Wednesday, August 31, 2011

Tuesday, August 30, 2011

ငါးမိနစ် နဲ့ လှလှလေး ပြင်

အချိန် ငါးမိနစ်လောက် နဲ့ ပြည့်စုံတဲ့ အလှ ပြင်ဆင်မှု ဖြစ်စေဖို့
ဖော်ပြပေးလိုက် ပါတယ်။ ခရီးသွားချိန် နဲ့ အလုပ်ကိစ္စတွေကြောင့် အပြင်
သွားနေရသူတွေ အတွက် အချိန်လည်း မြန်ပြီး ပြီးပြည့်စုံတဲ့ အလှကိုလည်း
ရစေဖို့ ဒီအဆင့် လေးဆင့်ကို ပြုလုပ် ကြည့်ပါ။
အဆင့်(၁) - သင့် လက်ဖ၀ါးထဲ ကို မိတ်ကပ် ဖောင်ဒေးရှင်း နဲ့ နေရောင်ကာ
ခရင်မ် ကို ရောမွှေပြီး မျက်နှာ နဲ့ လည်ပင်းတွေ ကို လိုးရှင်း လိမ်းသလိုပဲ
အနှံ့လိုက်ပြီး လိမ်း ပေးလိုက်ပါ။ ဒါဆိုရင် တစ်ဆင့်ချင်း လိမ်းလို့
ကုန်မယ့် အချိန်ကို သက်သာစေ ပါတယ်။
အဆင့်(၂) - မျက်နှာပေါ်က အမည်းစက်တွေကို ပြေပျောက် စေဖို့ အတွက်
ကွန်ဆဲလာကို Stick ပုံစံ အမျိုးအစားကို ရွေးချယ်ပြီး မျက်လုံး အောက်ဘက်
နေရာ နဲ့ အမည်းစက်တွေ ကို ခပ်ပါးပါးလေး လိမ်းလိုက်ပါ။ ဒါဟာ ပိုမို
ချောမွေ့စေပြီး ညီညာမှုလည်း ရှိစေ ပါတယ်။ အောက်ခံ ဖောင်ဒေးရှင်း အရောင်
နဲ့ ညီညွတ် သွားအောင် လက်ချောင်း ထိပ်လေး နဲ့ ဖြည်းဖြည်းချင်း ပွတ်ပြီး
ညှိပေး လိုက်ပါ။
အဆင့်(၃) - ပါးနီကို လက်နှစ်ချောင်း နဲ့ ယူပြီး ပါးရိုးပေါ်မှာ စက်ဝိုင်း
ပုံစံ ပွတ်လိမ်း ပေးပါ။ သင့် နှုတ်ခမ်းနီကို ပါးနီအဖြစ် သုံးလို့ရ ပါတယ်။
ပါးနီ အရောင် နဲ့ နှုတ်ခမ်းနီ အရောင် ထပ်တူ ကျတာကြောင့် သင့် မျက်နှာကို
သဘာဝ ကျနေစေ ပါတယ်။ ပြီးတော့မှ 2 way ခရင်မ် ပတ်လေး နဲ့ မျက်နှာ အနှံ့
ရိုက်လိုက်ပြီး နှုတ်ခမ်းနီ ဆိုး လိုက်ပါ။ အဆင့်(၄) - လိုင်နာကို အရည်ထက်
ခဲတံကို ဆောင်ထား ပါ။ လိုသလို ပုံသွင်း နိုင်ပြီး စွန်းထင်းမှု လည်း
နည်းတာကြောင့် ပါ။ စက္ကူ ကတ်ထူ ဒါမှမဟုတ် ကတ်ပြား တစ်ခုကို မျက်ခွံ
အပေါ်နားမှာ ခံပြီး မက်စ်ကာရာ နဲ့ မျက်တောင်ကို ကော့ပေး လိုက်ပါ။
မျက်တောင် ကော့စက် သုံးစရာ မလိုဘဲ ကော့ညွတ် နေတဲ့ မျက်တောင်လေးကို
ပိုင်ဆိုင် ရမှာ ဖြစ်ပြီး မျက်လုံး တစ်ဝိုက် စွန်းထင်းမှု ကင်းတာကြောင့်
အချိန်ကုန် လည်း သက်သာစေမှာ ဖြစ်ပါ တယ်။

--
..................
Lin Linn

စိတ်ဖိစီးမှု မရှိဘဲ ပျော်ရွှင် နေစေမည့် ရိုးစင်းသော နည်းလမ်း ငါးသွယ်

၁။လက်ဖက်ရည်ကြမ်း သောက်ပါ။
လက်ဖက်ရည်ကြမ်း သောက်တာဟာ အပန်းပြေ စေပြီး စိတ်ဖိစီးမှု လျော့ပါး စေတဲ့ အိမ်သုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ အင်္ဂလန် လေ့လာသူတွေ က လက်ဖက်ရည်ကြမ်း သောက်တဲ့ သူတွေဟာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်း ပမာဏကို လျော့ကျ စေတယ် လို့ ဆိုပါတယ်။ ကော်တီစောကို  ကြောက်ရွံ့မှု နဲ့ ပူပင်သောက တွေကို တုံ့ပြန်တဲ့ အနေနဲ့ အဒရီ နယ်ဂလင်း က နေ ထုတ်ပါတယ်။ ဒီ ဟော်မုန်းဟာ ခုခံစွမ်းအား ကျဆင်းတာက နေ ၀မ်းဗိုက် အဆီပိုတွေ ရှိလာစေတဲ့ အထိ ကျန်းမာရေး ပြဿနာ အမျိုးမျိုးကို ဖြစ်လာစေနိုင် ပါတယ်။
၂။လတ်ဆတ် သန့်ရှင်းသော လေကို ရှူပါ။
စိတ်ဖိစီးမှု များတဲ့သူတွေ ဟာ အများအားဖြင့် သဘာဝလောက နဲ့ ကင်းကွာ နေတတ်ကြ ပါတယ်။ လေကောင်း လေသန့် ရတဲ့ နေရာတွေ ဖြစ်တဲ့ ပန်းခြံထဲ၊ ဥယျာဉ်တွေထဲ ကို သွားရောက် လည်ပတ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှု ပြေလျော့ စေမယ့် နည်းလမ်းကောင်း ပါ။
၃။စာအုပ်ကောင်း တစ်အုပ် ဖတ်ပါ။
စိတ်ဖိစီးမှု များနေရင် မဖြေရှင်းနိုင်တဲ့ အရာတွေ အတွက် ထိုင်ပြီး စိတ်ညစ် မနေသင့် ပါဘူး။ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်ပေး လိုက်ပါက သင့် ပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့ အဖြေကောင်း တစ်ခု ရလာနိုင် ပါတယ်။
၎။ရယ်နိုင်အောင် ကြိုးစားပါ
ရယ်မောတာ က စိတ်ရောကိုယ်ပါ ကျန်းမာ စေတာကြောင့် ရယ်မောနိုင်အောင် ဟာသကား ကြည့်တာ၊ ဟာသ စာပေတွေ ဖတ်တာ၊ အင်တာနက်က Youtube ၀က်ဘ်ဆိုက် မှာ သင်ကြိုက်တဲ့ လူရွှင်တော် နာမည် ရှာပြီး ကြည့်တာ နဲ့ ရယ်စရာ ပြောတတ်တဲ့ သူငယ်ချင်းတွေ နဲ့ တွေ့ဆုံတာတွေ ကို လုပ်ဆောင် ပေးသင့် ပါတယ်။
၅။စိတ်ကူးယဉ် ဖွယ်ရာ ကောင်းသော ဇာတ်လမ်းကို ကြည့်ပါ
စိတ်ညစ်နေရင် စိတ်ခံစားမှု ကောင်းနေအောင် သင့်ကို ပျော်ရွှင် စေနိုင်မယ့် အရာတွေကို လုပ်ဆောင် ပေးပါ။ ဒါဟာ စိတ်ဓာတ်ကျ နေစဉ်မှာ စိတ်ဓာတ်ကို  ပြန်လည် မြှင့်တင် နိုင်ဖို့ အတွက် အရေးပါ ပါတယ်။

