Tuesday, December 7, 2010

PDF ဖိုင်ကို Unlock ပြုလုပ်ခြင်း


ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ EBook တွေက PDF ဖိုင်တွေပါ။ မူရင်းဖန်တီးသူက အဲဒီ EBook တွေကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်လို့ မရအောင်၊ တစိတ်တပိုင်း ကူးယူအသုံးချမှုတွေ မပြုလုပ်နိုင်အောင် Lock ပြုလုပ်ထားလေ့ရှိပါတယ်။ ဖတ်ရုံပဲဖတ်လို့ရပါတယ်။ အဲဒီလို EBook လေးတွေကို Unlock ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ Online Unlock လုပ်ပေးတဲ့ Website လေးကိုသွားရမှာ ဖြစ်ပါတယ်။

၁။ ဒီ Website နေရာလေးကို သွားပါ။

၂။ Browse ဆိုတဲ့ Button လေးကိုနှိပ်လိုက်ပါ။ မိမိရဲ့ ကွန်ပျူတာထဲက Unlock ပြုလုပ်လိုတဲ့ PDF ဖိုင်ကို ရွေးချယ်ပေးပါ။



၃။ I accept the terms and conditions ဆိုတာလေးကို Check လုပ်ပေးပါ။



၎။ ပြီးရင် Submit ဆိုတဲ့ Button လေးကို နှိပ်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့  PDF ဖိုင်လေးကို Upload ဆွဲတင်သွားပြီး Unlock ပြုလုပ်ပေးပါလိမ့်မယ်။ Size limit ကတော့ 5MB ပါ။ Unlock ပြုလုပ်ပြီးသွားတဲ့ ဖိုင်လေးကို ပြန်ပေးပါလိမ့်မယ်။ အဲဒါကို File --> Save Page as နဲ့ ကိုယ့် ကွန်ပျူတာထဲမှာ ပြန်သိမ်းလိုက်ပါ။ ပျော်ရွှင်ပါစေ။

အကွဲအပြဲ

"What does Buddhism say about divorce? How can we use Buddhist teachings to handle the emotional upheaval in our children and ourselves that occurs during a divorce?"

အိမ်ထောင်ကွဲတာနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာက ဘာပြောပါသလဲ။ အိမ်ထောင်အကွဲအပြဲ ကာလအတွင်း မိဘရော ကလေးတွေပါ အပြင်းအထန် စိတ်ထိခိုက်ရတာကို ဗုဒ္ဓဘာသာတရားတော်နဲ့အညီ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်ပါသလဲ။


ဗုဒ္ဓဘာသာမှာ အိမ်ထောင်ပြုခြင်း နဲ့ အိမ်ထောင်ကွဲခြင်းဟာ လောကီသဘာဝ လူ့ကိစ္စ ဖြစ်ပါတယ်။ လူတွေ အိမ်ထောင်ပြုချင်တယ်ဆိုရင် အဲဒါဟာ သူတို့ရဲ့ ရွေးခြယ်မှု ဖြစ်ပါတယ်။ အိမ်ထောင်ကွဲချင်တယ် ဆိုရင်လည်း သူတို့ရဲ့ ရွေးခြယ်မှုပါပဲ။

ဗုဒ္ဓဘာသာကတော့ ဘယ်လို မကောင်းမှုကိုပဲဖြစ်ဖြစ် မဖြစ်ခင်က ကြိုတင်ကာကွယ်တာကို အားပေးပါတယ်။ ပြင်ပြင်ဆင်ဆင် အိမ်ထောင်ပြုခြင်းအားဖြင့် မလိုလားအပ်တဲ့ အိမ်ထောင်အကွဲအပြဲကို ကြိုတင် ကာကွယ်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေဟာ တကယ်မဖြစ်နိုင်တဲ့ ချစ်သူချင်း ဆက်ဆံရေးကို တင်ပြတတ်ပါတယ်။ လူတွေက အဲဒါမျိုးကို အားကျပြီး မဖြစ်နိုင်တာတွေကို အများကြီး မျှော်လင့်တတ်ကြပါတယ်။ အဲဒီလို မျှော်လင့်ရင်းနဲ့ ရေရှည်တည်တံ့မယ် ထင်ရတဲ့ စိတ်ကူးယဉ် အချစ်တွန်းအားနဲ့ အိမ်ထောင်ပြုတတ်ကြပါတယ်။ ဒါဟာ အကွဲအပြဲ ဖြစ်ရခြင်းရဲ့ အကြောင်းတစ်ခုပေါ့။

