Sunday, February 6, 2011

သူငယ်ချင်း

အကြင်နာနန်းတော် ဖိုရမ် မှာ "kswems" ရေးသားထားတဲ့ ကဗျာလေး တစ်ပုဒ်ဖြစ်ပါတယ်။ ဖတ်ကြည့်ပါ။ အဲဒီဖိုရမ်မှာ kswems ရဲ့ ရေးသားချက်တွေ အများကြီးဗျ။ :)
kswems on Fri Feb 04, 2011 1:15 am



သူငယ်ချင်း



ချစ်သူငယ်ချင်း

ရက် တွေ လတွေ နှစ်တွေ

ဘယ်လိုပဲပြောင်းပြောင်း

ငါ မင်းအပေါ်မှာ

ငါရဲ့ခင်မင်မှုတွေ

ဘယ်တော့မှာ မပြောင်းလဲပဲရှိမှာပါနော်…

မင်း ငါကိုစိတ်မဆိုးပါနဲ့ကွာ…

ငါမှာ သူငယ်ချင်းတွေ

ဘယ်လောက်ပဲ များနေပါစေ

အလုပ်တွေများနေပါစေ

မင်းအတွက် ငါမှာအချိန်တွေ

ရှိပါတယ် သူငယ်ချင်းရယ်…

မင်း လိုအပ်တဲ့အချိန် ငါကို သတိရလိုက်

မင်းတွက်ငါ အမြဲအသင့်ရှိမှာပါနော်…

မင်းအားငယ်နေမှာ

ငါမလိုလားပါဘူး….

မင်းလိုချင် ရင် ငါဘာမဆိုပေးမှာပါ…

ဘာလို့လဲဆိုတော့

မင်းက ငါအချစ်ဆုံးသူငယ်ချင်းလေ……