စိတ်ဖိစီးမှုမရှိဘဲ ပျော်ရွှင်နေစေမည့် နည်းလမ်းငါးသွယ်

--
..................
Lin Linn


Monday, August 29, 2011

ဓမ္မတာ လာချိန်တွင် ခံစားရသော ဝေဒနာများကို လွယ်ကူစွာ ဖြေရှင်းနည်း

မိန်းကလေးတွေဟာ သဘာဝ တရား အရ ရာသီစက်ဝန်းကို လစဉ် ကြုံတွေ့ ခံစား ရပါတယ်။
တချို့ မိန်းကလေးတွေက ထူးထူးခြားခြား ခံစားမှုတွေ မဖြစ်ပေါ်တတ် ပေမယ့်
တချို့ မိန်းကလေးတွေ ကတော့ လစဉ် လတိုင်း နာကျင် ကိုက်ခဲတာ အပြင် တခြား
လက္ခဏာရပ် များစွာကိုလည်း ရင်ဆိုင်ရ ပါတယ်။ တချို့ဆို အလုပ်ပျက်၊
ကျောင်းပျက် ရတဲ့ အထိ ဆိုးရွားစွာ ခံစားရတာလည်း ရှိပါတယ်။ အခု ပြောပြမယ့်
အချက်တွေက သင့်အနေနဲ့ ပြုလုပ်ရ လွယ်ကူပါတယ်။ ဓမ္မတာ လာချိန်မှာ
ခန္ဓာကိုယ်တွင်း ရှိဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တဓာတ်တွေကို ဖြည့်စွက်
သောက်သုံး ပေးရုံပါ။ ဓမ္မတာ လာတဲ့ အခါ သင့်မှာ ဖြစ်တတ်တဲ့ လက္ခဏာရပ်တွေ
အတွက် ဘာ လိုအပ်လဲ ဆိုတာ သိရှိပြီး ဆောင်ရွက် နိုင်ဖို့ ရေးသားလိုက်
ပါတယ်။
ဓမ္မတာ မလာမီ ကိုက်ခဲခြင်း
မိန်းကလေး အများစုဟာ ဓမ္မတာ မလာမီ နာကျင် ကိုက်ခဲတာတွေကို ခံစားတတ်
ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သစ်တော်သီး ပုံသဏ္ဌာန် သားအိမ်က သန္ဓေသားလေး
နေထိုင်ဖို့ အတွက် အိမ်သဖွယ် သဘာဝတရားက ဖန်တီးပေးထား ပါတယ်။ သားအိမ်က
ကျုံ့ညှစ်တဲ့ အခါ သွေးကြောတွေကို ဖိမိ တာကြောင့် အောက်ဆီဂျင်
ထောက်ပံ့မှုကို လျော့နည်းစေပါတယ်။ သားအိမ် ကြွက်သားတွေ အောက်ဆီဂျင်အရ
နည်းတာကြောင့် နာကျင်မှု ဖြစ်လာရတာပါ။ တချို့ မိန်းကလေးတွေက နာကျင်မှု
မသိသာ တက်ပေမယ့် တချို့ကတော့ မခံမရပ် နိုင်အောင် အလွန်အမင်း နာကျင်တတ်
ပါတယ်။ နာကျင်မှုတွေ လျော့ပါး စေဖို့ ဓမ္မတာ မလာခင်မှာ ဇင့်၊ ကယ်လ်စီယမ်၊
ဗီတာမင်ဘီ အုပ်စု၊ အထူးသဖြင့် လိုအပ်တာ ကတော့ ဗီတာမင် ဘီစစ်ပါ။
စိတ်ရှုပ်ထွေးခြင်း
ဓမ္မတာ လာနေချိန်မှာ သင်ဟာ စိတ်ဆိုး စိတ်တိုတာ၊ ဆတ်ဆတ်ထိ မခံ ဖြစ်တာ၊
စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်ထွေး နေတာတွေ ဖြစ်တတ် ပါတယ်။ ဒီလို ဖြစ်တာကို
လျော့နည်း စေဖို့ ဗီတာမင် ဘီစစ်၊ ဗီတာမင် အီးတွေ သောက်သုံး ပေးပါ။
ဓမ္မတာ မမှန်ခြင်း
ဓမ္မတာ မမှန်တာ၊ ပုံမှန် လာချိန်ထက် နောက်ကျပြီးမှ ဓမ္မတာ လာတာတွေဟာ သင့်
ခန္ဓာကိုယ်မှာ ဟော်မုန်း မညီမျှတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှု များတာနဲ့
ခန္ဓာကိုယ် အလေးချိန်တွေ နဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင် ဘီစစ် နဲ့ ဇင့်
ဓာတ် လျော့နည်းပါက ဓမ္မတာ မမှန်တာ၊ နောက်ကျတာတွေ ဖြစ်စေနိုင်ပါတယ်။ သင့်
သွေးတွင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မျှတအောင် ဖြည့်စွက် မှီဝဲပေးဖို့
လိုပါတယ်။
အာရုံ စူးစိုက် မရခြင်း
ဓမ္မတာ လာချိန်မှာ ဟော်မုန်း ပြောင်းလဲမှုတွေက ခဏတာ ဖြစ်တယ် ဆိုပေမယ့်
သင်ရဲ့ အာရုံကြော စနစ်ကို သက်ရောက်မှု ရှိစေပါတယ်။ ဓမ္မတာ လာချိန်မှာ
ဗီတာမင် ဘီအုပ်စု နဲ့ မဂ္ဂနီစီယမ်က သင့် အာရုံကြော စနစ်ကို ကောင်းမွန်
နေအောင် ထိန်းသိမ်းပေး ပါတယ်။
သွေးဆင်းများခြင်း
မိန်းကလေး တချို့က ဓမ္မတာ သွေးဆင်းတာ များတတ်ကြ ပါတယ်။ ဒါကြောင့်
နွမ်းလျတာ၊ ချာချာလည် မူးတာ၊ ဓမ္မတာသွေး နဲ့ အတူ သံဓာတ်တွေ
ပါသွားတာကြောင့် ဖျော့တော့ တာတွေ ဖြစ်တတ် ပါတယ်။ ဓမ္မတာ သွေးဆင်းများတဲ့
မိန်းကလေးတွေ အနေနဲ့ သံဓာတ် ပြန်ဖြည့်ဖို့ လိုအပ် ပါတယ်။ ခန္ဓာကိုယ်က
သံဓာတ်ကို စုပ်ယူမှု ကောင်းအောင် ဗီတာမင်စီပါ ဖြည့်စွက် သောက်သုံးဖို့
လိုပါတယ်။
ဝက်ခြံ
ဓမ္မတာ မလာခင် အချိန်မှာ မိန်းကလေး အများစုက ၀က်ခြံ ထွက်တတ်ကြ ပါတယ်။ သင့်
မျက်နှာကို သန့်စင်အောင် ထားပါ။ ဓာတ်တိုး ဆန့်ကျင် အာနိသင် ရှိတဲ့
ဗီတာမင် အေ၊ စီ နဲ့ အီးတွေကို ဖြည့်စွက် သောက်သုံးပါ။
--
..................
Lin Linn