ထိမ်းမြားလက်ထပ်ခြင်းကို စိတ်ခံစားမှုအပေါ် အခြေခံပြီး တည်ဆောက်လိုက်တာထက် ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် ရှုမြင်ပြီး လက်တွဲလိုက်ကြတာက ပိုကောင်းပါတယ်။ လက်မထပ်ခင် တစ်ယောက်အကြောင်း တစ်ယောက်က ကောင်းကောင်းသိအောင် ကြိုးစားသင့်ပါတယ်။ လက်မထပ်ခင် မိသားစုတစ်ခု မတည်ဆောက်ခင် ကတည်းက ကိုယ်ရည်ရွယ်ထားတဲ့သူကို အခြေအနေ အမျိုးမျိုး အချိန်အခါ အမျိုးမျိုးမှာ ရှုထောင့်စုံကနေ အကဲခတ်သင့်ပါတယ်။ ဒါလည်း အကွဲအပြဲကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုပေါ့။

အိမ်ထောင်တစ်ခုမှာ ပြဿနာရှိတာ အကြပ်အတည်းရှိတာဟာ သဘာဝပါ။ ဆက်ဆံရေးကောင်းနေအောင်၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း တက်လာအောင် အပေးအယူ မျှမျှတတနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ အိမ်ထောင်ဘက်ရဲ့ အရည်အသွေးကောင်းတွေ ကောင်းသည်ထက် ကောင်းလာအောင် ပံ့ပိုးပေးသင့် ပါတယ်။ အိမ်ထောင်ဘက်ကို တန်ဖိုးထားဖို့ လိုပါတယ်။ ငါ ဘာလုပ်လုပ် သူသိတာမှတ်လို့ဆိုတဲ့ အယူအဆဟာ တော်တော်ရက်စက်တဲ့ အိမ်ထောင်ဖက်ရဲ့ ခံယူချက် ဖြစ်ပါတယ်။ အပြန်အလှန် ပံပိုးမယ် အပြန်အလှန် လေးလေးစားစား အသိအမှတ်ပြုမယ်ဆိုရင် ကွဲပါလို့ လာခွဲတောင် ကွဲကြမှာ မဟုတ်ပါဘူး။ ဘ၀ဖော်တွေကိုး။

အိမ်ထောင်ကွဲတယ်ဆိုတာ သက်ဆိုင်သူတွေအတွက် နာကြင်စရာပါ။ အချိန်အကြာကြီး ခံစားရပါတယ်။ အိမ်ထောင်ကွဲကြရာမှာ ထုံးစံအားဖြင့် တစ်ယောက်က ကွဲဖို့ ဆန္ဒရှိပေမယ့် တစ်ယောက်က မကွဲချင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အမြော်အမြင် ကြီးကြီးနဲ့ စိတ်ရှည်ရှည်ထားပြီး သည်းခံလိုက်ရင် ပြဿနာ ပြေလည်သွားနိုင်ပါတယ်။

အိမ်ထောင်ကွဲကြရတဲ့အခါ သားသမီး ရှိနေတယ်ဆိုရင် ကွဲလိုက်တဲ့ လင်ယောက်ျားရဲ့ မကောင်းကြောင်း၊ ဒါမှမဟုတ် ဇနီးဟောင်းရဲ့ မကောင်းကြောင်းကို ကလေးတွေကို မပြောသင့်ပါဘူး။ ပြောမိရင် ကလေးတွေအပေါ် မကောင်းတဲ့ သြဇာသက်ရောက်မှုတွေ ကျရောက်နိုင်ပါတယ်။ အိမ်ထောင်ကွဲလိုက်တဲ့ မိဘနှစ်ပါးဟာ တစ်ယောက်နဲ့တစ်ယောက် တစ်သက်လုံး မပတ်သက်ကြတော့ဘဲ နေလို့ရပါတယ်။ ဒါပေမယ့် ကလေးတွေကတော့ မိဘနှစ်ပါးလုံးနဲ့ တစ်သက်လုံး ဆက်ဆံပတ်သက်နေကြရမှာပါ။ အဖေ့ဘက်ပါရင်ပါ၊ ဒါမှမဟုတ် အမေ့ဘက်ပါရင်ပါဆိုပြီး ကလေးတွေ ကြားကနေ အနေကြပ်အောင် မလုပ်သင့်ပါဘူး။ ကလေးတွေ သက်တောင့်သက်သာဖြစ်မယ့် အခြေအနေတစ်ရပ်ကို မိဘနှစ်ပါလုံးက အတတ်နိုင်ဆုံး ဖန်တီးပေးသင့်ပါတယ်။ သားသမီးကို ကြင်နာတဲ့စိတ်နဲ့ ပေါ့။

အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီး တစ်ယောက်က ပြောဖူးပါတယ်။ အဲဒီ အမျိုးသမီးဟာ အိမ်ထောင်အကွဲအပြဲရဲ့ ဒုက္ခသုက္ခတွေကို ခံနိုင်ရည်ရှိဖို့ ဗုဒ္ဓဘာသာ တရားတော်ကို တန်ဖိုးထားပြီး အားကိုးပါတယ်။ လူ့ကျင့်ဝတ် ငါးပါးသီလကို လုံအောင်စောင့်ထိန်းခြင်း နဲ့ ဒုစရိုက်ဆယ်ပါးကို သတိထား ရှောင်ကြဉ်ခြင်းဟာ အိမ်ထောင်အကွဲအပြဲ ကာလမှာ သူ့အတွက် ထောက်တည်ရာ ဖြစ်ပါတယ် တဲ့။ ပူထူပြီး အရက်မူးအောင် သောက်ပြီး ပြဿနာကို ယာယီ ရှောင်ကွင်းလိုက်တာမျိုး မဟုတ်ဘဲ အခြေအနေမှန်ကို ရဲရဲရင်ဆိုင်လိုက်ပါတယ် တဲ့။ ခင်ပွန်းဟောင်းရဲ့ အပြစ်အနာအဆာတွေကို မဟုတ်မမှန် လုပ်ကြံပြောတာမျိုး၊ ချဲ့ကားပြောတာမျိုး မလုပ်ပါဘူး တဲ့။ သူများတွေရှေ့မှာ ခင်ပွန်းဟောင်းကို မဝေဖန် မတိုက်ခိုက်မိအောင် အပြောအဆို ဆင်ခြင်ပါတယ် တဲ့။ ခင်ပွန်းဟောင်း အပေါ်မှာ အရိုးသားဆုံး အမျှတဆုံးဖြစ်အောင် ကြိုးစားပါတယ် တဲ့။

ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာဟာ အိမ်ထောင်အကွဲ အပြဲကို အထူးတလည် မဆန့်ကျင်ပေမယ့် အားပေးအားမြှောက် မလုပ်ဘူး ဆိုတာတော့ အထူးပြောစရာ မလိုပါဘူး။ သိင်္ဂါလသုတ်မှာပါတဲ့ လင်ကျင့်ဝတ် မယားကျင့်ဝတ်တွေကို သာယာတဲ့ မိသားစုတွေ တည်ဆောက်ဖို့ လမ်းညွှန်ချက်တွေအဖြစ် ကျင့်သုံးနိုင်ကြပါတယ်။

ငြိမ်းချမ်းကြပါစေ

စာကြွင်း

သင်္ဂဇာဆရာတော်ကြီးက သိင်္ဂါလသုတ် (သိင်္ဂါလောဝါဒသုတ်)ကို အခြေခံပြီး လောကီ လူ့ကျင့်ဝတ်တွေကို သံပေါက်ကဗျာ စပ်ဆိုပြီး ဟောပြတော်မူခဲ့ပါတယ်။ ဒီနေရာမှာ သက်ဆိုင်မှုရှိတဲ့ ကဗျာနှစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။

လင့်ကျင့်ဝတ် ငါးပါး
မထီမဲ့ကင်း၊
အပ်နှင်းဥစ္စာ၊
မိစ္ဆာမမှား၊
ဝတ်စားဆင်ယင်၊
မြတ်နိုးကြင်၊
ငါးအင် လင့်ကျင့်ရာ။

၁။ ဇနီးမယားကို မထီလေးစား စော်ကားမော်ကား အနိုင်မကျင့်ခြင်း၊
၂။ ရှာဖွေရရှိသည့် စီးပွားဥစ္စာကို ဇနီးထံ အပ်နှံခြင်း၊
၃။ ဇနီးသည်မှတစ်ပါး အငယ်အနှောင်း အပို အပျော် မထားခြင်း၊
၎။ ဇနီးသည်ကို စွမ်းနိုင်သလောက် အ၀တ်အစား အဆင်တန်ဆာ ဆင်ပေးခြင်း၊
၅။ ဇနီးသည်ကို မြတ်နိုးကြင်နာခြင်း။

မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ်၊
သိမ်းထုတ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊
လျော်အောင်ဖြန့်ချိ၊
ပျင်းရိမမူ၊
ဝတ်ငါးဆူ၊
အိမ်သူကျင့်အပ်စွာ။

