သွားပါလိမ့်မယ်။ တကယ်လို့ အကောင့်ရှိပြီးသား ဆိုရင် Sign In လုပ်ပြီး ဝင်လိုက်ပါ။ အထဲကို ရောက်ပြီ ဆိုရင် ဘယ်ဘက် အောက်ထောင့်မှာ Upload လုပ်ဖို့ အကွက်လေး ရှိပါတယ်။
၃။ ထိုအကွက်ထဲမှ Browse ကို နှိပ်၍ ကိုယ်တင်လိုသော အသံဖိုင် ( MP3 ) ကို ရွေးလိုက်ပါ။ ပြီးရင် အကွက်လေး ညာဘက်အောက်မှ Upload ကိုနှိပ်ပြီး တင်လိုက်ပါ။
၎။ ဒါဆို သူ့ဖာသာ Upload တင်နေပါလိမ့်မယ်။ ခဏစောင့်ပါ။
၅။ Upload တင်ပြီးရင် အလယ်က ဘောင်ကွက်ကြီးထဲမှာ မိမိ တင်ထားတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်။ ဒါအပြင် သူက တင်ပြီးကြောင်းကို ဘောင်ကွက်လေး အသစ်တစ်ခုနဲ့ ပြပေးပါလိမ့်မယ်။
၆။ အဲဒီအထဲက လင့်လေးက ကိုယ်တင်ထားတဲ့ ဖိုင်ရဲ့ လင့်ပါ။
၇။ ဒါကို ကူးယူလိုက်ပါ။ ပြီးရင် Address Bar မှာ ဖြည့်ပြီး ထည့်လိုက်ပါ။ နောက်တော့ Enter ပေါ့။
၈။ ဒါဆို သူများတွေလည်း ဒေါင်း ချင်ရင် ဒေါင်းလို့ ရအောင် လုပ်ပေးတဲ့ နေရာကို ရောက်ပါပြီ။
၉။ ဒီနေရာမှာ အသံဖိုင် ( MP3 ) အတွက် တင်ပေးထားတာ ဆိုတော့ တိုက်ရိုက် နားထောင်လို့ ရတဲ့ နေရာလေး ရှိနေပါတယ်။ သီချင်းရဲ့ နာမည်နဲ့ သူ့ရဲ့ အောက်မှာပါ။ ဒါဆို နားထောင်ချင်သူများ ထိုနေရာမှာ မဒေါင်းပဲ တိုက်ရိုက် နားထောင်နိုင်ပါတယ်။ ဒေါင်းမယ် ဆိုလည်း အပြာရောင်နဲ့ Download Now ဆိုတာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။
၁၀။ ဒါပြီးရင်တော့ ကိုယ့်ရဲ့ ဆိုက်နေရာမှာ အသံဖိုင်လေးတွေ တင်လို့ ရအောင် လုပ်ပါမယ်။ ဒါကတော့ ဒေါင်းဖို့ ရောက်နေတဲ့ နေရာရဲ့ အောက်ကို သွားလိုက်ပါ။ အဲဒီနေရာမှာ Share ဆိုပြီး ရေးထားတဲ့ အကွက်ထဲမှာ ၄ မျိုး ရေးထားပါတယ်။
URL:
HTML code:
Forum code:
Embed: ဒီနေရာက ကုတ်ကို ယူပါ။
ကို တွေ့ပါလိမ့်မယ်။ အဲဒီ အထဲကမှ Embed ဆိုတဲ့ စာဘေး ဘောင်လေးထဲက စာလေးကို Copy ကူးလိုက်ပါ။
၁၁။ ပြီးရင် အပေါ် ပုံတင်တာမှာ ကျွန်တော် ပြောထားတဲ့ အတိုင်း Edit HTML ဆိုတာကို နှိပ်ပြီး ဝင်လိုက်ပါ။
