Monday, November 15, 2010

နပိုလီယံဟီး(လ်) ရဲ့  Think and Grow Rich စာအုပ်

ဘ၀ အောင်မြင်တိုးတက် ကြီးပွားရေးအတွက် ဖတ်ရမဲ့ စာအုပ်လေးဖြစ်ပါတယ်။ မြန်မာဘာသာ ပြန်ဆိုထားတဲ့စာအုပ်တွေလည်း ရှိပါတယ်။ အခုဟာကတော့ Original အင်္ဂလိပ်ဘာသာနဲ့ ဖြစ်ပါတယ်။ ကျွန်တော် ဒီစာအုပ်လေးကို swf ဖိုင်အဖြစ်ပြောင်းထားပါတယ်။





Full Screen ဖတ်ရန်

မိမိ Computerမှာ Gadgets မပေါ်လျှင်။

တောင်းဆိုရန်အစီအစဉ်လေးမှာ မေးမြန်းထားတဲ့ Ko Naing ရှင့်

အောက်မှာ ဖြေဆိုပေးလိုက်ပါပြီ ။အဆင်ပြေပါစေရှင့်။



14 Nov 10, 03:42 AM

Ko Naing:

ကျွှန်တော်၇ဲ့ComputerမှာGadgets မပေါ်ပါ။Window Destop Gadgets has stopped

workingဆိုတာပဲပေါ်နေပါတယ်။တခြားUserကဆို၇င်တောပ၇တယ်။Window 7ပါ။

ဟုတ်ကဲ့ပါအကို
အကိုရဲ့  Windows Sidebar Configuration ကို Default ပြန်ချလိုက်ပါ..
 Start >> Run (Win+R) >>> %localappdata%\microsoft\windows sidebar\ လို့ရိုက်ထဲ့လိုက်ပါ ...>>>
 Settings.ini (configuration setting ) ကို delete လုပ်လိုက်ပါ

ပြီးတော့.. ကိုယ့်ဟာကိုယ် gadget တွေပြန်ထဲ့ပေါ့


ဒါမှမဟုတ် ဒီလိုလည်းစမ်းကြည့်ပါ
Start >>> Search ထဲမှာ cmd လို့ရိုက်ပါ..>>> ပေါ်လာတဲ့ cmd ကို righit click ထောက်ပြီး run as administrator



အဆင်ပြေပါစေရှင့်။
                        ခင်မင်လေးစားစွာဖြင့်***ဧကရီ***

AntiVir Personal 10.0.0.592



AntiVir Personal 10.0.0.592 | 50.66MB
update Free ရပြိတော်တော်ကောင်းပါတယ်သူက software ညှိချင်းသိပ်မရှိပါဘူး 




တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲသွားကြမယ်။

သူငယ်ချင်းတို့ရေ..
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲ ကိုတူတူသွားကြမယ်နော်။
လေလိုင်းပေါ်ကနေ ပွဲတော်လေးဆီသို့........>>>>>


IMAGE0053.JPG


တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပွဲ မှာ နေ့လွတ်မီးလေးတွေရဲ့ မီးပုံးပျံလေးတွေပါ။
လှပချစ်စရာကောင်းသလို မမြင်ဖူးသူတွေအတွက် ဧကရီ စုဆောင်းရှာဖွေပေးလိုက်ပါတယ်နော်။
ဒီနေ့လွတ်မီး ဆိုတာက မီးကျီမီးပန်းတွေမပါတဲ့ မီးတွေပေါ့။
အောက်ကပုံလေးတွေလဲ တူတူပါပဲ ။

IMAGE0030.JPG


ဒီပုံလေးက ညလွတ်မီးလေးပေါ့ မနှစ်ကပုံလေးတွေပါ .အောက်မှာ မီးဆိုင်းခွေကြီးမှာ
မီးကျီတွေ မီးပန်းများ. ရောင်စုံမီးပုံးငယ်လေးတွေ ကို ဖယောင်းတိုင်ညှိပီး အလှရုပ်ပုံ
နှင့် စာတန်းထိုးထားပါတယ်။

IMAGE0054.JPG

အောက်ကပုံလေးကတော့ ပြီးခဲ့တဲ့ 2009 က ပထမဆုရခဲ့တဲ့ ဟာသမီးပုံပျံကြီးပါ။
မီးပုံးပျံတစ်လုံးဖြစ်ဖို့အချိန် ငွေ လူအင်အား ပညာရှင် များ စိုက်ထုတ်ပြီး လုပ်ရပါတယ်။
ရိုးရာမပျက်စည်ကားအောင်ပြုလုပ်တဲ့
ဤမီးပုံးပျံလွတ်တင်ပွဲကြီးမှာတောင်ပေါ်ဒေသ
 အလိုက်ပြိုင်ပွဲဝင်မီးများအဖြစ် စီစဉ်
ကြပ်မတ်တဲ့ ဓလေ့လေးဟာ အလွန်ချစ်စရာကောင်းပြီး။ ကမ္ဘာ့ခရီးသွားဧည့်သည်များ အလွန်နှစ်သက်ကြောင်းလည်းသိရှိရပါတယ်ရှင့်။

IMAGE0055.JPG


ယခုနှစ်မှာတော့ ဘယ်မီးအနိုင်ရဗိုလ်ဆွဲမယ်ဆိုတာမသိရှိသေးပေမဲ့ ခန့်မှန်းပြီး လောင်းကြေးထပ်
ပျော်ရွှင်ပွဲ တစ်ခုအနေနဲ့ လုပ်ကြတဲ့ရိုးရာဓလေ့လေးလဲရှိပါတယ်တဲ့ရှင့်။...

နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲတော်ကြီးကို မရောက်ကြတဲ့သူအတွက်

http://www.meeponepyan.com/live.aspx

မှာ တိုက်ရိုက်ကြည့်ရူ့နိုင်ပါတယ်တဲ့.
ညက ဧကရီ နဲ့ ဧကရာဇ် တူတူကြည့်ဖြစ်ကြတယ်လေ။
အရမ်းကိုကြည့်ကောင်းတာပဲ။။ကိုယ်တိုင်သွားတာထက်ကို ပိုပြီး အစုံအလင်မြင်တွေ့ရပါတယ်။
တစ်ချို့မီးပုံးပျံ ဆိုရင် ပေ၁၀၀ ၁၅၀လောက်ပဲ တက်သေးတယ် .မီးလောင်ပြီးပျက်ကျသွားတာမြင်ရတော့
တကယ် နှမျောစရာကောင်းသလို..ကြည့်နေတဲ့ပရိတ်ဿတ်တွေလည်း လန့်ဖျတ်ပြေးလွှား ကြတာမြင်ရတော့
စိတ်မကောင်း ဖြစ်မိပါသေးတယ်။
စိတ်ဝင်စားသူများကြည့်ကြည့်ပေါ့နော်။


                                               ခင်မင်လေးစားလျှက်***ဧကရီ***

အလွန်အံ့သြဖို့ကောင်းသော အမျိုးသမီးတစ်ဦး

အောက်က ပုံကိုကြည့်ပါ။ အမျိုးသမီးတစ်ဦး ဘောလုံးတွေကြား ဆော့ကစားနေပါတယ်။ ဘောလုံးတွေကြားမှာ ညပ်နေရင် သင့်ရဲ့  Mouse နဲ့ Drag လုပ်ပြီး ဆွဲချကြည့်ပါ။ ပျော်ရွှင်ပါစေ။