Tuesday, February 1, 2011

blog တစ်ခုကိုစတင်ဖန်တီးဖို့..ဒါတွေဖတ်ပါ။

ခင်ခင်: blogspot လုပ်နည်း စဆုံး တင်ပေးပါလား လုပ်ကြည့်ခြင်လိုပါ

အရင်ကလည်း အသိတစ်ယောက်က ဧကရီတို့ကိုမေးထားတာရှိပါတယ်.ဘလော့ဂ်ဂါတိုင်းသိနေပြီးသားဆိုပြီး မတင်ဖြစ်ပေမဲ့
အခု အကြွေးကျန်သေးတယ် မဖြေပေးသေးဘူးလား လို့ ဂျီတိုက်လာလို့ လေ..

တစ်ခုကြိုပြောချင်ပြချင်ပါတယ်ရှင့်..
ဘလော့ဂ်တစ်ခု စတင်တော့မယ်ဆိုရင် အဓိက အချိန်ပေးနိုင်ရမယ်..
နောက် ကိုယ်က ဘယ်လိုဘလော့ဂ်မျိုးကို စတင်ရုပ်လုံးဖေါ်မလဲ?
စတင်မိပြီးရင် ဘယ်အချိန်အထိ ဆက်လုပ်သွားမလဲ?
အစပျိုး မိရုံလေး တတ်ထားရုံလေးဆိုရင်တော့ သိပ်ပြီးထွေထွေ ထူးထူး မပြောလိုတော့ပါဘူးရှင့်.
အရေးကြီးတဲ့တစ်ခုက စေတနာမှန်ရမယ်ပေါ့..
ခု ဧကရီတို့ အကြင်နာနန်းတော် ဘလောဂ်လေးဟာ စတည်ထောင်တာသိပ်မကြာသေးပါဘူး..ဧကရာဇ် ရဲ့စေတနာကိုရုပ်လုံးဖေါ်ထားတာပါ။
ဧကရီ ကတော့ ပါရမီဖြည့်တဲ့သဘောပါပဲ..အဓိက ကတော့ ၀ါသနာ စေတနာ အနစ်နာ နောက် အကြင်နာ ဆိုတဲ့ နာလေးနာနဲ့ အစပျိုးပြီး
ကူညီပါဝင်ပေးကြတဲ့ ဘုန်းဘုန်း အရှင်အာစာရ.နောက်ဒေါက်တာ ကိုညီညီလွင်.ကိုတောင်ကြီးသား.တို့က အဓိက ကူညီပြီးပို့စ်ပိုင်း ဆိုင်ရာက
နေ အလျှင်းသင့်သလို ကူညီပေးထားကြပါတယ်။သူတို့ကိုလည်း ကျေးဇူး အထူးတင်ရှိကြောင်း(ဒီနေရာကနေ ကြော်ငြာဝင်လိုက်ပါတယ်)...:D

ခု ဧကရီ အကိုတစ်ယောက်တောင်းထားတာလေး ကို သူများဆီက( emtz က say ဆီကနေ ခိုးချပေးလိုက်ပါပြီနော်)..:D
(ကိုယ်တိုင်ရေးနေရင် အချိန်ကအများကြီးပေးရမယ်လေ)အဲဒါကြောင့်ပါ..

Blog တစ်ခုတည်ဆောက်ခြင်းနှင့် ပတ်သက်၍ (အပိုင်း-၁)

မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း install ပြီးခဲ့ပြီဆိုရင် blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ရေးသားတင်ပြသွားပါမည်။

Step 1) Sign in to blogger

Step 2) Display name (or) Author name

Step 3) Name your blog

Step 4) Choose your template

Step 5) Publish your first post

မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။

Step1) Sign to Blogger

မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog  တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com  ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။ Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် " sign in area "  ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (မိမိရဲ့ Email ) ၊ Password နေရာတွင် ၄င်း Email password  တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter  ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။

Step 2) Display Name (0r) Auth0r Name

မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။

Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင် Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။

မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။

Step3) Name your Blog

ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။

စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းနိုင်စေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင် Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။

URL (or) Blog Address

Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။

မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Blog လိပ်စာအပြည့်အစုံ  ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။

လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက "available" ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။

မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။

Step 4) Choose your Template

Template ဆိုတာမိမိ Blog  ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger  မှာ အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။

Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့် ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။

အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့ စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။

မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။

Step 5) Publish Your First Post

Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create  လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြသော Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ Your blog has been create!  စာတန်းအောက်ခြေမှ Start blogging တွင် Click  တစ်ချက်နှိပ်ပါ။

ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့ ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ်။ ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့် အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။ ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။

ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေေ၀ဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။ စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။

ကိုယ်ပိုင် Blog တစ်ခုလိုချင်သူများအတွက် တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ရှင့်။
အကောင်းဆုံးမဟုတ်ပေမယ့် အရှင်းဆုံးဖြစ် အောင်ဖော်ပြပေးထားပါတယ်။

(blogspot အတွက် ထပ်တင်ပေးပါမည်ရှင့်)


                                                                                 ***ဧကရီ***