Monday, November 29, 2010
အံ့သြဖွယ်ရာ ခေတ်မှီ ဒူဘိုင်း မြေအောက် ရထားစနစ်
ဒူဘိုင်း မြေအောက် ရထားစနစ်သည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော အလိုလျောက် စနစ်သုံး မောင်းသူမဲ့ ခေတ်မှီ ရထားကွန်ရက် ဖြစ်သည်။ ဒူဘိုင်း ရထားစနစ်သည် မြို့တော်၏ အလယ်တွင် မြေအောက်သို့ ဝင်ရောက်သွားပြီး အချို့သော နေရာများတွင် မြေပြင်ပေါ်သို့ ပြန်လည်ထွက်ပေါ်လာကာ ကောင်းကင်တံတားဖြင့် မြို့ပေါ်မှ ဖြတ်သန်းပြေးဆွဲသည်ကို တွေ့ရသည်။
၃၂.၄ မိုင် (၅၂.၁ ကီလိုမီတာ ရှည်လျားသော) ပထမ လမ်းပိုင်းကို ၂၀၀၉ ခုနှစ် ၉ လပိုင် ၉ ရက်နေ့ ညပိုင်း ၉ နာရီ ၉ မိနစ် ၉ စက္ကန့် အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်သည့် ၂ ရက်အတွင်းမှာပင် ဒူဘိုင်း လူဦးရေ၏ ၁၀ ရာခိုင်းနှုန်း စီးနင်းခဲ့ကြသည်ဟု သိရသည်။ ခေတ်မှီလှပသော ရထားဘူတာများ စင်္ကြန်များ ရထားတွဲများ အားလုံးတွင် လေအေးပေး စနစ်များ အပြည့်အဝ တပ်ဆင်ထားပြီး စင်္ကြန်နှင့် ရထားကြား ရထားရပ်မှသာ ပွင့်နိုင်သော Platform screen doors များ တပ်ဆင်ထားသည်။စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၇.၈ ဘီလီယံ (ဒေါ်လာသန်း ၇၈၀၀) ကုန် ကျပြီး အပြည့်အစုံ ပြီးစီးပါက စုစုပေါင်း လမ်းအရှည် ၄၃.၃ မိုင် (၆၉.၇ ကီလိုမီတာ) ရှည်လျားမည် ဖြစ်ပြီး ကမ္ဘာ့ အရှည်ဆုံး မောင်းသူမဲ့ ရထားစနစ် ဖြစ်လာမည် ဖြစ်သည်။
credig PatheinCity
မေ့တတ်လောက်အောင် သတိရသူ
သူ့အကြောင်းတွေးရင်း...
သော့ကို နှိုက်ရှာ
တံခါးဖွင့်မှာ
တိန်...
မေ့ခဲ့ပြန်ပြီ
ဘယ်နားဆီ။
သူ့အကြောင်းတွေးရင်း...
ခရီးသွားမယ်
ကားပေါ်ဝယ်
တိန်...
လက်မှတ်ဘယ်မှာ
ကယ်ကြပါ။
သူ့အကြောင်းတွေးရင်း...
ချိုးလျက် ရေပန်း
လက်ကလှမ်း
တိန်...
ဝယ်ဖို့မေ့တယ်
ဆပ်ပြာရယ်။
သူ့အကြောင်းတွေးရင်း...
မနက်စာ လုပ်
ခေါက်ဆွဲပြုတ်
တိန်...
ဘယ်နားရောက်နေ
မောင်ဇွန်းရေ။
သူ့အကြောင်းတွေးရင်း...
မင်္ဂလာပွဲစည်
အားကျသည်
တိန်...
အိမ်တွင်မေ့ခဲ့
ထိုလက်ဖွဲ့။
သူ့အကြောင်းတွေးရင်း...
မျက်နှာရဖို့
မွေးနေ့ကဒ်ပို့
တိန်...
မှားလို့နေသည်
လ အမည်။
သူ့အကြောင်းတွေးရင်း...
သူ့အကြောင်းတွေးရင်း...
ချစ်သူလေးကမှာရှာတယ်
ဘယ်အချိန်လာခိုးကွယ်
အိမ်က ပေးစားတော့မယ်။
တိန်...
ခုမှသတိရ
(၃)ရက်ကျော်ပြီဗျ
ရင်ကွဲနာတွေကျ။
သူ့အကြောင်းတွေးရင်း...
ယုံပါချစ်သူ
အားလုံးကို မေ့လျော့နေလောက်အောင်
မင်းကို အချိန်တိုင်း သတိရနေတာပါ။