၁၂။ ပြီးရင် ကူးလာတဲ့ ကုတ်တွေကို ကိုယ်ထည့်ချင်တဲ့ နေရာမှာ Paste လုပ်လိုက်ပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက ကိုယ်က Paste လုပ်ပြီးလို့ ပြန်ပြီး Compose ကို ပြောင်းလိုက်တဲ့ အခါမှာ ဘာမှ မပေါ်ပါဘူး။ ဒါကြောင့် ကိုယ်က ဘာလို့ မပေါ်တာလဲ ဆိုပြီး စိတ်မရှုပ်သွားပါနဲ့။ ပို့စ်တင်ဖို့ PUBLISH POST ကို နှိပ်လိုက်ရင်တော့ ကိုယ်တင်ထားတဲ့ ပို့စ်မှာတော့ လာပေါ်မှာပါ။
၁၃။ ဒါကြောင့် ဒီလို ကုတ်လေးကို Edit HTML နေရာမှာ ကူးထည့်ပြီးရင် ကုတ်ရဲ့ အပေါ်နဲ့ အောက်မှာ ဒေါ့ ပဲ ဖြစ်ဖြစ် ၊ ( -- ) လေး ချထားခဲ့ရင် Compose ကို ပြောင်းလိုက်တဲ့ အခါမှာ ကုတ်နဲ့ ဖိုင် ဘာမှ မပေါ်ပေမဲ့ အစက်လေး နှစ်စက် ပေါ်နေတဲ့ အတွက် ကိုယ်ဆက်ရေးချင်တဲ့ စာတွေကို အောက်က အစက်လေး အောက်မှာ ဆက်ပြီး ရေးလို့ ရပါတယ်။ အားလုံးပြီးပြီ ဆိုမှ Edit HTML ထဲကို ပြန်ဝင်ပြီး အစက်လေး နှစ်ကို ဖျက်လိုက်လည်း ရပါတယ်။ ဘာလို့ Compose မှာ မဖျက်တာလဲ ဆိုရင် ကုတ်တွေကိုပါ မှားပြီး ဖျက်မိမှာ စိုးလို့ပါ။
၁၄။ ဒါဆိုရင် အသံဖိုင်လေး တင်လို့ ပြီးပါပြီ။ သို့သော် အသံဖိုင်မှာ ကြော်ငြာတွေ လာပြီး ပေါ်နေပါလိမ့်မယ်။ ( သို့ ) အသံရဲ့ နောက်မှာ နောက်ခံ လှိုင်းလေးတွေ ပေါ်ပါလိမ့်မယ်။ ဒါဆို မျက်စိ နောက်စရာပါ။ ဒါကြောင့် ဒါကို ဖျောက်ပါမယ်။
၁၅။ မူရင်း ကုတ်တစ်ခုဟာ ဒီလိုပါ။
( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )
ဒါဆိုရင် သီချင်းပေါ်လာတဲ့ အခါမှာ ဒီလို ပေါ်လာပါလိမ့်မယ်။
------
------
၁၆။ ဒီလို height နေရာမှာ 250 ကို 20 လို့ ပြင်လိုက်ပါ။ ဒါဆိုရင် အမြင့်က 20 ပဲ ရှိတော့ပြီး ကြော်ငြာတွေ ၊ လှိုင်းတွေ မမြင်ရတော့ပါဘူး။ ဒါဆိုရင် ရပါပြီ။
( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )
-----
-----
၁၇။ ထိုကဲ့သို့ပဲ width=”420” ဆိုတဲ့ နေရာမှာလည်း အတို အရှည်ကို ဝင်ပြီး ပြင်လို့ရပါတယ်။ တကယ်လို့ 40 ပဲ ထားရင် တိုတိုလေးပဲ တွေ့ရမှာပေါ့။ ဒါဆိုရင် ကိုယ်တင်ချင်တဲ့ သီချင်းတွေကို အဲဒီလို ကုတ်လေးကို ပြောင်းပြီး ကိုယ့်ဘလော့ရဲ့ ဆိုက်ဘားမှာ တင်လို့ရပါပြီ။