ကခုန်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး ၅ ရပ်

၁) ကခုန်တာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို ဆွဲဆန့်မှု
ဖြစ်စေပြီး ပျော့ပျောင်း သန်စွမ်းမှု ရှိစေပါတယ်။
၂) ကခုန်တာကြောင့် နှလုံးသွေးကြော စနစ်ကို ကောင်းမွန် တိုးတက် စေပါတယ်။
အက နည်းစနစ်နဲ့ ကတဲ့ အချိန် အတိုင်းအတာပေါ် မူတည်ပြီး ခန္ဓာကိုယ်
တစ်ခုလုံးရဲ့ နှလုံး သွေးကြောစနစ်ကို အလုပ် လုပ်စေတာကြောင့် နှလုံးကို
ကျန်းမာ စေပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ တေးဂီတ သံစဉ်တွေ ပေါင်းစပ်
လှုပ်ရှား ရတာကြောင့် စိတ် ပျော်ရွှင်မှုကို ရရှိစေပါတယ်။
၃) ကခုန်တာကြောင့် ကြွက်သား ထုထည်ကို တိုးစေပါတယ်။ ကခုန်တာက ကြွက်သား
လှုပ်ရှားမှုကို ထပ်ခါ ထပ်ခါ လုပ်ဆောင် ရတာကြောင့် အသုံးပြုဖြစ်တဲ့
ကြွက်သားတွေရဲ့ ထုထည်က တိုးလာပါတယ်။
၎) ကခုန်တာကြောင့် ကိုယ် အလေးချိန်ကို လျော့ကျစေ ပါတယ်။ ခန္ဓာကိုယ်
တစ်ခုလုံးကို လှုပ်ရှားမှု လုပ်ရတာကြောင့် ကတဲ့ အခါမှာ နှလုံးခုန်နှုန်း
တိုးမြင့်စေပြီး အဆီတွေကို လောင်ကျွမ်း စေနိုင်ပါတယ်။ ကခုန်တာက ရေကူးတာ၊
စက်ဘီး စီးတာ နဲ့ လမ်းလျှောက်တာ တွေလိုပဲ ကယ်လိုရီကို လျော့ကျစေ ပါတယ်။
၅) ကခုန်တာက အရိုးတွေကို သန်စွမ်းစေ ပါတယ်။ တင်ပဆုံရိုး၊ ပေါင်ရိုး နဲ့
ကျောရိုးတွေကို သန်စွမ်း စေကာ အရိုး သိပ်သည်းဆ အားကောင်း စေတာကြောင့်
အရိုးပါး ရောဂါ ဖြစ်နှုန်းကို လျော့ကျစေ ပါတယ်။
http://swesonemedia.org/index.php?id=1041
--
..................
Lin Linn

ကိုယ်ဝန်ဆောင် မိခင်ကို မပြောသင့်သော စကားများ

ဖခင်လောင်းတွေအတွက်ရော ၊ အနီးပတ်ဝန်းကျင်က လူတွေအတွက်ပါ လိုက်နာသင့်တယ်
ထင်လို့ ဒါလေးကို တင်ပေးလိုက်ပါတယ်နော်....
အမျိုးသမီး တစ်ဦးဟာ ကိုယ်ဝန် ဆောင်နေ ရချိန်မှာ သာမန် အချိန်မှာထက်
အများကြီး ပင်ပန်း နေတတ် ပါတယ်။ မွေးလာမယ့် ရင်သွေးလေး အတွက် ရင်ခုန်
စိတ်လှုပ်ရှား နေရပေမယ့် တစ်ခါတစ်ရံ စိတ်သွားတိုင်း ကိုယ် မပါတာကြောင့်
စိတ်ဓာတ် ကျတာမျိုးလည်း ဖြစ်ရတတ် ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်
မိခင်တစ်ဦး နဲ့ တွေ့ချိန်မှာ သူ့ စိတ်ကို ပိုမို မသက်မသာ ဖြစ်ရစေမယ့်
စကားမျိုး မပြောမိ စေဖို့ ရှောင်သင့်တဲ့ စကားတွေကို ရေးသား လိုက်ရပါတယ်။
(၁) နင့်ကို ကြည့်ရတာ ပေါက်ကွဲ တော့မယ့် အတိုင်းပဲ။

အဓိပ္ပာယ် - နင့် ပုံစံက ပင်လယ် ကမ်းခြေက ဝေလငါး နဲ့ တူလိုက်တာ။ ကိုယ်ဝန်
ဆောင်ချိန်မှာ ဟော်မုန်းတွေက မြင့်တက် လာတာကြောင့် ဗိုက်ဖုံး အင်္ကျီတွေနဲ့
မတော်တော့ တာမျိုး ဖြစ်နေတတ် ပါတယ်။ ဒါပေမဲ့ ဒီလို မပြောသင့် ပါဘူး။
ကိုယ်ဝန်ဆောင် မိခင် အနေ နဲ့ အဆမတန် ၀ဖြိုးနေတယ် လို့ ထင်ပြီး စိတ်ညစ်
ရစေတဲ့ စကားပါ။
(၂) အမြွှာ မွေးမှာလား၊ နင်တော့ အလုပ်တွေ ရှုပ်ပြီး ဒုက္ခ များတော့ မှာပဲ။
အဓိပ္ပာယ် - နင့် ကလေးတွေက ငိုတော့မယ်၊ နို့ဆာလို့ ဂျီကျတော့မယ်၊ ဒီတော့
ကလေး နှစ်ယောက် နဲ့ နင် ခြေပစ်လက်ပစ် ပင်ပန်း တော့မယ်။ လူတွေက အမြွှာ
ကိုယ်ဝန်ဆောင် ရပြီ ဆိုရင် အဆိုး မြင်တဲ့ ရှုထောင့်ကပဲ ကြည့်ပြီး ပြောတတ်
ကြပါတယ်။ ပင်ပန်း တော့မှာ၊ အိပ်ပျက် တော့မှာ၊ လက်မလည်အောင် အလုပ်ရှုပ်
ရတော့မှာ စသဖြင့်ပေါ့။ တကယ်တော့ အမြွှာလေး မွေးလာရင် တစ်ကြိမ် နဲ့ ကလေး
နှစ်ယောက် ရလာလို့ အဖော်ရတာ၊ မွေးဖွားစရိတ် သက်သာတာ၊ အပြုံးနှစ်ခု
တစ်ပြိုင်တည်း ရတာ စတဲ့ ကောင်းကျိုး တွေကိုလည်း ရရှိ စေနိုင် ပါတယ်။
(၃) အခု အိပ်ရေး ၀၀ အိပ်ထားဦးပေါ့။
အဓိပ္ပာယ် - နောင်ဆိုရင် အိပ်ရဖို့ ကောင်းကောင်း လမ်းမမြင်ဘူး။ မိခင်
ဖြစ်တော့မယ့် သူတွေ အနေနဲ့ ကလေး မွေးပြီးတာ နဲ့ အိပ်ရေးပျက်မယ့် အရေး
တွေးပြီး လန့်စရာ စကားပါ။ ဒီလို စကားမျိုးက ကိုယ်ဝန်ဆောင် မိခင်တွေကို
စိတ် ပင်ပန်းစေမယ့် စကားဖြစ်လို့ ရှောင်သင့် ပါတယ်။

