Wednesday, June 15, 2011

If - အကယ်၍



မြစ်တစ်စင်းသာ၊
ငါဖြစ်ပါလျှင်၊
ပင်လယ်ကြီးထိ စီးလိုက်မယ်။

လတစ်စင်းသာ၊
ငါဖြစ်ပါလျှင်၊
ကောင်းကင်ကြီးထဲ မျောလွင့်မယ်။

မိုးတိမ်ထုသာ၊
ငါဖြစ်ပါလျှင်၊
ကမ္ဘာစိမ်းအောင် ရွာချမယ်။

မီးအိမ်ငယ်သာ၊
ငါဖြစ်ပါလျှင်၊
မှောင်ရာထောင့်မှာ လင်းနေမယ်။

သစ်သီးလေးသာ၊
ငါဖြစ်ပါလျှင်၊
ဝါ၀ါဝင်းဝင်း မှည့်လိုက်မယ်။

မီးရဲရဲသာ၊
ငါဖြစ်ပါလျှင်၊
အာဏာရှင်ကို လောင်မြှိုက်မယ်။

ဒုံးတစ်စင်းသာ၊
ငါဖြစ်ပါလျှင်၊
စစ်ဆာသူကို ပစ်ခွင်းမယ်။

:)
15 Jun 11

Ref: "Desire" by Sayeed Abubakar
http://www.poemhunter.com/poem/desire-41/
Create Date :  Wednesday, March 30, 2011

Picture from (15 Jun 11): http://aureoantunes.com/wordbl/