ဗီဒီယို တင်နည်း
ဒါကတော့ အထွေအထူး ပြောဖို့ မလိုတော့ပါဘူးဗျာ။ အသံဖိုင်လေး တင်တတ်သွားပြီ ဆိုရင် ဗီဒီယိုက အမြင့် ကုတ်ကို ပြောင်းစရာ မလိုပါဘူး။ အတို အရှည် ကုတ်ကိုပဲ ပြောင်းဖို့ လိုရင် လိုပါလိမ့်မယ်။ သို့သော် ကျွန်တော် တင်မိသမျှတော့ အားလုံး အဆင်ပြေပါတယ်။ စမ်းလုပ်ကြည့်ပါ။
ပုံတွေ ကျွန်တော် ဒီမှာ ပြည့်ပြည့်စုံစုံ မထည့်ထားပါဘူး။ PDF ဖိုင်ထဲမှာတော့ အားလုံး ပြည့်စုံအောင် ထည့်ပေးထားပါတယ်။ ဒီမှာက ကုတ်တွေနဲ့ ရှုပ်နေမှာ စိုးလို့ပါ။
Facebook Application Virus တစ်မျိုး ပြည်တွင်း၌ ပျံ့နှံ့ကူးစက်လျက်ရှိ
သုံးစွဲသူများ ပိုမို အဆင်ပြေ နှစ်သက်စေရန် Feature အသစ်များ Application အသစ်များ တင်ပေးတတ်သော Facebook ပေါ်တွင် Imagine That ဆိုသော Application တစ်ခု နေရာယူလာရာ သုံးစွဲသူများက မသိဘဲ ကလစ်နှိပ်မိရာမှ ကူးစက်ခံ လိုက်ရပြီး http://apps.facebook.com/imaginethat ဟူသော လင့်ကို နှိပ်မိရာမှ ကူးစက်ခံရနိုင်သည်ဟုလည်း သိရသည်။
ထိုဗိုင်းရပ်စ် အကူးစက် ခံရလျှင် မိမိ Account ထဲရှိ မိတ်ဆွေသူငယ်ချင်းများ၏ Wall များတွင် မိမိနာမည်ဖြင့် Comment များ ၀င်ရောက်ရေးသားသွားသဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ Comment များမှ တစ်ဆင့် တစ်ဦးပြီးတစ်ဦး ပျံ့နှံ့လွယ်ကြောင်း သိရှိရသည်။
သို့သော် ထို Application ဗိုင်းရပ်စ်သည် အထူးကြောက်စရာ မလိုဘဲ Privacy Setting / Application & Website / Edit Your Setting / Applications You Use အဆင့်ဆင့် ၀င်ရောက်ရပြီး Edit Setting ကို ကလစ်နှိပ်ကာ Imagine That ၏ ဘေးမှ ကြက်ခြေခတ် အမှတ်အသားကို နှိပ်ကာ အလွယ်တကူပင် ဖယ်ရှားနိုင်ကြောင်း ကြားသိရသည်။
credit mmdailynews
Windows 7 အသံထွက်ဖို့
Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ သူငယ်ချင်း မေးထားကတည်းက ပုံတွေ ထုတ်ပြီး စာမရေးဖြစ်လို့ ကြာနေခဲ့ပါတယ်။ အားလည်း နာတယ်။ ခင်လည်း ခင်ပါတယ်။ ဟီးဟီး။ အခု တစ်ခါ စိုးမိုးက မေးလာလို့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။ အဲဒီထဲက အတိုင်း ရအောင် လိုက်လုပ်လိုက်ရင် အသံထွက်သွားပါလိမ့်မယ်။ ( အခု ထုတ်ထားတာလေးတွေကDesktop အတွက် ဆိုတော့ Laptop အတွက် ဆိုရင် တချို့နေရာတွေ ပျောက်နေ / ပိုနေ ပါလိမ့်မယ်။ ) ဒါက ပြဿနာ မရှိပါ။ ပေါ်နေတဲ့ အတိုင်းသာ အနည်းငယ်လေး ဖြည့်စွက် လုပ်သွားပါ အဆင်ပါလိမ့်မယ်။
ပထမဦးဆုံး Task Bar က Speaker ပုံလေးကို Right Click နှိပ်လိုက်ပြီး Playback Devices ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကလို ပုံပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကနေ ပုံမှာ ပြထားသလိုတွေ ဖြစ်အောင် ကလိကြည့်ပါ။ နာနာသာ ကလိပါ။ စိတ်မပူပါနဲ့။ ပြင်တဲ့ ဆိုင်တွေ ရှိပါတယ်။ ဒီထက်ဆိုးလာရင် တူကြီးကြီးနဲ့သာ မနားတမ်း ထုချပါ :P အသစ်ရောင်းသော ဆိုင်များ ရှိပါတယ်။
လုပ်နည်းကိုတော့ အသေးစိပ် မရေးနိုင်တော့ပါ။ ကိုယ်လုပ်ချင်တဲ့ တစ်ခုကို ရွေးပါ။ ဥပမာ Speaker ကို ကလစ်ပြီး ရွေးပါ။ နောက်ပြီးတော့မှ Set Default နဲ့ Properties ကို နှိပ်ပြီး အထဲမှာ ပုံပါတဲ့ အတိုင်း ရအောင် ပြင်ကြည့်ပါ။ ပြီးရင်တော့ ရသွားပါပြီ။ ဒါလေးပါပဲ။ ပုံများကို သေချာ မြင်ချင်ရင် ကလစ်နှိပ်ကြည့်ပါ။




အဆင်ပြေပါစေ.......ကောင်းမင်းထက်
ပထမဦးဆုံး Task Bar က Speaker ပုံလေးကို Right Click နှိပ်လိုက်ပြီး Playback Devices ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကလို ပုံပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကနေ ပုံမှာ ပြထားသလိုတွေ ဖြစ်အောင် ကလိကြည့်ပါ။ နာနာသာ ကလိပါ။ စိတ်မပူပါနဲ့။ ပြင်တဲ့ ဆိုင်တွေ ရှိပါတယ်။ ဒီထက်ဆိုးလာရင် တူကြီးကြီးနဲ့သာ မနားတမ်း ထုချပါ :P အသစ်ရောင်းသော ဆိုင်များ ရှိပါတယ်။