(၄) တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင် လှုပ်ရှားထား။
အဓိပ္ပာယ် - ကလေး မွေးလာတာ နဲ့ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကလေး
မွေးပြီး ပေမယ့် ရုပ်ရှင် သွားကြည့်နိုင်၊ အေးအေးလူလူ စာဖတ်နိုင်၊
စားသောက်ဆိုင်ကြီးတွေမှာ ညစာ ထွက်စားနိုင်တဲ့ မိဘတွေကို အများကြီး
တွေ့ဖူးပါတယ်။ အလုပ်မှာလည်း အောင်မြင်ပြီး ပျော်ရွှင် ကျန်းမာတဲ့
ကလေးငယ်တွေလည်း ရှိတဲ့ မိခင်တွေလည်း အများကြီး ပါပဲ။ ဒါကြောင့်
ကိုယ်ဝန်ဆောင် မိခင်ကို ဒီလို စကားမျိုး ပြောပြီး စိတ်ဓာတ် ကျအောင်
မလုပ်သင့်ပါဘူး။

(၅) နင့် ပုံစံနဲ့ မိခင်နို့ချို ကိုပဲ တိုက်ဦးမယ်ပေါ့ ဟုတ်လား။
အဓိပ္ပာယ် - နင်ရဲ့ အားအင် မရှိတဲ့ပုံ နဲ့ ကလေးကို မိခင်နို့ချိုပဲ
တိုက်ရင်တော့ ကလေးက အာဟာရ ကောင်းကောင်း ရမှာ မဟုတ်ဘူး။ ကလေးတွေကို
မွေးပြီး ခြောက်လ အထိ မိခင်နို့ချို တစ်မျိုးတည်း တိုက်ကျွေးတာက
အကောင်းဆုံးလို့ ပညာရှင်တွေက ဆိုထား တာပါ။ မိခင်က ကိုယ်ခန္ဓာ အရွယ်အစား
ဘယ်လောက် သေးသေး၊ သူ့ရင်သွေးကို ပြည့်ဝတဲ့ အာဟာရ ရတဲ့ အထိ နို့ချို
တိုက်ကျွေး နိုင်ပါတယ်။ အစားအသောက် ကိုတော့ အစုံ စားပေး ပါ။
(၆) နင့် ကြည့်ရတာ စိတ် မသက်မသာ ဖြစ်စရာ ကောင်းလိုက်တာ။
အဓိပ္ပာယ် - ကိုယ်ဝန် ဆောင်ရတဲ့ ဒုက္ခတွေလေ။ ဒါကြောင့် အလှပျက်ရပြီ။
ကိုယ်ဝန် ဆောင်ချိန်မှာ ခြေထောက်တွေ ရောင်တာ၊ မျက်နှာ နွမ်းနယ်တာ စတဲ့
ဝေဒနာတွေကို တစ်ခါတစ်ရံ ဖြစ်ပေါ်တတ် ပါတယ်။ အဲဒီ အချိန်မှာ သူရဲ့
ဝေဒနာတွေကို ထောက်ပြပြီး မပြောသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ထား ပေမယ့် လှနေဆဲ
ပါပဲ လို့ ပြောပေးသင့် ပါတယ်။
(၇) နင် ဗိုက်ဆာ ပြန်ပြီလား။
အဓိပ္ပာယ် - အခု လေးတင် နင် အများကြီး စားပြီပြီလေ။ ကိုယ်ဝန်ဆောင်
မိခင်တချို့က အမြဲလိုလို ဗိုက်ဆာ နေတတ်တယ် ဆိုတာကို စိတ်ထဲမှာ ထားပေးပါ။
ဒါကြောင့် သူတို့ ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ဆိုရင် ဘာမှ မပြောသင့်
ပါဘူး။
http://swesonemedia.org/index.php?id=1042
--
..................
Lin Linn

Sunday, August 28, 2011

Nokia applications




Nokia Smartphone သမားတွေအတွက်ပါ...
ဒီကောင်လေးစွမ်းတာတွေကတော့...
ICQ , AIM , Yahoo , MSN , Jabber , Google Talk and smiles  တွေပါ ...
 Facebook သမားတွေလည်းရတယ်ဆိုပဲ...
Language ကတော့ Russia , English  2 မျိုးရပါတယ်...
Freeware လေးပေါ့...
စမ်းသုံးချင်ရင်ဒေါင်းကြည့်ပါ
အဆင်ပြေကြပါစေ...


Red Bull X Fighters v . 1.0.5

ဒါလေးကဂိမ်းလေးပါ
ဆော့ချင်ရင်ဒေါင်းဖို့
လင့်ခ်လေးတင်ပေးလိုက်ပါတယ်...
 

Saturday, August 27, 2011

Adrosoft AD Stream Recorder v4.3.1 Portable



AD Stream Recorder က sound card မှာ Play နေတဲ့ အသံ၊ သီချင်းတွေကို Record လုပ်ပေးပါတယ်။ မိမိကွန်ပျူတာထဲက ဖွင့်ထားတဲ့ အသံတွေကို ဖြစ်ဖြစ်၊ အင်တာနက်ကနေ တိုက်ရိုက် ဖွင့်ထားတဲ့ အသံတွေကို ဖြစ်ဖြစ် MP3, WAV ဖိုင်တွေအဖြစ် Record လုပ်ပေးနိုင်ပါတယ်။ အင်တာနက်က တစ်ချို့သီချင်းတွေက နားထောင်လို့ပဲ ရပြီး Download လုပ်မရတာမျိုးဆိုရင် အသုံးတည့်ပါလိမ့်မယ်။ အရွယ်အစားက 2.59MB ပါဗျာ။

Friday, August 26, 2011

ဝက်ခြံရှိသူများ ဖတ်ကြည့်နော်။

298471_1479338079494_1715062800_687485_1966030_n.jpg

''၀က်ခြံရဲ့ ရန်သူနဲ့ မိတ်ဆွေ အစားအစာများ''

