ရည်ညွှန်း- ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် (ဖေမြင့်)
ဓန ဥပဒေသငါးရပ်
၁။ ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိနှင့်မိသားစု၏ အနာဂတ်အတွက် ချန်လှပ်သိမ်းဆည်းတတ်သူ ထံသို့သာ ဝမ်းမြောက်ပျူငှာစွာ ရောက်ရှိလာတတ်မြဲဖြစ်သည်။
၂။ ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးစမြဲဖြစ်သည် ၊ ထိုသူ၏လက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွားများပြား လာတတ်သောသဘော ရှိပေသည်။
၃။ ဓနဥစ္စာဟူသည် ယင်းအား ဂရုတစိုက်ရင်းနှီးမြုပ်နှံမှုပြုသူ ၊ ကျွမ်းကျင်လိမ္မာသောသူတို့၏ အကြံဥာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည်။
၎။ ဓနဥစ္စာဟူသည် မိမိလဲမကျွမ်းကျင် ၊ ကျွမ်းကျင်သူတို့လည်း အားမပေးသောအလုပ်မျိုးတွင် ရင်းနှီးမြှုပ်နှံသောသူတို့ထံမှ လျှောကျပျောက်ကွယ် သွားတတ်စမြဲဖြစ်သည်။
၅။ ဓနဥစ္စာဟူသည် ယင်းမှလွန်ကဲလှသောအမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပါနားယောင်တတ်သူများ ၊ အတွေ့အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေး သွားတတ်စမြဲဖြစ်သည်။
Wednesday, December 15, 2010
Dido ရဲ့ သီချင်းလေးတွေ
Download လုပ်ချင်ရင် သီချင်းအမည်ပေါ်မှာ Right Click --> Save Link As နဲ့လုပ်ပါဗျာ။
Christmas Day
Thank You
White Flag
Here with Me
Don't believe in love
Look no further
Life for rent
Hunter
My life
Slide
See you when you are 40
Christmas Day
Thank You
White Flag
Here with Me
Don't believe in love
Look no further
Life for rent
Hunter
My life
Slide
See you when you are 40
အမေ နှင့် သား
ဒီနေ့ အရမ်းကို အေးနေတယ်။
မနက်ပိုင်း အလုပ်တွေ ပြီးအောင်လုပ်ပြီး ကော်ဖီပူပူ တစ်ခွက်လောက်သောက်ဖို့ စိတ်ကူးရလာတာနဲ့ Canteen ဘက်ကို ထွက်လာခဲ့တယ်။
ကော်ဖီပူပူကို တစ်ချက်မှုတ်လိုက်ရင်း ရှေ့ တည့်တည့်က Waiting place နေရာက ထိုင်ခုံတွေဆီ အကြည့်ရောက်သွားတယ်။
ကလေးအမေတစ်ယောက်က သူ့ရဲ့  သားငယ်လေးကို အစာခွံ့ ကျွေးနေတဲ့မြင်ကွင်းလေး။
မိခင်ရဲ့  မျက်ဝန်းတွေထဲမှာ သားငယ်လေး ဆာလောင်မွတ်သိပ်မှု မရှိအောင်၊ အားအင်ပြည့်ဖြိုးနေအောင် ကျွေးမွေးလိုတဲ့ စေတနာတွေ တလက်လက် ဖိတ်လျှံလို့။
ကလေးငယ်လေးက မိခင်ကို ချစ်ခင်တဲ့ မျက်လုံးလေးတွေနဲ့ ပြန်လည်ကြည့်ရှုပြီး ပါးလုပ်ကလေး ဖောင်းအောင် အစာတွေစားနေတဲ့မြင်ကွင်း။
ကျွန်တော့ရင်ထဲမှာ နွေးထွေးသွားတယ်။
ကျွန်တော့် မေမေကို သတိရသွားတယ်။ ကျွန်တော်ငယ်ငယ်ကလဲ ကျွန်တော့်ကို မေမေက ဒီလိုပဲ မေတ္တာအပြည့်နဲ့ အစာခွံ့ကျွေးခဲ့မှာ အသေအချာ။
