Friday, April 29, 2011

YourFreedom သုံးနည်းလေးပါ။

28 Apr 11, 03:07 PM
naingnandaaung: YourFreedom ကိုဘယ်လိုသုံးရတာလဲ။အသုံးပြုပုံအသေးစိတ်ကိုမြန်မာလိုသိချင်ပါတယ်YourFreeDom အသုံးပြုပုံကိုမြန်မာလိုသိချင်ပါတယ်။

.....................................................................................................................

naingnandaaung:စီဘောက်မှာ တောင်းထားတဲ့ YourFreedom အသုံးပြုနည်းလေး ဧကရီဖြေပေးလိုက်ပါတယ်နော် အဆင်ပြေပါစေရှင့်။
ဆော့ဝဲလေးနဲ့ အကောင့်ဖွင့်ဖို့ လင့်ခ်လေးပါ ထည့်ပေးလိုက်ပါတယ်နော်။



အရင်ဆုံး ဧကရီပေးမဲ့  Freedom Software လေးကို အရင် Downloads လိုက်ပါ။


images?q=tbn:ANd9GcQyQTGOS7wLyoJtx8SUhdNMpI3eMiG84DZaDTgZOb3sujeeR7vVaw

  YourFreedom ဆော့ဝဲကိုဒီနေရာမှာဒေါင်းလိုက်ပါ။


   ဒီနေရာလေးမှာ အကောင့်ပြုလုပ်ပါ။

  software ကို​ဒေါင်း​ပြီး​လို့ အကောင့်​လဲ​လုပ်​ပြီး​သွား​ပြီ​ဆိုရင် software ကို installation လုပ်​ရ​ပါ့​မယ်။ software ကို စ​သွင်း​ပြီ​ဆို​တာ​နဲ့ ဘာသာ​စကား​ရွေး​ခိုင်း​ပါ​လိမ့်​မယ်။ မြန်မာ​သာ​ဘာ​လဲ ပါဝင်​တာ​ကို​တွေ့​ရ​မှာ​ပါ။ မြန်မာဘာသာ​စကား​နဲ့ သုံး​ချင်​သူ​အနေ​နဲ့ မြန်မာ​စာ ကို​က​လစ်​လုပ်​ပါ English ကို​သုံး​ချင်​သူ​အနေ​နဲ့ english ကို​ရွေး​သုံး​နိုင်​ပါ​တယ်။ အသုံးပြု​ရ​တာ​လွယ်​အောင် English ဘာသာ​စကား​ကို​ရွေး​လိုက်​ပါ။

images?q=tbn:ANd9GcR4HyRjExKKDeghCiaGqHcy2Vy-jOsrl-Eeq5P3IBEtOjlnooSX

 ဒါ​ဆို​ရင် သင့်​ကို windows နှစ်​ခု​တက်​လာ​ပါ​လိမ့်​မယ်။ တစ်​ခု​က your freedom main windows နဲ့ နောက်​တစ်​ခု​က setup လုပ်​ဖို့​အတွက်​ပါ။
 freedom ပွင့်လာရင် အသုံးပြုမည့် Language ကို ရွေးဖို့ ပေးပါလိမ့်မယ် ပေးထားတဲ့  freedom ကမြန်မာလိုလဲ ပါပါတယ်။
 မြန်မာဆိုတာလေး ကို ရွေးပေးလိုက်ပါ။ zawgyi font တော့ ရှိဖို့လိုပါမယ်။ 

06.jpg


Welcome message ပါ Next ကို​က​လစ်​လုပ်​ပြီး ဆက်​သွား​ပါ။
Proxy Server ကို​တောင်း​ပါ​လိမ့်​မယ်။ သင့် ISP (Internet Services Provider) က Proxy Server နဲ့​သုံး​ရ​တာ​ဆို​ရင်​တော့ သင့်​အနေ​နဲ့ Proxy နံပါတ်​နဲ့ Port နံပါတ်​ကို​ရိုက်​ထည့်​ပေး​ရ​ပါ​လိမ့်​မယ်။ Internet Options မှာ Proxy ထည့်​သွင်း​ပြီး​သား​ဆို​ရင်​တော့ အဲ​ဒီ​က​နေ အလို​အလျှောက်​ထည့်​သွင်းပေး​ထား​မှာ​ဖြစ်​ပါ​တယ်။ No Proxy, Auto Detect တွေ​နဲ့​သုံး​လို့​ရ​တယ်​ဆို​ရင်​တော့ Try to auto-detect ကို​က​လစ်​လုပ်​ပေးလိုက်​လို့​ရ​ပါ​တယ်။ ပြီး​ရင်​တော့ Next ကို​က​လစ်​လုပ်​ပြီး​ဆက်​သွား​ပါ။


09.jpg


Next ကိုကလစ်လုပ်ပြီးရင် Proxy နံပါတ် ရိုက်​ထည့်​ထား​ရင် ခဏ​စောင့်​ပေး​ရ​ပါ​မယ်။ သင်​ရိုက်​ထည့်​ထား​တဲ့ Proxy Server နဲ့ Connection ချိတ်ဆက်​လို့​ရ​မ​ရ စစ်ဆေး​နေ​လို့​ပဲ​ဖြစ်​ပါ​တယ်။ Connection ချိတ်ဆက်​လို့​ရ​တယ်​ဆို​ရင် အောက်​က​ပုံ​ကို​တွေ့​ရ​မှာ ဖြစ်​ပါ​တယ်။

