Friday, February 11, 2011

Edo Vader ကြည့်သူ သန်းနဲ့ချီ

လူသားအားလုံးအတွက် ဆိုတဲ့ဘလော့မှာ ဖတ်လိုက်ရတာပါ။

တချို့ မမတွေကတော့ ဒီသီချင်းဗီဒီယိုကို ကြည့်ပြီးတော့ သိပ်မကြိုက်ကြဘူး။ ဒါပေမယ့် ဒီသီချင်းမူဗီဟာ YouTube စာမျက်နှာပေါ် တက်လာပြီး ရက်ပိုင်းအတွင်းမှာတင် ဝင်ကြည့်သူပေါင်း သန်းနဲ့ချီသွားခဲ့တာကြောင့် Youtube ရဲ့ CEO အကြီးအကဲ Chad Hurley ကနေ ဒီသီချင်းဖန်တီးသူ Edo Vader (မြန်မာနိုင်ငံသား) ကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း Bangkok post သတင်းစာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။ ဒီသီချင်းကို ထိုင်းဒါရိုက်တာ တဦးနဲ့ ပူးပေါင်းကာ ထိုင်းသရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့ရနံ့ ပါဝင်အောင် ကြိုးစားရိုက်ကူးထားတာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။