အစားအစာနဲ့ဝက်ခြံဟာ ဆက်နွယ်မှုရှိတယ်တဲ့.. တစ်ချို့ကလည်း မရှိဘူးလို့ပြော ကြပြန်တယ်။ သင်ရော.. ဘယ်လိုထင်လဲ ?? တကယ်တော့ ၂ ခုလုံးမှန်ပါတယ်။ အဓိကကတော့ သင့်ခန္ဓာကိုယ်နဲ့ အရေပြားက အစားအစာတွေပေါ်ကို တုံ့ပြန်မှုအပေါ်မှာသာ မူတည်တာပါ။ ၀က်ခြံမထွက်တတ်တဲ့ အရေပြားတွေကိုတော့ ဘယ်အစားအသောက်ကမှ ၀က်ခြံထွက်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၀က်ခြံရှိ တဲ့သူတွေအတွက်တော့ အစားအစာအချို့ကြောင့် ၀က်ခြံပြသနာ ပိုမိုဆိုးရွှားလာတတ်ပါတယ်။

ဝက်ခြံရှိတဲ့အသားအရေကို အလွန်ဂရုစိုက်ရပါတယ်။ ဒါပေမယ့် အသားအရေ ထိန်းသိမ်း တဲ့ ပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ ကိုသေချာစွာ သုံးစွဲသည့်တိုင် မဆင်မခြင် စားသောက်နေမယ် ဆိုရင်တော့ ၀က်ခြံပြဿနာကို ဆက်ပြီးရင်ဆိုင် ကြုံတွေ့နေ ကြရမှာပဲနော်။ အဲဒီ့အပြင် ပိုးသတ်ဆေးတွေ ဟာဘေးထွက် ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ၀က်ခြံတွေ ထွက်လာပြီဆိုရင် အစားအသောက်ကို အရင်ထိန်းသိမ်း သင့်ပါတယ်။ ၀က်ခြံကြောင့် စိတ်ညစ်နေရတဲ့အထဲ အစားတွေရှောင်ပြီး ထပ်စိတ်ညစ်ရတော့ မှာပဲလို့တွေးပူမနေပါနဲ့။ စိတ်ညစ်ရင်လည်း ၀က်ခြံတွေက ပိုဆိုးလာမှာလေ။ ဘာပဲဖြစ်ဖြစ် ကိုယ်လှဖို့အတွက်ပဲနော်။ ကိုယ့်အလှကို ဖျက်မယ်ဆိုရင်တော့ ရန်သူပဲ။

''၀က်ခြံရှိသူတွေအတွက် ရန်သူအစားအစာများ''

ပဲအမျိုးမျိုး
ချောကလက်
ကိုလာနဲ့ Dark drink --> အရောင်ဖျော့တဲ့ soda ကိုတော့သောက်သုံးနိုင်ပါတယ်။
အစပ် --> အထူးသဖြင့် ဆိုင်တွေမှာရောင်းတဲ့ Sauces တွေပါ။ အိမ်မှာလုပ်တဲ့ ငရုတ်သီး Sauces တွေနဲ့ ငရုတ်ကောင်းတွေကတော့ အရမ်းမဆိုးပါဘူး။
အငန် --> အာလူးကြော်တို့လို အသင့်စားရယ်ဒီမိတ်စားစရာတွေပါ။ ချက်ပြုတ်စားရာမှာတော့ ဆားကို ထည့်သုံးနိုင်ပါတယ်။
ပီဇာ
နို့နဲ့နို့ထွက် ပစ္စည်းများ
အချိုတွေနဲ့ ဆီကြော်တွေကိုလည်း တတ်နိုင်သလောက် ရှောင်ပါ။
ရန်သူတွေကလဲများလိုက်တော့ စားစရာတောင် မရှိတော့ဘူးလို့ တွေးမနေပါနဲ့အုံး။
သင့်ကို ကူညီပေးမယ့် မိတ်ဆွေလေးတွေလည်းရှိပါသေးတယ်။

''၀က်ခြံရှိသူတွေအတွက် မိတ်ဆွေစားစရာများ''

အသား
ငါး
သစ်သီးများ
ဟင်းသီးဟင်းရွက်များ
နှံစားသီးနှံများ
ကော်ဖီ ၊ လက်ဖက်ရည်
ပေါင်မုန့်

အထက်ပါ ဖော်ပြထားတဲ့အတိုင်း ရှောင်သင့်တာကိုရှောင်ပြီး စားသင့်တာကိုတွေကိုပဲစားမယ်ဆိုရင်တော့ ရက်အနည်းငယ်အတွင်းမှာပဲ သိသာတဲ့အကျိုးကျေးဇူးကို ခံစားရမှာပါ။ ၀က်ခြံတွေ လုံးဝပျောက်ကင်းသွားပြီဆိုရင်တော့ ရှောင်ရမယ့်အစားအစာတွေကို ပြန်စားနိုင်ပါပြီ။ ဒါပေမယ့် ဘယ်စားစရာကိုစားရင် ကိုယ့်မျက်နှာပေါ်မှာ ၀က်ခြံတွေ ပိုထွက်လာလည်း ဆိုတာကိုတော့ သတိထားနေဖို့လိုတယ်နော်။

FB  စာပေဟင်းလေးအိုးမှ.....

''အပြုံးလှလှလေးတွေ ပိုင်ဆိုင်ကြပါစေ''

သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်။

လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။


အဆင့်(၁)

အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :) )

အဆင့်(၂)

အစာစားပြီးတိုင်း၊ ကော်ဖီ၊ အချိုရည် သောက်ပြီးတိုင်း သွားတိုက်နိုင်အောင် ကြိုးစားပါ။ သွားတိုက်ဖို့ အခက်အခဲရှိပါက ရေများများဖြင့် ပလုတ်ကျင်းပါ။ အရောင်ရင့်သော အစားအသောက်များသည် သွားကို စွန်းထင်းစေနိုင်ပါတယ်။ ဥပမာ- ဘလူးဘယ်ရီသီး

အဆင့်(၃)

မကြာခဏ စတော်ဘယ်ရီသီးဖြင့် သွားတွေကို ပွတ်တိုက်ပေးပါ။ စတော်ဘယ်ရီသီးတွင် ပါဝင်သော အင်ဇိုင်းများမှာ သွားများကို ဖြူစေသော ပစ္စည်းပါဝင်သောကြောင့် ၄င်း အသီးဖြင့် ပွတ်တိုက်ပေးသင့်ကြောင်း အကြံပြုပါတယ်... စတော်ဘယ်ရီဖြင့် ပွတ်တိုက်ပြီးပါက သွားကို စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်.. မဟုတ်ပါက အသီးမှာ ပါဝင်တဲ့ သဘာဝ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်များ ကြွင်းကျန်ခဲ့မှာ ဖြစ်ပါတယ်.. ရှောက်သီးစိတ်၊ သံပုရာသီးစိတ်တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။

အဆင့်(၄)

ကျွတ်ဆတ်သော သစ်သီးဝလံ အစိမ်းကို များများစားပါ။ ( ဥပမာ- မုန်လာဥနီ၊ တရုတ်နံနံ၊ ပန်းမုန်လာစိမ်း( Broccoli)၊ ပန်းသီး၊ သရက်သီးစိမ်း၊ မာလကာသီး )။ ၄င်း အသီးအနှံများကို များများစားပေးခြင်းအားဖြင့် သွားတွင် ကပ်ညှိနေသော သွားချိုးများကို ပွတ်တိုက်ပြီး ပြောင်စင်သွားစေနိုင်ပါသည်။ (သွားချိုးတွေက အစာနဲ့အတူ ဗိုက်ထဲဝင်ကုန်ရော :) )

အဆင့်(၅)

သွားတိုက်တံကို မုန့်ဖုတ်ဆော်ဒါ (စားဆော်ဒါ) အမှုန့်အနည်းငယ် ထည့်ကာ သွားကိုတိုက်ပေးခြင်းအားဖြင့်လည်း အချိန်အနည်းငယ်အတွင်းမှာ သွားများကို ဖြူဖွေးလာစေနိုင်ပါတယ်..

