Thursday, May 12, 2011

001 File Joiner and Splitter v4.0.5.0

ဒီဆော့(ဖ)၀ဲလေးက ဖိုင်ဆိုက်ကြီးတာတွေကို အပိုင်းပိုင်း ဖြတ်တောက်ပေးနိုင်၊ ပြန်ဆက်ပေးနိုင်ပါတယ်။ Gmail ကနေ ဖိုင်ဆိုက်ကြီးတာတွေကို ပို့လို့မရရင် Send6 လို ဟာမျိုးကို သုံးပြီး ပို့လို့ရပေမဲ့ သူ့မှာလည်း အရွယ်အစား ကန့်သတ်ချက် ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဒီဆော့(ဖ)၀ဲလေးကို သုံးရင် အဆင်ပြေသွားပါမယ်။

ဖိုင်တွေကို ဖြတ်တောက်ရာမှာ အရွယ်အစား နဲ့ File Type ကန့်သတ်ချက်မရှိပါဘူး။ ဖြတ်တောက်ထားတဲ့ ဖိုင်လေးတွေကို တစ်ခုချင်း ပို့ပါ။ လက်ခံသူက ဖိုင်တွေအားလုံး ရပြီဆိုရင် ဖိုင် (001) ကို Double click နှိပ်လိုက်တာနဲ့ အားလုံး ပြန်ဆက်သွားပါလိမ့်မယ်။ လက်ခံသူဘက်မှာ ဒီဆော့(ဖ)၀ဲ အင်စတော လုပ်ထားစရာ မလိုပါဘူး။

File size က 2.47MB ဖြစ်ပါတယ်။