Tuesday, July 19, 2011

NewFolder lock ချမယ်..

 images?q=tbn:ANd9GcT6EhFpwdxpE-v26eu5L0r93IBEv6a0ruog_EQbuGi4BVB47Lg9

နန်းတော်ကိုအလည်လာနေကြ သူငယ်ချင်းတစ်ယောက်က မေးထားတာလေး တင်ပေးလိုက်ပါတယ်..
ကိုယ့် ကွန်ပြူတာထဲမှာ ရှိတဲ့ NewFolder ထဲက ကိုယ့်ထည့်ထားသမျှ ပုံတွေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို
 အခြားလူ ဖွင့်ကြည့်လို့ မရအောင် Lock ချထားချင်လို့ ပြောပြပေးပါ။။။

ဟုတ်ကဲ့ပါ။ ပြောပြပါ့မယ်နော်...
ကိုယ့်ကွန်ပြူတာထဲ က Folder တွေကို ဘယ်သူမှကြည့်မရအောင်..နောက်ပြီး Delete လုပ်လို့လည်းမရအောင်  ပြုလုပ်တဲ့
နည်းလေး ပြောပြပေးလိုက်ပါတယ်နော်...

၁ ၊ ၊ ပထမဆုံး ..ကိုယ်ရဲ့ ကိုယ်လုပ်ထားတဲ့ Folder က NTFS နဲ့ ပိုင်းထားတဲ့ Partation ပေါ်မှာ ထားရပါမယ်။

၂ ၊ ၊ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။

၃ ၊ ၊ အောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။

၎ ၊ ၊  ပြီးရင် OK နဲ.ထွက်။

၅။ ။ ပြီးရင်  ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့
     Tab မှာ Advance ကို ကလစ်နှိပ်ပါ။

၆ ၊ ၊  ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here    ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။

၇ ၊  ၊ ပြီးရင် Remove ..>Apply....>၊ OK ၊ လိုက်ပါ ။

ဒါဆို ကိုလုပ်ထားတဲ့Folder  ကို ဘယ်သူမှ ဖွင့်လို့ မရတဲပအပြင်  Delete လဲလုပ်လို.လည်း မရတော့ပါ။

အကယ်လို့ ကိုယ်က ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ ခုလုပ်ခဲ့တဲ့ Folder ရဲ့ ပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင်
 ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။

 Administrator ပေါ်မှာ select မှတ်လိုက်ပြီးရင်  Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။

 ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။

မသိသေးတဲ့သူတွေလည်း အသုံးဝင်ပါတယ်...

အဆင်ပြေပါစေရှင့်

ခင်မင်လေးစားစွာဖြင့် ***ဧကရီ***