Monday, November 15, 2010

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲသွားကြမယ်။

သူငယ်ချင်းတို့ရေ..
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲ ကိုတူတူသွားကြမယ်နော်။
လေလိုင်းပေါ်ကနေ ပွဲတော်လေးဆီသို့........>>>>>


IMAGE0053.JPG


တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပွဲ မှာ နေ့လွတ်မီးလေးတွေရဲ့ မီးပုံးပျံလေးတွေပါ။
လှပချစ်စရာကောင်းသလို မမြင်ဖူးသူတွေအတွက် ဧကရီ စုဆောင်းရှာဖွေပေးလိုက်ပါတယ်နော်။
ဒီနေ့လွတ်မီး ဆိုတာက မီးကျီမီးပန်းတွေမပါတဲ့ မီးတွေပေါ့။
အောက်ကပုံလေးတွေလဲ တူတူပါပဲ ။

IMAGE0030.JPG


ဒီပုံလေးက ညလွတ်မီးလေးပေါ့ မနှစ်ကပုံလေးတွေပါ .အောက်မှာ မီးဆိုင်းခွေကြီးမှာ
မီးကျီတွေ မီးပန်းများ. ရောင်စုံမီးပုံးငယ်လေးတွေ ကို ဖယောင်းတိုင်ညှိပီး အလှရုပ်ပုံ
နှင့် စာတန်းထိုးထားပါတယ်။

IMAGE0054.JPG

အောက်ကပုံလေးကတော့ ပြီးခဲ့တဲ့ 2009 က ပထမဆုရခဲ့တဲ့ ဟာသမီးပုံပျံကြီးပါ။
မီးပုံးပျံတစ်လုံးဖြစ်ဖို့အချိန် ငွေ လူအင်အား ပညာရှင် များ စိုက်ထုတ်ပြီး လုပ်ရပါတယ်။
ရိုးရာမပျက်စည်ကားအောင်ပြုလုပ်တဲ့
ဤမီးပုံးပျံလွတ်တင်ပွဲကြီးမှာတောင်ပေါ်ဒေသ
 အလိုက်ပြိုင်ပွဲဝင်မီးများအဖြစ် စီစဉ်
ကြပ်မတ်တဲ့ ဓလေ့လေးဟာ အလွန်ချစ်စရာကောင်းပြီး။ ကမ္ဘာ့ခရီးသွားဧည့်သည်များ အလွန်နှစ်သက်ကြောင်းလည်းသိရှိရပါတယ်ရှင့်။

IMAGE0055.JPG


ယခုနှစ်မှာတော့ ဘယ်မီးအနိုင်ရဗိုလ်ဆွဲမယ်ဆိုတာမသိရှိသေးပေမဲ့ ခန့်မှန်းပြီး လောင်းကြေးထပ်
ပျော်ရွှင်ပွဲ တစ်ခုအနေနဲ့ လုပ်ကြတဲ့ရိုးရာဓလေ့လေးလဲရှိပါတယ်တဲ့ရှင့်။...

နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲတော်ကြီးကို မရောက်ကြတဲ့သူအတွက်

http://www.meeponepyan.com/live.aspx

မှာ တိုက်ရိုက်ကြည့်ရူ့နိုင်ပါတယ်တဲ့.
ညက ဧကရီ နဲ့ ဧကရာဇ် တူတူကြည့်ဖြစ်ကြတယ်လေ။
အရမ်းကိုကြည့်ကောင်းတာပဲ။။ကိုယ်တိုင်သွားတာထက်ကို ပိုပြီး အစုံအလင်မြင်တွေ့ရပါတယ်။
တစ်ချို့မီးပုံးပျံ ဆိုရင် ပေ၁၀၀ ၁၅၀လောက်ပဲ တက်သေးတယ် .မီးလောင်ပြီးပျက်ကျသွားတာမြင်ရတော့
တကယ် နှမျောစရာကောင်းသလို..ကြည့်နေတဲ့ပရိတ်ဿတ်တွေလည်း လန့်ဖျတ်ပြေးလွှား ကြတာမြင်ရတော့
စိတ်မကောင်း ဖြစ်မိပါသေးတယ်။
စိတ်ဝင်စားသူများကြည့်ကြည့်ပေါ့နော်။


                                               ခင်မင်လေးစားလျှက်***ဧကရီ***