Saturday, February 19, 2011

အာရှ အမျိုးသားများကြား ခေတ်စားလာသော အမျိုးသမီး ဆန်ဆန် ဆံပင်ပုံစံများ

ယနေ့ခေတ် ဖက်ရှင်ရေစီးသည် အဆန်းတကြယ် ဒီဇိုင်းများဖြင့် ပိုမိုများပြား ရှုတ်ထွေးလာပေရာ အသစ်အသစ်သော ဖက်ရှင် ဒီဇိုင်းများ ပေါ်ထွက်လာသကဲ့သို့ အမျိုးသမီး ဖက်ရှင်နှင့် အမျိုးသား ဖက်ရှင်တို့အကြား ခြားနားမှု တံတိုင်းသည် တစ်ဖြည်းဖြည်း ပါးလွှာ လာလျက်ရှိသည်။
ယနေ့ခေတ်တွင် အမျိုးသမီးများသည်လည်း လူအဖွဲ့အစည်းအတွင်း ပိုမိုနေရာရလာကာ အမျိုးသားတို့နှင့် တန်းတူ လှုပ်ရှား သွားလာနိုင်ကြသည့် အလျောက် ရှေးယခင်က မိန်းမဆန်ဆန် နှင့် သိမ်မွေ့အောင် တုတ်နှောင်ထားသည့် ဖက်ရှင်ပုံစံများထက် ပိုမိုသွက်လက်သော အမျိုးသားဆန်သည့် ဖက်ရှင်များကို ဝတ်ဆင်လာကြသည်။
ထိုအတူ ယနေ့ခေတ်တွင် အမျိုးသားတို့သည်လည်း ယခင်ကာလများထက် ပိုမို၍ အလှအပ နှင့် ဖက်ရှင်အပေါ် ဂရုစိုက်ကြသည် ဖြစ်ရာ ပုံမှန်ဝတ်နေကျ အမျိုးသား ဖက်ရှင်များမှ ခွဲထွက်ပြီး အရောင် အသွေးနှင့် ဒီဇိုင်းဆန်းသစ်သည့် အပြင်အဆင် နှင့် ဖက်ရှင်ပုံစံ အများအပြား ပေါ်ထွက်လာသည်။ ထိုသို့သော ပေါ်ထွက်လာသည့် ဖက်ရှင်များတွင် အမျိုးသမီးဆန်သည့် အဆင်အသွေး ဒီဇိုင်း ပုံစံနှင့် ဝတ်စား ပြင်ဆင်ပုံများသည်လည်း ယနေ့ခေတ် အမျိုးသား ဖက်ရှင် ရေစီးတွင် အရှိန်အဟုန် ကောင်းစွာ စီးမျောလာကြသည်။
ထိုသို့သော အမျိုးသားတို့၏ အမျိုးသမီး ဆန်ဆန် ဖက်ရှင်ဒီဇိုင်း အများစုကို ဖြူသွယ်သော မျက်နှာတည်ဆောက်ပုံနှင့် နုနယ်သော ရုပ်ရည်များ ပိုင်ဆိုင်ကြသည့် အာရှ အရှေ့ပိုင်းနိုင်ငံများဖြစ်သော ဂျပန် ၊ ကိုရီးယား ၊ တရုတ် ၊ ဟောင်ကောင်၊ တိုင်ဝမ် နှင့် ထိုင်း စသော နိုင်ငံများရှိ အမျိုးသားများ အကြားတွင် အထူးခေတ်စားသည်ကို မြင်တွေ့ကြရသည်။
အထူးသဖြင့် ထိုနိုင်ငံများရှိ ရုပ်ရှင် ဂီတ နယ်ပယ်မှ ကျော်ကြားသူ အမျိုးသား အများစုသည် ဖက်ရှင် အဆန်းတကျယ်များ တီထွင်ကြရာမှ အဆိုပါ ဖက်ရှင်ရေးစီးသည် လူငယ်အများစုထံသို့ စီးဆင်းသွားဖွယ်ရှိသည်။ ထိုကဲ့သို့ အမျိုးသားတို့အကြား ခေတ်စားလာသော အမျိုးသမီး ဆန်သည့် ဖက်ရှင်များထဲမှ ကျော်ကြားသူ အာရှ အမျိုးသား အချို့၏ အမျိုးသမီး ဆန်ဆန် ဆံပင်ပုံစံများကို ဖော်ပြလိုက်ပါသည်။
G-Dragon ( Big Bang )
03 jpg
Kim Bum
04 jpg
Yunho from DBSK
05 jpg
Max Changmin from TVXQ

06 jpg
07 jpg
Lee Hong Ki from F.T Island

08 jpg

Choi Minho ( Shinee)
09 jpg

Bae Yong Joon
010 jpg
Kim Hyun Joong from SS501

011 jpg
Lee Jun Ki
http://patheincity.com/news//HLIC/00361ff8ceca5831e504c18f7d19bfde.jpg
http://patheincity.com/news//HLIC/c2d8904155197b73241a039bcf141205.jpg
Lee Teuk from Super Junior

012 jpg
013 jpg
Bi Rain
014 jpg
015 jpg
Bae Yong Joon and Rain
016 jpg
Kim Hee Chul from Super Junior

018 jpg
019 jpg
Lee Hong Ki
02 jpg
01 jpg
Jang Geun Suk
020 jpg
Ye Sung
021 jpg
Eun Hyuk
022 jpg

Taecyeon from 2PM

023 jpg
Yoseob from BEAST
024 jpg

credit  PatheinCity