ဒီမနက်ခင်းလေးဟာ ကျွန်တော့အတွက် တန်ဖိုးရှိသွားပြီ။
ကော်ဖီကို လက်စသတ်၊ ငွေရှင်းပြီး Ward ထဲကို ပြန်လာခဲ့တယ်။
****
လူနာ အဖွားတစ်ယောက်ကို ပြန်ကြည့်ဖို့ သတိရလာတာနဲ့ သူ့ကုတင်နားကို လျှောက်လာခဲ့တယ်။
နောက်ထပ်မြင်ကွင်းလေး တစ်ခု။
ကျန်းမာ ကြံ့ခိုင်တဲ့ အမျိုးသား တစ်ယောက်။ မိခင်ဖြစ်တဲ့ လူနာအဖွားအိုကို ရင်ခွင်ကျယ်ကြီးထဲမှာ ချစ်ခင်ကြင်နာစွာ ဖေးမှီထွေးပွေ့လို့။
မိခင်ဖြစ်သူ အာဟာရဖြစ်စေဖို့ နူးညံ့တဲ့ အစာလေးကို နဲနဲချင်း ခွံ့  ကျွေးလို့။
သွားတွေ မရှိတော့ပေမဲ့ တမြုံ့ မြုံ့  စားနေတာကို သားဖြစ်သူက မေတ္တာအပြည့်နဲ့ ကြည့်ရင်း ပီတိတွေဖြစ်နေပါတယ်။
ကျွန်တော့် ရင်ထဲမှာ ထပ်မံ နွေးထွေးသွားတယ်။
ဒီမနက်ခင်းလေးဟာ ကျွန်တော့အတွက် အရမ်းကို အဓိပ္ပါယ်ရှိသွားပြီ။ တကယ်ပါ၊ ကျွန်တော် ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်တော့ပါဘူးဗျာ။

မိမိကွန်ပျူတာမှာ 3D ပုံရိပ်တွေကြည့်ဖို့
Myanmar IT Men Blog က ပို့စ် တစ်ပုဒ် ဖြစ်ပါတယ်။
3D ကြည့်ကြမလား
Written by {ga=bigblogger92}
3D ကို 3D မော်နီတာမလိုဘဲကြည့်လို့ ၇တယ်နော်. ဂိမ်းမှာတော့ စမ်းကြည့်ချင်၇င်၇တယ်ဗျ. အဲမှာပဲ စမ်းလို့ ၇တာကိုး. 3D ဘလူးရေးအခွေနဲ့ စက်က မှမတပ်နိုင်တာနော့်. အဓိကလုပ်၇မှာကဂရပ်ဖစ်ကတ်ကို driver update လုပ်၇မှာပါ.
ဥပမာ-NVIDIA ဆိုရင်ကိုယ်စိုက်ထားတဲ့ ကတ်ရဲ့ နာမည် ဥပမာ-NVIDIA GEFORCE 8400 GS ဆိုပီး သူ့ ဆိုက်မှာရှာလိုက်ပါ. ၀င်းဒိုးအစုံအတွက်ရှိပါတယ်. ဒါပေမဲ့ 3D ဖန်ရှင်က XP မှာတော့မပါဘူးဗျ. 7 ပဲ၇မယ်(ကတ်ကတော့ အကုန်နီးပါး ၇မယ်ထင်ပါတယ် 512 အနည်းဆုံးရှိမယ်ဆိုရင်) update download ပီးလို့  install လုပ်ပီးရင် restart ချလိုက် ပြန်တက်လာ၇င် NVIDIA CONTROL PANEL ထဲဝင်လိုက်ပါ. အခြား setting တွေကိုလည်း ကိုယ်သိသလို နားလည်သလို ပြောင်းလို့ ၇ပါသေးတယ်. အဲမှာ Setup stereoscopic 3D ဆိုတာကို ၀င်ပီး၇င် enable ပေးလိုက်ပါ. ပီးရင်သူက wizard နဲ့ စစ်သွားပါလိမ့်မယ်. မေးတာတွေကိုသေချာစစ်ဆေးကြည့်ပီးဖြေပေးလိုက်ပါ. (မျက်မှန်တော့ဝယ်ထားနော် တစ်လက်မှ 2000 ထဲပါ) ပီးလို့ successfully ဖြစ်သွားပီဆိုရင်မျက်မှန်သာတပ်ကြည့်ပေတော့သူ ပြတဲ့ 3D slideshowကပုံတွေကို တကယ် 3D မြင်ရပါလိမ့်မယ်. ဂိမ်းတွေမှာလည်းတကယ်3D နဲ့ ဆော့လို့ ၇ပါတယ်. NVIDIA ပဲ စမ်းဖူးပါတယ် ATI တော့မသိပါ. ဘယ်မော်နီတာမဆို LCD,LED ဆိုပါကောင်းမယ်ထင်ပါတယ်. အနော်က CRT နဲ့ ပဲစမ်းဖူးပါတယ်. ရမရပြန်ပြောပေးကြအုံးနော်
မှတ်ချက်--- ခေါင်းမူးတတ်ရင် မစမ်းပါနဲ့  ။ ပီးသွားရင် ရေရေလည်လည်မူးလို့ ပါ၊