၁။  အိမ်မှုကိစ္စ ဆောင်ရွက်ခြင်း၊
၂။  ခင်ပွန်းသည် ရှာဖွေ၍ အပ်နှံလာသည့် စီးပွားဥစ္စာကို စနစ်တကျ သိမ်းဆည်းထားခြင်း၊
၃။  ခင်ပွန်းသည်မှတစ်ပါး အငယ်အနှောင်း အပို အပျော် မထားခြင်း၊
၎။  မိမိ၏ ဆွေမျိုး မိတ်ဆွေ နှင့် ခင်ပွန်းသည်၏ ဆွေမျိုး မိတ်ဆွေ၊ နှစ်ဘက်ဆက်စပ်သူများသို့ မျှတလျော်ကန်အောင် ပေးကမ်းချီးမြှောက်ခြင်း၊
၅။  အပျင်းမထူခြင်း။

ဒီကျင့်ဝတ်တွေဟာ ဘုရားရှင်လက်ထက်က အိမ်ထောင်ရှင် စုံတွဲတွေအတွက် စံထားလောက်တဲ့ အိမ်ထောင်ရေး လမ်းညွှန်ချက်တွေ ဖြစ်ပါတယ်။ ဒီနေ့ခေတ်အတွက်လည်း ရာနှုန်းပြည့် အသုံးမ၀င်ဘူး ဆိုရင်တောင်မှ သုံးမရတော့ဘူးလို့ မငြင်းလိုက်သင့်တဲ့ တရားတော်တွေ ဖြစ်ပါတယ်။

ရည်ညွှန်း

pp 12-13, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)

အပျင်းပြေ Movies ကြည့်ကြမယ်။

အလုပ်အားလပ်ရက်လေးမှာ အွန်လိုင်းပေါ်ကနေ အပျင်းပြေ ရုပ်ရှင်ကြည့်ကြမလားသူငယ်ချင်း။
ရုပ်ရှင်လင့်ခ်လေးတွေ ရှာဖွေ စုဆောင်းပေးလိုက်ပါတယ်။


joox-free-hollywood-movies-online1.gif


မြန်မာပြည်က သူငယ်ချင်းတွေအတွက်က ဒါလေးကလစ်ပြီး ကျော်ခွကြည့်ပါ။




ဒါလေးကို ကလစ်ပြီး youtube ကနေ movies ကြည့်မယ်။

ဒါလေးကလစ်လိုက်ရင် shweo.ကနေ myanmar-movies တွေ ကြည့်မယ်။

ဒါလေးကလစ်ပြီး planet.ကနေmyanmar-movies.ကြည့်မယ်။

'ဒါလေးကလစ်ပြီး freemyanmarvcd.ကနေ ကိုးရီးယားမြန်မာ ရုပ်ရှင်ကားတွေကြည့်မယ်။

ဒါလေးကလစ်ပြီး mysoju.ကနေ korean-ဇာတ်လမ်းတွဲ တွေကြည့်မယ်.။

ဒါလေးကလစ်ပြီး minthila.ကနေ movies ကြည့်မယ်။

ဒါလေးကလစ်ပြီး dramacrazy.ကနေ နိုင်ငံခြားရုပ်ရှင်ကြည့်မယ်.။

ဒါလေးကလစ်ပြီး အာရှနိုင်ငံက ရုပ်ရှင်ကြည့်မယ်။ login ၀င်ပြီးကြည့်ရန်။

ဒါလေးကလစ်ပြီး.i-filmfest.ကနေ မြန်မာ နိုင်ငံတကာရုပ်ရှင်များကြည့်ကြမယ်။

ဒါလေးကလစ်ပြီး.myanmarworld.ကနေ မြန်မာသီချင်း နဲ့ ဗွီဒီယို တွေကြည့်မယ်။

ဒါလေးကလစ်ပြီး movies.mmblogs.ကနေ မြန်မာစာတန်းထိုး နိုင်ငံခြားရုပ်ရှင်ကြည့်ကြမယ်။

ဒါလေးကလစ်ပြီး mayhninaye.ကနေ မြန်မာ့ရုပ်ရှင်ကားတွေကြည့်ကြမယ်။

ဒါလေးကလစ်ပြီး khayanpyareinmet.ကနေ movies ကြည့်မယ်။

ဒါလေးကလစ်ပြီး myanmar-image.ကနေ myanmar/videosသီချင်းလေးတွေ နားထောင်မယ်။

ဒါလေးကလစ်ပြီး freemyanmarvcd.ကနေ မြန်မာ VCD တွေ ကြည့်ကြမယ်။

ဒါလေးကလစ်ပြီး flashband.ကနေ flash_videos/music_video.တွေကြည့်ကြမယ်။



                                                            ***ဧကရီ***

မေးလ်ဖျောက်နည်းလေးတဲ့..:)