လုပ်နည်းကိုတော့ အသေးစိပ် မရေးနိုင်တော့ပါ။ ကိုယ်လုပ်ချင်တဲ့ တစ်ခုကို ရွေးပါ။ ဥပမာ Speaker ကို ကလစ်ပြီး ရွေးပါ။ နောက်ပြီးတော့မှ Set Default နဲ့ Properties ကို နှိပ်ပြီး အထဲမှာ ပုံပါတဲ့ အတိုင်း ရအောင် ပြင်ကြည့်ပါ။ ပြီးရင်တော့ ရသွားပါပြီ။ ဒါလေးပါပဲ။ ပုံများကို သေချာ မြင်ချင်ရင် ကလစ်နှိပ်ကြည့်ပါ။
ဂင်းနစ်မှတ်တမ်းဝင် စံချိန်များ (၂)
(၁) ကမ္ဘာ့ လက်သည်း အရှည်ဆုံးအမျိုးသမီး
- လီရက်(ဒ)မွန် (အမေရိကန်သူ)
- လက်သည်းတွေရဲ့  စုစုပေါင်း အရှည်=၂၈ပေ၊ ၄.၅လက်မ
- ၁၉၇၉ ကတည်းက စံချိန်ပါ။

(၂) အရေပြား အရှည်ဆုံး ဆွဲဆန့်ပြနိုင်သူ
- ဂါရီတန်နာ
- ၆.၂၅ လက်မရှည်ထွက်လာအောင် ဆွဲဆန့်ပြနိုင်ပါတယ်။
- ၁၉၉၉၊ ကာလီဖိုးနီးယား

(၃) ဆေးရုံမှာ ကုတင်မကျန်တော့လို့ လက်တွန်းလှည်းပေါ် အကြာဆုံးနေခဲ့ရသူ
- တိုနီကောလင်း
- အင်္ဂလန်နိုင်ငံ၊ ၀စ်ရှိုင်းယား၊ ဆွင်ဒန် က ပရင့်ဆက်(စ)မာဂရက် ဆေးရုံ
- ၂၀၀၁၊ ဖေဖော်ဝါရီ ၂၄ မှ ၂၇ ထိ
- ဆေးရုံမှာ လူနာတွေများလွန်းလို့ ကုတင်မကျန်တော့ပဲ လက်တွန်းလှည်းပေါ်မှာပဲ (၇၇)နာရီ နဲ့(၃၀)မိနစ်ကြာအောင် နေခဲ့ရပါတယ်။

(၄) ကျောက်ကပ်မှာ တည်သော အကြီးဆုံးကျောက် ပိုင်ရှင်
- ၀ဇီ မူဟာမန်
- ၂၁.၈၇ အောင်စ
- ၂၄/၆/၂၀၀၈၊ ပါကစ္စတန်နိုင်ငံ

(၅) Hydrocephalus ခေါ် ဦးနှောက်တွင်း အရေစုသောရောဂါ ဖြင့်အသက်အရှည်ဆုံးလူ
- အယ်(လ်)ဗီနာရှန်း
- မွေးရာပါ ဦးနှောက်တွင်း အရေစုသောရောဂါ (ပုံမှန်အားဖြင့် အသက်တိုပါတယ်)
- ၁၇/၃/၁၉၄၁ မှာ မွေးပါတယ်
- ကနေဒါနိုင်ငံ၊ ၂၄/၂/၂၀၀၃ စံချိန်

(၆) အသေးဆုံးသော သွား ကို နှုတ်ခဲ့ရသူ
- ကော်(လ်)တန်လော့(ဘ)
- နှုတ်ခဲ့သော သွားမှာ (၀.၁)လက်မသာ ရှိသည်
- အမေရိကန်နိုင်ငံ၊ ၃၀/၁၀/၂၀၀၂
- ပုံမှန်သွားက (၀.၅)လက်မလောက်ရှိပါတယ် (ညာဘက်ပုံ)

(၇) အမွှာနှစ်စုံ ကို တူညီသော လ/ရက် တွင် မွေးသူ
- အမေရိကန်နိုင်ငံက လော်ရာရှယ်လီ ဆိုတဲ့အမျိုးသမီးဟာ ပထမအမွှာကို ၂၅/၃/၁၉၉၀မှာ၊ ဒုတိယအမွှာကို ၂၅/၃/၂၀၀၃ မှာ မွေးခဲ့ပါတယ်။
- အမေရိကန်နိုင်ငံကပဲ ကာရိုလင်း ကာဂါဒို ဆိုသူအမျိုးသမီးဟာ ပထမအမွှာကို ၃၀/၅/၁၉၉၆ မှာ၊ ဒုတိယအမွှာကို ၃၀/၅/၂၀၀၃ မှာ မွေးခဲ့ပါတယ်။
