Saturday, March 12, 2011

ငရဲပြည်သို့သွားရာ တွင်းပေါက်ကြီး (Door to Hell)

ဒီကမ္ဘာပေါ်မှာ ငရဲပြည်ကို သွားတဲ့တွင်းပေါက်ကြီး တစ်ခုရှိနေပါတယ်။ ရုရှားနိုင်ငံ Darvaz မြို့လေးအနီး၊ Uzbekistan မှာရှိပါတယ်။ တွင်းပေါက်ကြီးက ခန့်မှန်းခြေ အချင်း မီတာ(၆၀) နဲ့ အနက် မီတာ (၂၀) လောက်ရှိပြီး ၁၉၇၁ ခုနှစ်ကတည်းက မီးတောက်လောင်နေခဲ့ပါတယ်။ အောက်က ပုံတွေကိုကြည့်ပါ။















ရုရှားသိပ္ပံပညာရှင်များဟာ ၁၉၇၁ ခုနှစ်၊ Karakum Desert of Turkmenistan သဲကန္တာရထဲမှာ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေစဉ် ယန္တယားစက်ကြီးများနဲ့အတူ မြေကျွံကျပြီး တွင်းပေါက်ကြီးထဲပြုတ်ကျသွားခဲ့ပါတယ်။ တွင်းထဲကထွက်လာတဲ့ ဓာတ်ငွေ့များဟာ ဘေးပါတ်ဝန်းကျင်ရွာတွေကို ပျံ့ နှံ့ပြီးအဆိပ်အတောက် ဖြစ်မှာစိုးလို့ မီးရှို့ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထင်ထားသလို မီးကငြိမ်းမသွားတော့ပဲ ယနေ့ထိတိုင် တောက်လောင်လျက်ရှိနေပါတယ်။

Google Earth မှလည်း ကြည့်နိုင်ပါတယ်။ ပုံကို နည်းနည်း ချဲ့ကြည့်ကြည့်ပါ။



အောက်မှာ ဗီဒီယိုကိုလည်း ဖော်ပြထားပါတယ်။




Ref: http://englishrussia.com/index.php/2008/03/25/darvaz-the-door-to-hell/