Thursday, March 3, 2011

ဆိုဒ်ကောင်းကောင်းလေးတွေ ဝေမျှမယ်

ဒီနေ့ နေလို့ နဲနဲကောင်းလာပီ။ဖျားနေတာနဲ့ ဘာမှလဲ မတင်ဖြစ်ဘူး။ဧကရီလဲ ပျောက်နေတယ်။connectionမကောင်းလို့လား။ဘာဖြစ်နေလဲမသိဘူး။ဆက်သွယ်လို့လဲမရဘူး။စိတ်ရော
လူရောပင်ပန်းနေတယ်။ကျောင်းကတက်ရသေးတော့ ပိုဆိုးတယ်။ဒီရက်တွေ ပျက်ကွက်နေတာတွေအတွက်
အကြင်နာနန်းတော်ကို အစဉ်အမြဲ လာလည်ပြီးအားပေးနေတဲ့ မိတ်ဆွေတွေကို တောင်းပန်ပါတယ်ဗျာ။
ခုနေလို့ နဲနဲကောင်းလို့ ကျွန်တော်သိတဲ့ ဆိုဒ်ကောင်းကောင်းလေးတွေ ဝေမျှပေးမယ်နော်။
ပထမဆုံး hotfile၊megaupload၊ filesonic စတဲ့ download ဆိုဒ်တွေရဲ့ premium အကောင့်တွေ ဝေငှပေးတဲ့ ဆိုဒ်တစ်ခုကို ပြောပြမယ်နော်။တစ်ခုတော့ရှိတယ်။hotfile က ဦးသူရတာနော်။အကောင့်တစ်ခုကို တစ်ယောက်က ၀င်လိုက်ပြီးရင် ကျန်တဲ့သူက free အကောင့်ဖြစ်သွားရော။သုံးနည်းကိုတော့ ဆိုဒ်မှာပြပြီးသားဘဲ။အများဆုံးတင်ပေးတာက hotfile အကောင့်တွေဘဲ။ပြောနေကြာတယ်။ကိုယ်တိုင်သာ သွားကြည့်လိုက်နော်။
ပြည်တွင်းက လူတွေအတွက်တော့ ခက်ခဲမယ်နော်။ပြည်ပက လူတွေအတွက်ဘဲ အဆင်ပြေလိမ့်မယ်။

http://allpremiumaccount.blogspot.com/

နောက်ဆိုဒ်တစ်ခုက ကျော်ခွဖို့ဆိုဒ်လေးပါ။မြန်မာပြည်ကနေ ပိတ်ထားတဲ့ဆိုဒ်တွေဖြစ်ဖြစ်။ကိုယ့်ကို ဘန်းထားလို့ ကျော်ခွပြီးဝင်ချင်ရင်ဖြစ်ဖြစ်သုံးနိုင်ပါတယ်။တခြားဆိုဒ်တွေအများကြီးရှိပါတယ်။ဒါပေမယ့်
သုံးရအဆင်မပြေတာများတယ်။တခါတလေ စာရေးလို့မရတာ လင့်ကိုနိုပ်မရတာဖြစ်တတ်တယ်။ခုဆိုဒ်လေးက ကျွန်တော်သုံးတာတော့ တော်တော်အဆင်ပြေတယ်။
ကျော်ဖွင့်လို့ဘာမှမထူးခြားသွားဘူး နဂိုအတိုင်းဘဲ ၀င်မွှေနိုင်တယ်ဗျ။

http://anonymouse.org/anonwww.html

နောက်ဆိုဒ်နှစ်ခုက video,audio,ebook,image တွေရဲ့ format ကို အွန်လိုင်းကနေ လွယ်လွယ်ကူကူချိန်းနိုင်မယ့် ဆိုဒ်လေးတွေပါ။မြန်မာအိုင်တီကနေ တွေ့လို့ ပြန်ဝေမျှတာပါ။
converter ဆော့ဝဲတွေနဲ့ ချိန်းရင် ဆော့ဝဲက full မဖြစ်တာနဲ့  တခါတလေ ကိုယ်ချိန်းချင်တဲ့ format
က မရှိတာနဲ့ဆိုတော့ အလုပ်ရှုပ်ပါတယ်။ဒီဆိုဒ်လေးတွေက သုံးရလဲလွယ်တယ်။format တွေလဲ တော်တော်စုံလင်ပါတယ်။


http://www.online-convert.com/

http://www.docspal.com/

နောက်ဆိုဒ်တစ်ခုက မြန်မာဖောင့်တွေကို ချိန်းပေးတဲ့ ဆိုဒ်လေးပါ။မြန်မာဖောင့်တွေ စုံစုံလင်လင်ရှိပါတယ်။ဖောင့်မတူလို့ စာတွေဖတ်ရခက်နေရင် ဘာသာပြန်ပြီးဖတ်နိုင်တာပေါ့။

http://burglish.my-mm.org/latest/trunk/web/fontconv.htm

နောက်ဆိုဒ်တစ်ခုက ဘောလုံးပွဲတွေ ဟိုက်လိုက် ပြန်ကြည့်ချင်တဲ့ ဘောလုံးပွဲဝါသနာအိုးတွေအတွက်ပါ။
ကိုယ်မကြည့်လိုက်ရတဲ့ ပွဲတွေ ပြန်ကြည့်နိုင်တာပေါ့။

http://footyroom.com/

နောက်လဲ ဆိုဒ်ကောင်းကောင်းလေးတွေ ရှိရင် ဝေမျှပေးမယ်နော်။ခုတော့ နေမကောင်းတော့ နားတော့မယ်။

                                                   ကောင်းမွန်ပြည့်စုံသော နေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ။