Wednesday, February 2, 2011

ချက်မယ် ပြုတ်မယ် စားကြမယ်...:D

အားလုံးမင်္ဂလာပါရှင့်..ဒီနေ့လေ. ဧကရီ စိတ်ကူးတစ်ခုရလာတယ်..ဒီအကြင်နာနန်းတော်ဆိုက်ဒ်လေးမှာ
အိမ်ရှင်မ အစီအစဉ်လေး မပါသေးတော့..ဟင်းချက်နည်းလေး မုန့်လုပ်နည်းလေးတွေ ကို ကိုယ်ပိုင် လက်စွမ်း
လေးပြပြီး ချက်ထားတာလေးတွေ တင်သွားချင်တယ်ပေါ့။
အော် ဒါနဲ့..အောက်က ရိုက်ထားတဲ့ ပုံလေးကို ကိုဧကရာဇ်ကို ပြမိပါတယ် သူက မုန့်ပြားသလက်လားတဲ့..:D
သွားပါပြီ ဧကရီလက်ရာလေး...
တကယ်တော့ ဧကရီကတောင်ကြီးသူ ဆိုတော့ရှမ်းရိုးရာ အစားအစာထဲက ကိုယ်လုပ်တတ်တဲ့ အင်းလေးငါးထမင်းနယ်
လေးပေါ့။ ရှမ်းပြည်သားတိုင်း သဘောကျနှစ်သက်တဲ့ အစားအစာလေးလေ။
တောင်ပေါ်သူ တောင်ပေါ်သားတိုင်းလုပ်စားတတ်ပေမဲ့ မြေပြန့်က အစ်ကိုအစ်မ တွေကျ မမြင်ဖူးတဲ့သူတွေတောင်ရှိတာ
လက်တွေ့ပေါ့..ကိုဧကရာဇ်ကြီးမေးသလိုပေါ့ (မုန့်ပြားသလက်လားတဲ့)..အဲလိုပေါ့.
ကဲ..ဒါဆို တကယ်စားချင်တဲ့သူတွေအတွက်  ငါးထမင်းနယ် လုပ်နည်း လေး ဧကရီ လက်ဆောင်ပေးလိုက်မယ်နော်.

food.gif


ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးတောင့်  နံနံပင်။
ရှမ်းဆန်ကို သိပ်ပျော့မသွားအောင် ရေအနေတော်လေးထည့်ပြီး ရေခန်း
ချက်မယ်။
ပြီးရင် ခရမ်းချဉ်သီးကို ဆီမထည့်ဘဲ နနွင်းလေးနဲ့ရောပြီး
မွှေချက်လေးချက်ထားပါ။
ငါးရံ့ကို ပြုတ်၊ အရိုးနွှင်ပြီး မွမွလေးဖွထားပါ။
ရှမ်းဆန်ချက်ထားတဲ့ ထမင်းကို ခရမ်းချဉ်သီးအနှစ်နဲ့ စေးပိုင်နေအောင် နယ်ပြီး အပေါ်ကနေ နွှင်ထားတဲ့ ငါးရံ့မွမွ
လေးတွေဖြူးပါ။

images?q=tbn:ANd9GcRdjBLYU9c0ipMaKP-E23r3UkHnWqrtx-VZuXHWaKrcgpi26s2p&t=1images?q=tbn:ANd9GcQRa1qetVp9dAeJQ-zaX0qBQmWk-auwXXcFFXWLFIunQbhGTOeY6UpMeJQP

တွဲဖက်စားဖို့ ရေစင်စင်ဆေးထားတဲ့ ဂျူးမြစ်၊ ငရုတ်တောင့်အကြွပ်ကြော် နံနံပင် တို့နဲ့ တွဲဖက်လိုက်ပြီဆိုရင်တော့ ငါးထမင်းနယ်ကို

အရသာ ရှိရှိစားသုံးနိုင်ပါပြီ။
တကယ်လို့ သတ်သတ်လွတ်စားသူတွေအတွက်တော့ ငါးနေရာ မှာ အာလူးပြုတ်လေးအစားထိုးပြီး နယ်ပြီးစားသောက်မယ်ဆိုရင်

အာလူးထမင်းနယ်လေးဖြစ်သွားမယ်လေ..


ကဲ..စားလိုက်ကြစို့နော်...(နောက်ရက်တွေ လည်း အလည်လာတဲ့ သူတွေကို တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ကျွေးသွားမယ်လေ):D

နောက်ရက် ချက်ကျွေးမှာကအောက်က ဓါတ်ပုံလေးထဲက  အင်းလေးဝက်သားချဉ်နော်..(မကြာမှီမျှော်)..............:)

images?q=tbn:ANd9GcRNOICz7uijs7pAxKApxlaiR04I9QHCNA6ADekw8RFz1t2railCsA


                                                                                ***ဧကရီ***