Saturday, February 19, 2011

ထမနဲ ထိုးကြမယ်လေ..:P

တပို့တွဲလပြည့် ညလေးဟာ  နှင်းမှုန်ဖြူလွလွလေးတွေက ဇာပုဝါလေး လွှမ်းခြုံထားသလို
ရစ်သိုင်းနေတဲ့ ဒီချိန်ခါမှာ..အရိုးခိုက်အောင်အေးချမ်းနေပြီလေ။
ဒီလိုအေးချမ်းတဲ့ ချိန်ခါမျိုးမှာ မြန်မာရိုးရာ အညာဒေသ တွေမှာ ထမနဲ ပွဲ ကျင်းပကြပြီးဦးဦးဖျားဖျား ရွာဦးကျောင်းကိုလျှုတန်းကြတဲ့ ချစ်စရာ့မြန်မာ့ဓလေ့ တစ်ခုပေါ့နော်။

ဒီလိုပါပဲပေါ့ ..ဧကရီ တို့တောင်ပေါ်ဒေသမှာလည်း   ဒီညမျိုး ဆိုရင်ယာဂုလုပ်ပြီး လှူတမ်းကြတဲ့ ဓလေ့တစ်ခုရှိကြပါတယ်။
နှာရည်ယိုရွဲ့  တပို့တွဲ လို့ဆိုစမှတ်ပြုကြတဲ့ အပူဓာတ်လွန်ကဲတတ်ကြတဲ့ ဒီရာသီလေးမှာ  ထမနဲကိုစား
ရင်ထမနဲရဲ့ အပူဓာတ်က ပထ၀ီပျက်ပြားနေသူများကိုကုစားနိုင်တယ်လို့ ဆိုစမှတ်ရှိကြပါတယ်။
ဒါကြောင့် ဧကရီ ဒီညလေးမှာ နိုင်ငံရပ်ခြားရောက်နေကြတဲ့ သူတွေအတွက် ကော..ထမနဲ နဲ့ ဝေးနေတဲ့အရပ်နေရာ ဒေသမှာရှိတဲ့..သူတွေအတွက်ပေါ့.. အိုးသေးသေးနဲ့ ထမနဲ လုပ်နည်းလေး လက်ဆောင်ပေးလိုက်ပါရစေနော်။

images?q=tbn:ANd9GcQrrUXn4SaIrN93OonYbkKya2m62qxBH3CTAR9aJ9DngaSEaJuy


ပထမဆုံး ကောက်ညင်းဆန်ကိုရေစင်အောင်ဆေးပြီး ဒယ်ထဲထည့် ဆီနဲ့လှော်ရပါမယ်။
အညိုရောင်မသန်းခင်ဆယ်ယူပြီး ထမင်းပေါင်းအိုးထဲ ထမင်းချက်သလိုပဲ ရေနဲ့ ဆန်အကိုက်
ချက်ရပါ့မယ်။

Z

နောက်ပြီး အုန်းသီးခြစ်လေးတွေကို ဆီကြော်
မြေပဲမီးလျှော်.နဲ့ နှမ်းမီးလျှော် လေးကိုလဲ ဆီပူမှာ ထပ်ကြော်ပေးပြီးဆယ်ထားမယ်။

နောက်ဂျင်းတက်လေးကို ပါးပါးလေးစင်းပြီးဆီမှာကြော်မယ်။

ကဲ..ပြီးပြီဆိုရင် ချက်ထားတဲ့ ထမင်းကျက်နေပြီ အဆင်သင့်ဖြစ်နေပြီဆိုရင်.
ဒယ်အိုးသန့်သန့်လေးမှာ ဆီထည့် ချက်ထားတဲ့ထမင်းကို စီးပိုင်သွားအောင် ဆားထည့်ပြီး
မွေပေးရပါမယ်.။

images?q=tbn:ANd9GcSlH8owSdKJY1FlWtYGqGehyKg2iR2lyG1lPHAazOhSga_uTc60iA

ပြီးရင်..အဆင်သင့်ကြော်ထားတဲ့ ဂျင်း မြေပဲ နှမ်း နဲ့ အုန်းသီးခြစ်ကြော်လေးတွေ ရောမွေလိုက်ပီး
ပန်းကန်သန့်သန့်လေးမှာ ထည့်ယူစားသုံးနိုင်ပါပြီရှင့်။

အောက်ကပုံလေးကတော့ ချစ်စရာအညာဒေသ ဓလေ့တစ်ခုဖြစ်တဲ့ တပို့တွဲလပြည့်ညမှာ
ထမနဲ ထိုးပြိုင်ပွဲဝင်နေကြတဲ့ အားကောင်းမောင်းသန် ကာလသားတို့ရဲ့ လက်ရာလေးဖြစ်တဲ့
အိုးကြီးချက်ပေါ့နော်။

images?q=tbn:ANd9GcTNByqQWmzM8UZKofz1h3zTZ5Yq31Q-n6kIKGcPCO5CtZ0rBS4HnQ


                                                                      ***ဧကရီ***
                                                                     
                                                                      6913.gif