အဆင့်(၆)

ရေမရောထားသော သံပုရာရည်ကို ဆားတစ်ဇွန်းဖြင့် ရောကာ သွားတိုက်ဆေးကဲ့သို့ အသုံးပြုပါ။ သွားတိုက်ပြီး ရေစင်အောင်ဆေးပေးပါ။ အမြဲပြုလုပ်ပေးပါက သွားများ ဖြူဖွေးလှပါလာစေနိုင်ပါတယ်။

အဆင့်(၇)

Hydrogen Peroxide ကို သွားတိုက်တံတွင် အနည်းငယ်ဆွတ်ကာ သွားများကို တိုက်ပေးပါ။ ပြီးလျှင်း ရေဖြင့်စင်ကြယ်အောင် ဆေးပစ်ပါ။ သို့သော် ၄င်းအရည်များကို မျိုမချမိစေရန် အထူးသတိပြုပါ။


အထက်ပါ အချက်အားလုံးထဲမှာ Hydrogen Peroxide ကို အသုံးပြုတဲ့ အဆင့် (၇) ကိုတော့ ဗဟုသုတအဖြစ် သိရုံသာ သိစေချင်ပါတယ်.. မတော်တဆ မျိုချမိရင် သော်လည်းကောင်း၊ အသုံးမပြုတတ်ခဲ့ရင် သော်လည်းကောင်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်စေနိုင်တာကြောင့် ၄င်း အချက်ကို ချန်လှပ်ပြီး ကျန်တဲ့ အန္တရာယ်လဲ မရှိ လွယ်ကူ သက်သာတဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင်ပြုံးတိုင်းလှနေမဲ့ သွားဖြူဖြူဖွေးဖွေးအလှပိုင်ရှင်လေးတွေ
ဖြစ်လာနိုင်ပါတယ်လို့...

James Coolridge ရဲ့ How to keep your teeth white naturally ကို ကိုးကားပြီး ဖော်ပြလိုက်ပါတယ်။

မ သိစေချင်







မ... ရင်နင့်အောင် ချစ်ရပါသော  မ...
အနူးညံ့ဆုံးသော မြတ်နိုးမှုတွေ...
အညင်သာဆုံး ချစ်ခြင်းတွေ...
အအေးမြဆုံး သာယာမှုတွေ...
ခုတော့ဒဏ်သင့်ခဲ့ရပြီပေါ့...

အနီးစပ်ဆုံးနှလုံးသားတွေ...
အချိုမြိန်ဆုံး စိတ်ကူးယဉ်တွေ...
အလှပဆုံးအိပ်မက်တွေ...
ခုတော့ မှေးမှိန်ခဲ့ရပြီပေါ့...

လွမ်းဆွတ်နေရမှာလား...
ပူဆွေးတမ်းတနေရမှာလား...
မျှော်လင့်စောင့်စားနေရမှာလား...
မရေရာတဲ့ ခံစားမှုတွေနဲ့ပါ  မ...

ပူလောင်လှပါတယ်ဆိုရင်...
လွမ်းဆွေးလွန်းပါတယ်ဆိုရင်...
ခံစားရလွန်းပါတယ်ဆိုရင်...
အများသူငှာကဗျာတွေလို...
နားထောင်လို့ကောင်းနေမှာလား  မ...

မပျော့ညံ့ချင်ပါဘူး...
မခံစားချင်ပါဘူး...
မငေးမှိုင်နေချင်ပါဘူး...
ဒါပေမဲ့...
နှလုံးသားထဲ နင့်နေပြီလေ  မ... 





Thursday, August 25, 2011

BigBag+Wanted+Reason+Idiots – S.I.R Album

01 Rock & Roll – MeDiAfIrE | IfIlE
02 ရေလိုက်ငါးလိုက် – MeDiAfIrE | IfIlE
03 တစ်ပွေထဲလိမ့် – MeDiAfIrE | IfIlE
04 ခေါ်သံများ – MeDiAfIrE | IfIlE
05 ဘ၀ခါး – MeDiAfIrE | IfIlE
06 ဥာဏ်နည်းသူ – MeDiAfIrE | IfIlE
07 ဦးနှောက်ပုံနှလုံးသား – MeDiAfIrE | IfIlE
08 အပြစ်မဲ့အမှား – MeDiAfIrE | IfIlE
09 Sorry! – MeDiAfIrE | IfIlE
10 သုံးမရတဲ့တံခါး – MeDiAfIrE | IfIlE
11 မဖြစ်တော့ဘူး – MeDiAfIrE | IfIlE
12 ကျွန်တော်မကောင်းဘူး – MeDiAfIrE | IfIlE
13 နောက်ဆုံးပဲလား – MeDiAfIrE IfIlE


အယ်လဘမ် တစ်ခု လုံး လိုချင်ရင် အောက်မှာ ဒေါင်းလိုက်နော်။

http://www.mediafire.com/?05kr7z7agx1wg4g

http://ifile.it/q4nwgib/SIRROCKHOUSE.rar

http://www.zshare.net/download/9410273103844429/

http://www.ziddu.com/download/16177112/SIRROCKHOUSE.rar.html

http://www.mirrorcreator.com/files/4LZRCQQZ/

Wednesday, August 24, 2011

Wireless Network Hacking software

22 Aug 11, 08:58 PM
အာကာဖြိုး: WIFI Password ရယူနည်း ဒီပို့မှာ အခွေဆိုတာက နာမည် ဘယ်လိုခေါ်လဲဗျ ပြောပေးပါလား။

***ဧကရီ*** 
ကိုအာကာဖြိုးရေ.. အဲဒီပို့စ်မှာ အခွေဆိုတာက Wireless Network Hacking softwareကို အခွေ ဘန်းပြီးရောင်းတဲ့
ခွေကိုပြောတာပါ.. ရချင်သူတွေနဲ့..၀ယ်ဖို့အခက်အခဲရှိတဲ့ သူတွေအတွက် အောက်မှာ ဒေါင်းယူပြီး ရှာဖွေ စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ။

WirelessHack.jpg

ဒီနေရာမှာ ကလစ်ပြီးဒေါင်းလိုက်ပါ။

ငလျင်အပျက်အစီးပုံ အောက်မှ ဒေါ်လာ ၇၅ သန်းဖိုး ငွေများကို ရိုးသားစွာ ပြန်အပ်ကြသော ဂျပန်လူမျိုးများ၏ ရိုးသားမှု