10.jpg

Next ကိုကလစ်လုပ်ပြီး ဆက်​သွား​ပါ။


11.jpg


ပုံမှာ မြင်​တဲ့​အတိုင်း​ပဲ Software ရွေး​ထား​ပေး​တဲ့ Protocols တွေ​ကို​ပဲ​သုံး​ပါ။ အဆင်​ပြေ​ပါ​တယ်။ ဒါ​ဆို​ရင် Next ကို​က​လစ်​လုပ်​ပြီး ဆက်​သွား​ပါ။
သင် Next ကို​က​လစ်​လုပ်​လိုက်​ပြီ​ဆို​တာ​နဲ့ Software က သင့်နေ​ရာ​နှင့် အနီး​ဆုံး Freedom Server များ​ကို​စ​ရှာ​ပါ​လိမ့်​မယ်။ ဘာ​မှ​လုပ်​ပေး​စရာ​မ​လို​ပါ​ဘူး။ ခဏ​စောင့်​ပေးလိုက်​ရင်​ရ​ပါ​ပြီ။

12.jpg

Server ရှာတာပြီးသွားပြီဆိုရင်​တော့ အောက်​က​ပုံ​ကို မြင်​ရ​မှာ​ပဲ​ဖြစ်​ပါ​တယ်။
 အပေါ်က အဆင့်တွေပြီးပြီဆိုရင်တော့ ပြင်ဆင်မှုပြုလုပ်ရန် ဆိုတာ ထဲ သွားလိုက်ပါ ။
 အဲဒီမှာ Server Connection ဆိုတဲ့ နေရာမှာ Address နဲ့ Port ကို သိရင်ဖြည့်လိုက်ပါ မသိဘူးဆိုရင်တော့ အောက်မှာ မသိပါက တဆင့်ချင်းဆီလုပ်ဆောင်ရန်ဆိုတာလေး ရှိပါတယ် အဲဒါကို နိုပ်လိုက်ပါ။  Server Connection ကို အလိုလျှောက် ရှာပေးပါလိမ့်မည်။

13.jpg


ထိပ်ဆုံးက Server တွေ​ကတော့ Connection အကောင်း​ဆုံး Server တွေ​ပဲ​ဖြစ်​ပါ​တယ်။
Server ရွေး​ပြီး​သွား​ရင် အောက်​မှာဖော်​ပြ​ထား​တဲ့ ပုံ​အတိုင်း​ပဲ သင်​လုပ်​ထား​တဲ့ အကောင့် User Name နဲ့ Password ကို​ရိုက်​ထည့်​ပေး​ရ​မှာ​ဖြစ်​ပါ​တယ်။ ပြီး​ရင်​တော့ Next ကို​က​လစ်​လုပ်​ပြီး ဆက်​သွား​ပါ။

14.jpg

ဒီအဆင့်မှာတော့ သတိထား​ရ​မှာ​ရှိ​ပါ​တယ်။ အဲ​ဒါ​ကတော့ Browser မှာ​ထည့်​သွင်း​အသုံးပြု​ရ​မယ့် Freedom Proxy ပဲ​ဖြစ်​ပါ​တယ်။ ပုံ​မှာ​ကြည့်​လိုက်​ပါ။
Socks 4/5: localhost 1808 နဲ့
Web Proxy: localhost 8080
ဆို​ပြီး​တွေ့​ရ​မှာ ဖြစ်​ပါ​တယ်။ localhost ဆို​တာ 127.0.0.1 ကို​ပြော​တာ​ပါ။ localhost ဆို​ပြီး​လဲ​သုံး​နိုင်​ပါ​တယ်။
ပြီး​ရင်​တော့ Save and Exit ကို​က​လစ်​လုပ်​နိုင်​ပါ​ပြီ။

15.jpg


Save and Exit ကိုကလစ်လုပ်လိုက်တာနဲ့ သင်​လုပ်​နေ​တဲ့ windows ပြောက်​သွား​ပြီး Main Windows တစ်​ခု​ပဲ​ကျန်​ခဲ့​မှာ​ပါ။ သင့်​အနေ​နဲ့ ဘာ​မှ​လုပ်​စရာ​မ​လို​တော့​ပါ​ဘူး။ Start Connection ကို​က​လစ်​လုပ်​လိုက်​တာ​နဲ့ သင်​ရွေး​ထား​တဲ့ Proxy Server ကို​စတင်​ချိတ်ဆက်​ပါ​တော့​တယ်။ အချိတ်​အဆက်​မိ​သွား​ပြီ​ဆို​ရင်​တော့ တံခါး​ပေါက်​လေး​ပွင့်​သွား​ပြီး အချိတ်​အဆက်​မ​ရ​ဘူး​ဆို​ရင်​တော့ အနီ​ရောင် "!" (exclamation mark) လေး​က တံခါး​ပေါက်​လေး​မှာ ဖော်​ပြ​နေ​မှာ ဖြစ်​ပါ​တယ်။ နောက်​က​ပုံ​တွေ​ကို ကြည့်​လိုက်​ရင်​တော့ သဘောပေါက်​မယ်​လို့​ထင်​ပါ​တယ်။


16.jpg


Start Connection ကိုကလစ်လုပ်ပြီး Connect ပြုလုပ်​နေ​ခြင်း ဖြစ်​ပါ​တယ်။

17.jpg

Connection ရရှိပြီး Browser တွင်​နှင့် ချိတ်ဆက်​ရန် အသင့်​ဖြစ်​နေ​ပါ​ပြီ။

18.jpg


  ဗအာက်က ပုံလေးက မြန်မာလို ရွေးလို့ရှိရင် ဒီလိုပုံလေး ထွက်ပါတယ်။

Freedom.jpg
အဆင်ပြေပါစေနော်။

အလွယ်တကူပဲ လိုင်းပေါ်ကရှာပြီးဖြေပေးလိုက်ပါ ..:D