မိမိတို့ရဲ့  ဘလော့(ဂ်) မှာ သုံးဖို့ MP3 Player လေးတစ်ခု မျှဝေပေးလိုက်ပါတယ်။ အဲဒီ ပလေယာလေးက သီချင်းတစ်ပုဒ်ကို လက်ခံပြီး Play ပေးပါတယ်။ အရောင်တွေကို စိတ်ကြိုက် ပြောင်းယူနိုင်ပါတယ်။ MP3 ဖိုင်ထဲက သီချင်းအမည်ကို ရှာဖွေပြီး စာတန်းလေးပါ ပြပေးနိုင်ပါတယ်။ အဲဒီ ပလေယာလေးက SWF ဖိုင်လေးဖြစ်ပြီး လိပ်စာက (http://www.purplesnake.limewebs.com/for_blogger/player/play.swf) ဖြစ်ပါတယ်။ အဲဒီဖိုင်လေးကို အောက်ပါအတိုင်း HTML ကုဒ်နဲ့ ခေါ်သုံးရပါမယ်။
သီချင်းဖိုင် လိပ်စာကို
soundFile= နောက်မှာ ထည့်ပါ။ (အပေါ်က လိပ်စာကို ဖျက်ပစ်ပါ)။
သီချင်းကို အလိုအလျောက် Play ဖို့
autostart=yes လို့ ပြောင်းပေးရပါမယ်။
အရောင်တွေကို ပြောင်းဖို့ အောက်ပါ Variable တန်ဖိုးတွေကို ပြောင်းပေးရပါမယ်။ (မလုပ်တတ်ရင် ဒီအတိုင်းထားပါ)။
bg
leftbg
lefticon
rightbg
rightbghover
righticon
righticonhover
text
slider
track
border
loader
အပေါ်က ပေးထားတဲ့ ကုဒ်တွေ ရေးထည့်လိုက်ရင် အောက်ပါအတိုင်း ရပါမယ်။