- အမေရိကန်နိုင်ငံက မီရှဲ(လ်)ဂေါ်နီ ဆိုတဲ့အမျိုးသမီးဟာ ပထမအမွှာကို ၁၈/၃/၁၉၉၆ မှာ၊ ဒုတိယအမွှာကို ၁၈/၃/၂၀၀၆ မှာ မွေးခဲ့ပါတယ်။

- လီရက်(ဒ)မွန် (အမေရိကန်သူ)
- လက်သည်းတွေရဲ့  စုစုပေါင်း အရှည်=၂၈ပေ၊ ၄.၅လက်မ
- ၁၉၇၉ ကတည်းက စံချိန်ပါ။
(၂) အရေပြား အရှည်ဆုံး ဆွဲဆန့်ပြနိုင်သူ
- ဂါရီတန်နာ
- ၆.၂၅ လက်မရှည်ထွက်လာအောင် ဆွဲဆန့်ပြနိုင်ပါတယ်။
- ၁၉၉၉၊ ကာလီဖိုးနီးယား
(၃) ဆေးရုံမှာ ကုတင်မကျန်တော့လို့ လက်တွန်းလှည်းပေါ် အကြာဆုံးနေခဲ့ရသူ
- တိုနီကောလင်း
- အင်္ဂလန်နိုင်ငံ၊ ၀စ်ရှိုင်းယား၊ ဆွင်ဒန် က ပရင့်ဆက်(စ)မာဂရက် ဆေးရုံ
- ၂၀၀၁၊ ဖေဖော်ဝါရီ ၂၄ မှ ၂၇ ထိ
- ဆေးရုံမှာ လူနာတွေများလွန်းလို့ ကုတင်မကျန်တော့ပဲ လက်တွန်းလှည်းပေါ်မှာပဲ (၇၇)နာရီ နဲ့(၃၀)မိနစ်ကြာအောင် နေခဲ့ရပါတယ်။
(၄) ကျောက်ကပ်မှာ တည်သော အကြီးဆုံးကျောက် ပိုင်ရှင်
- ၀ဇီ မူဟာမန်
- ၂၁.၈၇ အောင်စ
- ၂၄/၆/၂၀၀၈၊ ပါကစ္စတန်နိုင်ငံ
(၅) Hydrocephalus ခေါ် ဦးနှောက်တွင်း အရေစုသောရောဂါ ဖြင့်အသက်အရှည်ဆုံးလူ
- အယ်(လ်)ဗီနာရှန်း
- မွေးရာပါ ဦးနှောက်တွင်း အရေစုသောရောဂါ (ပုံမှန်အားဖြင့် အသက်တိုပါတယ်)
- ၁၇/၃/၁၉၄၁ မှာ မွေးပါတယ်
- ကနေဒါနိုင်ငံ၊ ၂၄/၂/၂၀၀၃ စံချိန်
(၆) အသေးဆုံးသော သွား ကို နှုတ်ခဲ့ရသူ
- ကော်(လ်)တန်လော့(ဘ)
- နှုတ်ခဲ့သော သွားမှာ (၀.၁)လက်မသာ ရှိသည်
- အမေရိကန်နိုင်ငံ၊ ၃၀/၁၀/၂၀၀၂
- ပုံမှန်သွားက (၀.၅)လက်မလောက်ရှိပါတယ် (ညာဘက်ပုံ)
(၇) အမွှာနှစ်စုံ ကို တူညီသော လ/ရက် တွင် မွေးသူ
- အမေရိကန်နိုင်ငံက လော်ရာရှယ်လီ ဆိုတဲ့အမျိုးသမီးဟာ ပထမအမွှာကို ၂၅/၃/၁၉၉၀မှာ၊ ဒုတိယအမွှာကို ၂၅/၃/၂၀၀၃ မှာ မွေးခဲ့ပါတယ်။
- အမေရိကန်နိုင်ငံကပဲ ကာရိုလင်း ကာဂါဒို ဆိုသူအမျိုးသမီးဟာ ပထမအမွှာကို ၃၀/၅/၁၉၉၆ မှာ၊ ဒုတိယအမွှာကို ၃၀/၅/၂၀၀၃ မှာ မွေးခဲ့ပါတယ်။
- အမေရိကန်နိုင်ငံက မီရှဲ(လ်)ဂေါ်နီ ဆိုတဲ့အမျိုးသမီးဟာ ပထမအမွှာကို ၁၈/၃/၁၉၉၆ မှာ၊ ဒုတိယအမွှာကို ၁၈/၃/၂၀၀၆ မှာ မွေးခဲ့ပါတယ်။