9 Jun 11, 09:15 AM
ငယ်: မောင့် ကိုအမှန်တကယ် ချစ်ခဲ့တာပါ ဒါပေမယ့် အေးဆက်လွန်းတဲ့သူ့ရဲ့ ပစ်ထားမှုတွေကို သည်းမခံနိုင်တော့ဘူး
မောင်က မျက်နှာများတဲ့သူမျိုးမဟုတ်ပါဘူး နေနိုင်လွန်းတာ ယောက်ကျားလေးတွေရဲ့စရိုတ်များလား
..................................................................................................................................................
***ဧကရီ*** ငယ်ရေ ငယ်ရဲ့ ချစ်သူမောင် က ငယ့်ကို အေးစက်လွန်းတဲ့ အပြု အမှူ နဲ့  ပစ်ထားတာ သည်းမခံ နိုင်တော့ဘူး
မျက်နှာများတဲ့သူလည်းမဟုတ်ဘူး။ နေနိုင်လွန်းတာ ယောကျာင်္းတွေရဲ့ စရိုက်များလား လို့ မေးတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ပေါ့နော်
ဧကရီ ဥာဏ်မှီသလောက်ဖြေပေးပါ့မယ်။
နေနိုင်လွန်းတာ ယောကျာင်္းတွေရဲ့ စရိုက်များလား?
ဒီမေးခွန်းကနေစဖြေပေးပါမယ် .. တကယ်ဆိုရင် နေနိုင်လွန်းတတ်တဲ့ အကျင့်စရိုက်လေးတွေဟာ ယောကျာင်္းတွေမှာမှမဟုတ်ပါ...
မိန်းခလေးတွေမှာလည်း ရှိတတ်ကြပါတယ်။ ဘယ်လိုပြောရမလဲ ..
လူတစ်ယောက်ကို အကဲခတ်ကြည့်ကြမယ်ဆိုရင် စရိုက်အမျိုးမျိုးနဲ့ လူတွေဟာအသွားအလာ အနေအထိုင်၊ အပြောအဆို သူတို့ ကြိုက်
တတ်ကြတဲ့ အစားအစာ အပြုအမူ နောက် ဘာသာတရား မိဘလူကြီးဆရာသမားတို့ကိုရိုသေကိုင်းရှိုင်းမှု့ အစရှိတဲ့ လူနေမှု့ စရိုက်
ကိုလိုက်ပြီး အကဲခတ်ကြရပါတယ်. ဒီလိုပဲပေါ့ ငယ်ရယ်...
လူအကျင့်စရိုက်လေးတွေကို ဧကရီ တလက်စထဲ ပြောပြမယ်နော် . စရိုက်အမျိုးမျိုးရှိတဲ့ သူတွေထဲက
ရာဂ နဲ့ သဒ္ဒါစရိုက်ရှိသူ
ဒေါသနဲ့ ဗုဒ္ဓိစရိုက်ရှိသူ
မောဟနဲ့ ၀ိတက်စရိုက်ရှိသူ
ဆိုပြီး စရိုက်ခြောက်ပါးရှိတဲ့အထဲကရှိတဲ့ အထဲက ( သွားမူ့ လာမူ့  ထိုင်မူ့  လျောင်းမူ့  ) ဆိုတဲ့ က္ကရိယာပုတ်တွေ ကိုကြည့်ပြီး
လူ့ စရိုက်တွေခွဲကြတာပေါ့ ။
ငယ်ရဲ့ချစ်သူမောင်မှ မဟုတ်ပါဘူး ငယ်..လူချင်းတူပါလျှက်စရိုက်အမျိုးမျိုးကွဲပြားကြတာပဲလေ.
ရှေးရှေးဘ၀က ကုသိုလ်ကံပြုခဲ့တုံးက ဘ၀စည်းစိမ်ကိုလိုလားတောင့်တပြီး လောဘတွေခြံရံလို့  ဘာရပါစေ . ဘာဖြစ်ပါစေ.
ဆိုပြီးဆုတောင်းပြုခဲ့ရင်လည်း အဲဒီကံက ခုလူ့ဘ၀မှာ ရာဂစရိုက် လို့ခေါ်တဲ့ ကာမစည်းစိမ်ကို အာရုံတွေများပြီး အရာဝတ္ထုပစ္စည်း
တိုင်းကို စွဲမက်ပြီး မခွဲနိုင်မခွာရက် ဖြစ်တတ်ကြပါတယ် ။
ဒီသဘောနဲ့ ယှဉ်ကြည့်ရအောင်နော်...ငယ်ရဲ့ ချစ်သူမောင်ရဲ့ ပင်ကိုယ်စရိုက်လေးကိုငယ်စပြီးသုံးတတ်ကြည့်နော်.
သူဟာ ငယ်တစ်ယောက်ထဲကိုပဲ အေးစက်စက်အမူအရာနဲ့ ဆက်ဆံတတ်သလား။ဒါမှမဟုတ် ပါတ်ဝန်းကျင်ကလူတွေ အားလုံးအပေါ်မှာပါ
အေးစက်စွာ ဆက်ဆံတတ်သလားပေါ့..
လူတွေအားလုံးအပေါ်မှာ အေးအေးစက်စက်နဲ့  နေတတ်တဲ့သူဆိုရင် ငယ်နားလည်ပေးရမယ်လေနော်..
သူ့စရိုက်က မွေးရာပါရှေးအတိတ်ရဲ့ ကံစီမံရာ အတိုင်းပြင်မရတော့ဘူးလေ .
တကယ်လို့ပေါ့ .ငယ်တစ်ယောက်ထဲကိုပဲ..အေးစက်စွာဆက်ဆံပစ်ပယ်ထားမယ် မသိကျိုးနွံ ပြုနေတတ်တယ်ဆိုရင်တော့ ..ငယ်စဉ်းစားရ
မှာက .. ငယ်ရဲ့ ချစ်သူမောင်ဟာ ငယ့်အပေါ်ဘာအလိုမကျတာလဲ .ပြောမရလို့လွှတ်ထားလိုက်တာလား .
ဒါမှမဟုတ်...ငယ့်အပေါ်ရိုးအီနေပြီလား..မျက်နှာမများတတ်ဘူးဆိုတော့လည်း ငယ်ရယ်..နှစ်ယောက်သားပွင့်ပွင့်လင်းလင်း ရှေ့ခရီး ကိုဆက်ကြ
ရအုံးမယ်ဆိုရင်..တိုင်ပင်ဆွေးနွေးလိုက်ပါ ငယ်..
သူမကြိုက်တာ ကိုယ်မကြိုက်တာလေးတွေ တစ်ယောက်နဲ့တစ်ယောက်ကတိတွေတောင်းပြီး ဆွေးနွေးကြည့်နော်.
ဧကရီ ဒါပဲပြောပြတတ်တယ်ငယ်ရယ်. ..
ချစ်သူ နှစ်ဦးပျော်ရွှင်စွာ သည်းခံခြင်းတရားလက်ကိုင်ထားပြီး ချစ်ခရီးလေးကိုဖြောင့်ဖြူးခိုင်မာစွာ လျှောက်လှမ်းနိုင်ပါစေနော်...
ပျော်ရွှင်ကြပါစေရှင့်...။