သူငယ်ချင်းတစ်ယောက်ကအကူအညီတောင်းလို့ပါ။ သူ့ချစ်သူက သူ့မေးလ်တွေစစ်စစ်ပြီးရန်လုပ်လွန်းလို့
စိတ်ညစ်နေရတယ်တဲ့ ၀င်လာတဲ့မေးလ်တွေ မ၀င်အောင်ပိတ်လို့ရလားတဲ့။ ကိုယ်က ပို့တဲ့မေးလ်တွေ မဖျက်ပဲနဲ့သူမမြင်အောင်လုပ်လို့ရလားတဲ့လေ။

အဲ ..ပိတ်လိုက်မှတော့ ဘာလို့ မေးလ်သုံးနေအုံးမှာလဲ နော်..တစ်ခုတော့ အကြံလေးပေးလိုက်ပါတယ်။
ကိုယ်တစ်ယောက်ထဲ ဖတ်ချင်ရင်မေးလ်ဖျောက်တဲ့နည်းလေးနဲ့ကိုယ့်ပို့ထားတဲ့မေး
လ်ကို.ကိုယ့်ဖတ်ချင်တဲ့ အချိန်လျှို့ ဝုက် code ခံပြီး ပို့ထားရင် အချိန်မရွေး ၀င်ဖတ်လို့ရတဲ့ နည်းလေးပေါ့။
ဧကရီ လည်း ဟိုမွှေ ဒီမွှေ ဟိုနိုပ်ဒီနိုပ်နဲ့  တွေ့ရလို့ ပြန်မျှဝေပေးလိုက်တာ..အဟဲ..ကို
ယ်ကိုတိုင်လည်း လိုလားလို့လေ ..:)
 ဖတ်ကြည့် ပြီးစမ်းကြည့်ပေါ့နော်။

Gmail စာများကို ကိုယ်တစ်ယောက်ထဲဖတ်လို့ရအောင် လျှို့ဝှတ်စွာ code ခံပြီးမေးလ်ပို့နည်းပါ။
မေးလ်ပို့တဲ့သူလုပ်ရမည့်အပိုင်း။


1.ဒီဆိုက်ဒ်လေးကို ကလစ်ပါ။


2. click ပြီးပါက အောက်ပါအတိုင်း Encode လုပ်ပြီးသာတွေကို တွေ့ရမှာပါ။ အောက်ပါအတိုင်းကျလာတာတွေကို select all (Alt+A) လုပ်ပြီး copy (Ctrl+c) မိမိရဲ့ gmail က composed mail ထဲက စာကိုယ်ထဲမှာ paste (Ctrl+ v) လုပ်လိုက်ပါ။ ကျန်တဲ့နေရာကတော့ mail ပို့ချင်တဲ့ လူကို ရွေးပြီ ပို့လိုက်ပါ။


3. အထက်ပါမေးလ်ကို လက္ခံရရှိတဲ့သူကိုတော့ မိမိခံထားတဲ့ နံပတ်ကို အရင် ပေးထားရပါ့မယ်။ ကြိုတင်ပြောထားပြီမှ ပို့တာကောင်းပါတယ် ဒါမှ လက္ခံရတဲ့ သူက ချက်ခြင် ဖတ်နိုင်မှာ ဖြစ်ပါတယ်။

မေးလ်လက်ခံတဲ့သူလုပ်ရမည့်အပိုင်း။

1. ပထမ မိမိမေးလ်ကိုဖွင့်လိုက်ပါ ။ မိမိဆီကို code ခံပြီးပို့ထားတဲ့မေးကို ဖွင့်လိုက်ပါ။ တွေ့ရသော စာများကို copy (Ctrl+c) လုပ်လိုက်ပါ။

2.ဒီဆိုက်လေးကိုကလစ်ပါ။

3. အဲ ဆိုက်ဒ်လေး  မှာ တွေ့ရတဲ့ DECODE a message NOW ကို click လိုက်ပါ။ မိမိဆီ ပို့သော သူငယ်ချင်းမှ ပေးထားသော code ကို အရင်ရိုက်ထည့်လိုက်ပါ။ ပြီးရင် မိမိ copy ယူထားသော စာများကို paste (Ctrl+v) လုပ်လိုက်ပါ ပြီရင် Decode ကို click လိုက်ပါ.။


စမ်းကြည့်နော် ။မသိသေးတဲ့သူတွေအတွက် ရှာပေးလိုက်တာ..:D

                                                   ***ဧကရီ***