Sunday, January 30, 2011

ဖတ်မိတဲ့ကဗျာလေးများ

ပျင်းနေတာနဲ့ အပျင်းပြေ ကဗျာလေးတွေ လျှောက်ဖတ်ရင်း သဘောကျတာလေးတွေ ပြန်မျှလိုက်ပါတယ်။
ကျွန်တော်ရေးတာမဟုတ်ဘူးနော်။သူများရေးထားတာတွေ။ဟဲဟဲ ။

၁။ချစ်လွန်းလို့

နှလုံးသားတ၀ိုက်.
အမုန်းမြှားစိုက်လဲ..
ပြုံးထားလိုက်မယ်..
ချစ်လွန်းလို့.....

၂။ခြေရာ
ခြေရာဆိုတာ....
ရေမှာ လေမှာ..မရှိပေမယ့်.
သူပေးတဲ့ဒဏ်ရာ..
ရင်မှာရှိတယ်...

၃။မပြောင်းလဲတဲ့အချစ်

စက္ကန့်ကိုမိနစ်စား.
မိနစ်ကိုနာရီစား...
ရက်ကိုလစား..
လကိုနှစ်စား...
အချိန်တွေသာဟောင်းသွား...
ငါ့..ရင်ထဲကအချစ်ကမပြောင်းသွား.........

၎။မမုန်းစေချင်

အလွမ်းအဆွေးတွေ..တို့မလိုဘူး
ချစ်စရာအပြူံးနဲ့...နှစ်တစ်ရာမမုန်းဖို့ဘဲလိုတယ်.

၅။အလွမ်းကဗျာ

ရင်ခုန်နှစ်သက်
အလွမ်းရက်ရှည်
မျက်ရည်ပင်လယ်
ရွက်လွှင့်ကျယ်ပြော
ဝဲလယ်မျောခဲ့ 
ဒီလိုနဲ့ 
သောကပဲ့ စင်
ကမ်းကိုမြင်ပြီ
အချစ်ရင်ဖွင့်ကြိုပါတော့.....။

၆။ကြယ်ကြွေည အလွမ်းကဗျာ

အကြင်နာ
ဖယ်ကာလှစ်
အပြစ်ရှာ
အမုန်းများနဲ့
ပြစ်ခွာထားရစ်သူ……
ရင်ထဲမှာ
မှောင်မိုက်ကျွမ်း
လွမ်းခဲ့ရပြီပေါ့……
ဝေဒနာကို
ဖြေစရာမတွေ့ဘူး
သေရာပါတော့မှာလားလေ…….