Wednesday, June 15, 2011

Armadillo Run

ဒီဂိမ်းလေးက သာမန်ကြည့်ရင်တော့ လွယ်မယ်ထင်ရပေမဲ့ တော်တော်ကို စဉ်းစားယူရပါတယ်..ဘောလုံးလေးတစ်လုံးကို အပြာဝိုင်းလေးထဲ အရောက်ပို့မှ Complete ဖြစ်ပါတယ်..သူ့မှာ ကန့်သတ်ချက်တွေလဲ များပါတယ်..ပထမဆုံးကတော့ ပိုက်ဆံပါပဲ..Tutorial အဆင့်မှာ ပိုက်ဆံ ၁၀၀၀ ပေးထားပါတယ်..အဲဒီ ၁၀၀၀ နဲ့လိုအပ်တာတွေ ၀ယ်ရပါတယ်.. အနုတ်ပြသွားလို့မရပါဘူး..အနုတ်ပြရင် နောက်အဆင့်တစ်ခုကို မတက်ပါဘူး..ကျန်တဲ့ အဆင့်တွေမှာတော့ သူပေးထားတဲ့ ပိုက်ဆံပေါ်မှာ မူတည်ပြီး လုပ်ရပါတယ်..

ပထမဆုံး Tutorial အနေနဲ့အဆင့် ၁၁ ဆင့်ကိုပေးထားပါတယ်..သုံးချင်တဲ့အပေါ်မှာမူတည်ပြီး အသုံးပြုမဲ့ ပစ္စည်းရဲ့တန်ဖိုးကိုလဲ ချင့်ချိန်ကြည့်ရပါမယ်.. Level ပေါင်း ၅၀ အပြင် အခြား Level များလဲကျန်ပါသေးတယ်..ခေါင်းစားတဲ့ Game ဆိုလဲမမှားပါဘူး..မစဉ်းစားချင်သူများ အတွက်ကတော့ အလကားဖြစ်ပါလိမ့်မယ်..

ဘယ်လိုလုပ်ရင် ရနိုင်တယ်ဆိုတဲ့ စဉ်းစားမှုမျိုးကို အလေ့အကျင့်တစ်ခုအနေနဲ့ ရချင်ရင်တော့ ကစားကြည့်ပါ..စဉ်းစားဖြေရှင်းတတ်မှုအပိုင်းမှာ အထောက်အကူပြုမယ်လို့ ထင်ပါတယ်..ကြိုးစားကြည့်ပါ..










အတော်စိတ်ဝင်စားစရာဂိမ်းလေးပါ
ကစားကြည့်ကြပါဦးခင်ဗျာ...