Tuesday, March 8, 2011

လကမ္ဘာပေါ်တွင်ရှေးဟောင်းအဆောက်အဦများတွေ့ရှိခဲ့ခြင်း

ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာကနေ လကိုလှမ်းမျှော်ကြည့်လိုက်ရင် ဆန်ဖွပ်တဲ့ကြပ်ဖိုးအို ရှိတဲ့အခြမ်းကိုပဲ အမြဲတွေ့မြင်ရပါတယ်။ လ က ကမ္ဘာကို တစ်ဘက်တည်း မျက်နှာမူပြီး လှည့်ပတ်နေလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မမြင်နိုင်တဲ့ လရဲ့ တစ်ဘက်ခြမ်းကို လကမ္ဘာရဲ့အခြားတစ်ဘက်ခြမ်း (The other side of the Moon) လို့ခေါ်ကြသလို လကမ္ဘာရဲ့အမှောင်ဘက်ခြမ်း (Dark side of the Moon) လို့လည်း ခေါ်ကြပါတယ်။ အဲဒီဘက်ခြမ်းမှာ ဘာတွေရှိသလဲဆိုတာ မသိချင်ကြဘူးလားဗျာ။ ၁၉၆၉ ခုနှစ်မှာ လကမ္ဘာကို သွားရောက်ခဲ့ကြတဲ့ အမ်းစထရောင်း တို့ သိခဲ့ကြသလို၊ နာဆာအဖွဲ့ကလည်း သိခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကာလတုန်းက ရည်ရွယ်ချက်တစ်ခုနဲ့ ဖုံးဖိထားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက လူသိရှင်ကြား ပေါ်လာခဲ့ပါပြီ။ အဲဒီဘက်ခြမ်းမှာ အာကာသစခန်းလို့ ယူဆရတဲ့ ရှေးဟောင်းအဆောက်အဦပျက်တွေ တွေ့ခဲ့ကြပါတယ်။

ဒီအဆောက်အဦဟာ Moltke တွင်းပေါက်ကြီးရဲ့ မြောက်ဘက်မှာ တည်ရှိပြီး၊ Sea of Tranquility (တည်ငြိမ်သောပင်လယ်ကြီး) လို့ခေါ်တဲ့ ကွင်းပြင်ကြီးထဲမှာ ဖြစ်ပါတယ်။ ဆာဗေယာ(၅) အာကာသယာဉ်မှတစ်ဆင့် ပေးပို့ခဲ့တဲ့ ဓာတ်ပုံပေါင်း (၁၉၀၀၀) အရ နာဆာအဖွဲ့ဟာ ၁၉၆၇ မှာ စတင်သိရှိခဲ့ပါတယ်။ အဆောက်အဦဟာ ၆၀ မီတာရှည်လျားပြီး၊ တစ်ဘက်စီမှာ ပြူတင်းပေါက် ၁၂ ပေါက်စီရှိပါတယ်။ အဆောက်အဦရဲ့ ဒြပ်သားမှာ အောက်ဆီဂျင် ၆၀% နဲ့ ဟိုက်ဒြိုဂျင် ၀.၀၁% ပါဝင်ဖွဲ့စည်းထားပါတယ်။ နံရံတွေရဲ့ အနေအထားအရ နှစ်ထောင်ပေါင်းများစွာ သက်တန်းရှိနေပြီလို့ ခန့်မှန်းရပါတယ်။ နာဆာဟာ လူတွေအထိတ်တလန့်မဖြစ်အောင် ဒီသတင်းကို ဖုံးဖိထားခဲ့ပါတယ်။

အာကာသယာဉ်မှူး အမ်းစထရောင်းရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၁၆၀နှုန်းထိ မြန်နေခဲ့ပါတယ်။ နာဆာက သူဟာ မြေနမူနာ (၂၅) ကီလိုထမ်းပိုးထားရလို့ လို့ ဖြေရှင်းပြောဆိုခဲ့ပါတယ်။ အမှန်ကတော့ လကမ္ဘာပေါ်မှာ အဲဒီအလေးချိန်ဟာ (၄)ကီလိုလောက်ပဲ ရှိပါတယ်။ စနစ်တကျ စီထားတဲ့ အပြားဝိုင်းတွေနဲ့ အဖြူရောင် ရှည်မျောမျောအရာတွေကို စတွေ့တုန်းက သူတို့အရမ်း အံ့အားသင့်သွားခဲ့ကြပါတယ်။ ဟူစတန် မြေပြင်ထိန်းချုပ်ရေးစခန်း ကို ရေဒီယိုလွှင့် ပေးပို့ချက်ထဲမှာ အားလုံးမှတ်တမ်းတင်ထားပါတယ်။ ဟူစတန်ကနေ အဲဒီနေရာကို ပြန်လှည့်သွားပြီး စူးစမ်းလေ့လာဖို့ ညွှန်ကြားခဲ့ပါတယ်။

အောက်မှာ အာကာသယာဉ်မှူးများ မှတ်တမ်းတင်ထားတဲ့ ရုပ်ရှင်ကိုကြည့်ကြပါ။ အဆောက်အဦထဲကို လိုက်ရိုက်ပြီးမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။



အောက်မှာ နာဆာအဖွဲ့က ဖျက်ထုတ်ထားတဲ့ အဆောက်အဦများ နေရာပြ ဗီဒီယိုပါ။














ယုံချင်ယုံ၊ မယုံချင်နေလို့ ပြောရမလားပဲဗျာ။ ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ။ (နောက်ထပ်ဗီဒီယိုလင့်တွေလိုက်ကြည့်ကြည့်ပါဗျာ။)


Ref: http://divinecosmos.com/index.php?option=com_content&task=view&id=300&Itemid=70