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော ဂျပန်ဆန်ဒိုင်းငလျင်ကြီးနှင့် ဆူနာမီတို့ကြောင့် ပေါ်ပေါက်လာသော သေကြေပျက်စီးမှု အပုံကြီးများ အောက်မှ ပြန်လည်တွေ့ရှိသော ငွေကြေးများ၊ တန်ဖိုးရှိ ပစ္စည်းများကို တွေ့ရှိသူများက ရဲစခန်းများသို့ သွားရောက်အပ်နှံကြသောကြောင့် ရဲစခန်းများတွင် လက်ခံသိမ်းဆည်းရန် နေရာအခက်အခဲပင် ဖြစ်ရကြောင်း သိရှိရသည်။

ငွေသားချည်းသက်သက် အမေရိကန် ဒေါ်လာ ၄၅ သန်းတန်ဖိုး ရှိသော ဂျပန်ယန်းငွေများ၊ အခြား ငွေကြေးများကို ပိုက်ဆံအိတ်များ အတိုင်း လာရောက်အပ်နှံကြသလို အပျက်အစီးပုံအောက်ရှိ မီးခံသေတ္တာများ အတွင်းမှ ငွေကြေးနှင့် ဘဏ်စာအုပ်များ စုစုပေါင်းတန်ဖိုး ဒေါ်လာ သန်း ၃၀ ဖိုးရှိသောကြောင့် မုန်တိုင်းဒဏ်သင့် သူများ ပိုင်ငွေ စုစုပေါင်း ဒေါ်လာ ၇၅ သန်းခန့်ကို ရိုးသားစွာ လာရောက် အပ်နှံကြကြောင်း ကြားသိရသည်။

ထိုသို့ ဂျပန်လူမျိုးများ၏ ရိုးသားသော စိတ်ဓာတ်နှင့် သဘာဝဘေးသင့် ဒုက္ခသည်များအပေါ် အခွင့်အရေးယူ ကိုယ်ကျိုးမရှာတတ်ခြင်းကို အတုယူဖွယ် ဖော်ပြပေးလိုက်ပါသည်။

source http://mmdailynews.com

Sticky.Password.

ကိုယ်ရဲ့ Password တွေကို 100% နှုန်း စိတ်ချလုံခြုံစွာ ထားပေးမဲ့ Sticky.Password.5.0.0.185.portable
ဆော့ဝဲလ်လေးပါ။ (9.21MB )ရှိ ပြီး အလိုအလျှောက် Login ၀င်နိုင်ပြီး blogger တွေအတွက်လည်း လုံခြုံ
စိတ်ချရမဲ့ Password တွေကိုဖန်တီးပေးနိုင်ပါတယ်။
Password တွေမမှတ်မိတဲ့ ဒုက္ခကလည်း ဒီဆော့ဝဲလ်လေးက ဖြေရှင်းပေးပါလိုက်မယ်။။
1293115367_sticky-password.jpg

Sticky.Password.5.0.0.185.Portable Software

ဒီနေရာမှာ ဒေါင်းယူရန်။

မိန်းမတစ်ယောက်ရဲ့  လိုအပ်ချက်ကို ဖေါက်ထွင်းမြင်ကြည့်ခြင်း။

မိန်းကလေးတွေနဲ့ မကင်းနိုင်ကြတဲ့ သူငယ်ချင်းတွေဖတ်ကြည့်နော်..မိန်းခလေးတစ်ယောက်ရဲ့ စိတ်ကို ဖောက်ထွင်းမြင်နိုင်ဖို့ဆိုတာ ယောကျာင်္လေးတိုင်းလိုအပ်တယ်လို့ ထင်မိပါတယ်။။ ဒီတော့ ကိုယ့်ဖက်က ဘာတွေလစ်ဟင်းလိုအပ်ချက်တွေရှိနေလဲ ဆိုတာအောက်ကစာလေးတွေကို ဆက်ဖတ်ပြီး ..ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ကြပါစို့နော်...

၁) မနှိုင်းယှဉ်ပါနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

(ကိုယ့်ချစ်သူမိန်းခလေးကို ကိုယ်ကတစ်ခြားသူ တစ်ယောက်ယောက်နဲ့ နိုင်းခဲ့မိဖူးလား?)

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

(ကိုယ့်ကို့ချစ်လို့ အူတိုပြီး ရန်လုပ်တတ်တဲ့ချစ်သူကို စိတ်မရှည်သလိုဖြစ်ပြီးလျှစ်လျှူရှိခဲ့ဖူးပါသလား?)

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

(ကိုယ်ကကော ကိုယ်လုပ်ပေးသမျှ ပင်းပန်းတယ်လို့ ညီးငြူပြီး မျက်နှာထားနဲ့ပုတ်ခတ်ခဲ့ဖူးသလား?)

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

(ကိုယ့်ချစ်သူနဲ့ သင့်တစ်ခါလောက်အချစ်ခြင်း ပြိုင်ဖူးခဲ့ပါသလား?)

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

(ဒါတွေကိုကော ကိုယ့်ချစ်သူမိန်းခလေးအတွက် သင့်စိတ်နဲ့နိုင်းယှဉ်တွေးတောဖူးခဲ့သလား?)

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

(ကိုယ့်ကကော လက်လွတ်ဖို့ ရဲတင်းပြတ်သားမူ့မရှိပဲ ရိုင်းစိုင်းစွာ ထိုးရိုက်နှက်ခဲ့ဖူးပါသလား?)

၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

(ကိုယ့်ချစ်သူကို နူးနူးညံ့ညံ့ အချိန်တိုင်းနားလည်မူ့တွေနဲ့ ဆက်ဆံဖူးခဲ့ပါသလား?)

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

(ကိုယ့်ချစ်တဲ့သူနဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေရာလေးတွေ တူတူသွားဖို အချိန်သတ်မှတ် ခဲ့ဖူးပါသလား?)

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

(ချစ်သူရဲ့မိဘတွေကို ရိုသေလေးစားမူ့ စကားလေးတွေ သင်ပြောဆိုခဲ့ဖူးပါသလား?)

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။


အထက်ပါ အချက်ဆယ်ချက်မှာ ကိုယ်ဘာတွေလိုအပ်ပြီး လစ်ဟာ မူ့လေးတွေရှိခဲ့ဖူးသလဲ ဆိုတာ ဝေဖန်ဆန်းစစ်ရင်း ကိုယ့်ချစ်သူရဲ့ အထင်ကြီး

လေးစားခြင်းခံရမဲ့ အချစ်သူရဲကောင်းတစ်ယောက်ဖြစ်အောင် ဆန်းစစ်ကြပါလို့.....

ခင်မင်လေးစားလျှက်..

***ဧကရီ***


ပျင်းနေမှာစိုး...




