မင်းကိုနိုင်တောင်းဆိုထားတယ်ဘ၀မှာအသုံးဝင်ဒါလေးသို့မဟုတ်စိတ်ဓါတ်ခိုင်မာနိုင်တယ်ကဗျာလေးတင်ပေးပါ
လိုတောင်းဆိုထားလိုကျနော်တင်ပေးလိုက်ပါပြိအစကမေးလ်နဲ့ ပိုခိုင်းတယ်အတွက်ကျနော်မပိုလိုက်တာက
သူငယ်ချင်မိတ်ဆွေအများဖက်လို၇အောင်လိုဆိုဒ်မှာတင်လိုက်ပါတယ်။
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
Tuesday, November 16, 2010
Windows 7 Genuine Error ကို ပြုပြင်ခြင်း

ခုဆိုရင်ကွန်ပျုတာအသုံးပြုသူအများစုဟာ Windows 7 ကို အသုံပြုလာကြပါတယ်။
ကျွန်တော်တို့ ဆီမှာတော အမှန်အကန် Windows 7 ကိုဝယ်ယူရန်ခက်ခဲတာတစ်ကြောင်း
ငွေရေးကြေးရေးအရ ခက်ခဲတာတကြောင်းကြောင့် Pirate Windows များကိုသာ အားပေးကြပါတယ်။
အကျိုးဆက်ကတော့ Windows မှာပါတဲ့ Updater ကို မပိတ်လိုက်မိလို့ အွန်လိုင်းလိုက်ရင် ပြဿနာစတော့တာပါပဲ
စက်ကို Restart ချလိုက်လို့ပြန်တက်လာရင်This copy of Windows 7 is not genuine ဆိုပြီး ဖြစ်လာတော့တာပါပဲ
ကဲသိပ်လဲစိတ်မပျက်ပါနဲ့ အနာသိရင်ဆေးရှိပါတယ် Windows 7 Genuine Error ကိုဖြေရှင်းပေးပါမယ်။
၁။ ဒီနေရာကနေ Windows 7 Activator ကိုယူလိုက်ပါ။
၂။ အဲဒီRAR File ကိုဖြည်လိုက်ပါ။
၃။ နောက်ပီး Control Panel>User Account ထဲဝင်ပါ။
၎။ ပီးရင် အဲဒီထဲမှာ Change User Account Control Setting ကိုဆက်ဝင်ပါ။
၅။ အဲ့ဒီထဲကဘားလေးကို never notify ကိုရွေ့ပါ။
၆။ ပီးရင် စောစာက ဖြည်ထားတဲ့ RAR file ထဲမှာ RemoveWAT.exe ဆိုတဲ့ file ကို right click လုပ် Run as Administrator နဲ့ ဖွင့်လိုက်ပါ
၇။ Remover Box ပေါ်လာပါလိမ့်မယ်။ အဲ့ဒီBox မှာ RemoveWAT ဆိုတာကိုနှိပ်လိုက်ပါ
၈။ ပီးရင်မိနစ်အနည်းငယ်စောင့်ပါ။ wating စာတန်းလေးပျောက်သွားရင်တော့ အားလုံးOK သွားပါပီ
၉။ နောက်ပီးရင် Windows ရဲ့ Auto Update ကိုပိတ်ထားပါ။ ဖွင့်ထားမိရင်တော့ ကိုယ့်အကုသိုလ်နဲ့ကိုယ်ပေါ့နော်