အပျင်းပြေကလေးထိမ်းဖို့ ခေါ်လာပေးတာပါ
ခေါ်သွားလိုက်ကြပါဦး... 
:hehe


Express Burn v4.37



Operating System: Windows 7/Vista/XP/2000/NT/ME/98/95
File Size: 361 KB
License: Freeware (All Free software)
License Conditions:
Express Burn Plus: US$57.00
System Requirements:
CD-ROM drive which supports recording


Monday, August 22, 2011

Free CD DVD Burner

Operating System: Windows 7/Vista/XP/2000

File Size: 2.8 MB

License: Freeware

System Requirements:

CPU: Intel® Pentium® 4 (2GHz) or AMD AthlonTM XP 2800+ (2.2GHz); RAM: 512MB

ပေါက်ကွဲမိခြင်း 2


ဖြစ်သင့်ပါသလား လောကကြီးရယ်...
မိမိချစ်ခြင်းအတွက်  မိမိနာကျဉ်ရမယ်
သူတစ်ပါး မနှစ်လိုမှုအတွက် ပေးအပ်ရမယ်
ချစ်ခြင်းမူးယစ်နေသူ 2 ယောက်မှာ 
သာယာပျော်ရွှင် နေကြတယ်လေ...
အဲ့ဒီ ချစ်ခြင်းကို မြင်နိုင် သိနိုင် ခံစားနိုင်စွမ်း
မရှိတဲ့ လူတစ်ချို့ရဲ့ ဆန္ဒတွက် စွန်လွှတ်ရမယ်တဲ့လား...
ကျေးဇူးပြု၍ အနည်းငယ်လေးမျှ မြင်ပေး သိပေးကြပါလား
ချစ်ခြင်းနစ်မွန်းနေသူ တွေ ရဲ့ နောက်ဆုတ်အရှူံးပေးမှုကိုတောင်
မမြင်နိုင် မရှူ့နိုင် ဖြစ်နေကြသူတွေကို အရှူံးပေးသင့်လား...
တကယ်ဆို ဘယ်အရာမှ မမှုတမ်း  ချစ်သူလက်ဆွဲ
ရင်ကော့ပြီး ချစ်ခရီးထွက်လိုက်ချင်တာပါ
အရာရာကိုကျော်ဖြတ်ဖို့လည်း မာန်အပြည့်ရှိပါတယ်...
မိသားစုနဲ့ လွန်ဆွဲနေရမဲ့ ချစ်သူရဲ့ စိတ်ဒုက္ခကို မကြည့်ရက်လို့ပါ
ဘာကြောင့် လိုအပ်တာထက်ပိုတဲ့ အဟန့်တွေကြုံရတာလည်း
ထားခဲ့ပါချစ်သူ ... ဆက်လက်အရှူံးပေးနေလိုက်ပါ
ကျေနပ်မှုတွေဟာ ချစ်သူအတွက်ပါ
လက်လျှော့ နောက်ဆုတ်ခဲ့တာ ချစ်သူအတွက်ပါ
ဒါပေမဲ့လည်းချစ်သူ...
ကျေးဇူးပြု၍ မှတ်ထားပေးပါ...
ပိုင်ဆိုင်သူ မရှိတဲ့ဘ၀ထဲက ချစ်သူအတွက်
သိပ်ချစ်တယ်ဆိုတဲ့ နှလုံးသားနဲ့အတူ အမြဲ အသင့်ရှိနေပါမယ်...
ချစ်သူတစ်ယောက် သာယာသောဘ၀လေးတစ်ခုသို့
လျှောက်လှမ်းနိုင်ပါစေ...







ပေါက်ကွဲမိခြင်း 1


ကဗျာလေးတွေလည်း မဖွဲ့ထုံးတတ်ပါ
ကာရံလေးများနဲ့လဲ မပြင်ဆင်ဝံ့ပါ
ရင်ထဲမှာလည်း ၀ှက်ထားနိုင်စွမ်းမရှိတော့ပါ
 မ ဆိုသောချစ်သူနဲ့  ငြိသွားတဲ့နှလုံးသားလေးတစ်ခုက
 ခံစားချက်လေးတွေတစ်ချို့ဟာ ခုဆိုရင်
Web စာမျက်နှာပေါ်ထိ ဖိတ်စင်လာခဲ့ရပြီ...
ဒီစာလုံးလေးတွေက ခံစားနေရတဲ့
ဝေနာတွေမဟုတ်တာသေချာပါတယ်...
နှလုံးသားထဲကဝေဒနာရဲ့ တံလျှပ်မျှသာပါ မ...
ဒါတွေကို မ တစ်ယောက် မတွေ့ မသိ မကြည့်တော့ဘူးမလား  မ...
အဓိပ္ပါယ် ရှိလွန်းလှတဲ့ မ နဲ့ချစ်သူဖြစ်ခွင့်ရချိန်လေးတွေကို
ဒီချိန်မှာ ဘာနဲ့မှ အစားမထိုးနိုင်တော့ဘူးမရယ်...
အဲ့ဒီချိန်လေးတွေကို ဘယ်သမိုင်းထဲက စုံတွဲနဲ့မှ မယှဉ်လိုဘူး
ဘယ်သူ့ချစ်ခြင်းနဲ့မှမတိုင်းတာလိုဘူး...

တကယ်ဆို ဒီဇာတ်လမ်းမျိုးလေးတွေကို ရုပ်ရှင်တွေ 
စာအုပ်တွေမှာပဲ သိခဲ့ဖူးတာပါ...
ခုလို ရင်နင့်ဖွယ်ဇာတ်လမ်းတစ်ပုဒ်ကို 
ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရဖို့ အိပ်မမက်ခဲ့ဖူးပါ...
ရင်နင့်စွာနဲ့ ခံယူရင်း ရပ်တံ့ပါမယ် မ...
လောကကြီးနဲ့ လူအများစုရဲ့ သတ်မှတ်ချက်တွေကို
သမီးလိမ္မာ . လေး  မ  တစ်ယောက်ရဲ့
လုပ်ရပ်တွေက တန်ဖိုးရှိ လှပလွန်းပါတယ်...
မ ရဲ့လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ
ဂုဏ်ယူစွာနဲ့ ထာဝရလေးစားနေပါမယ်...
မရဲ့ ရင်တွင်းရည်မှန်းချက်ကို မမြင်နိုင်ဘဲ
မ  အပေါ်ပစ်တင်ဝေဖန်သူအချို့ကိုလည်း
သိစေချင်လိုက်တာ မ ရယ်...
သူတို့လေးတွေတွက် မ ရွေးချယ်ဆုံးဖြတ်ပြီးသားဆိုတာလေးကိုပေါ့...
မ ရဲ့မြင့်မြတ်တဲ့စိတ်သဘောထား အပေါ်မှာ မ ဘ၀လေး
ထာဝရ အေးချမ်းသာယာပါစေနော်...


ဒီလူအတွက်လည်း အရာရာမေ့ခဲ့နိုင်ပါစေ မ...
မ ပြောဖူးတဲ့  ပြန်လည်တွေ့ဆုံမှုမျိုးလေး ရရှိခဲ့ရင်
မ တစ်ယောက် ပျော်နေချိန်လေးဖြစ်ပါစေနော်...


Sunday, August 21, 2011

Wireless Network Watcher Portable

ဒီဆော့ဝဲလ်လေးက ကိုယ့် အသုံးပြုနေတဲ့ အင်တာနက် Wireless Network အနီးပါတ်ဝန်းကျင်တွေမှာ
ကွန်ပြူတာအားလုံးနဲ့ စက်နံပါတ်တွေကိုဖေါ်ပြပေးတဲ့ဆော့ဝဲလ်ပါ။  LAN အသုံးပြုတဲ့ကွန်ပြူတာတွေအ
တွက်လည်း အသုံးဝင်ပါတယ်။ စက်နံပါတ်တွေမပေါ်ရင် RUN  ထဲကနေရှာလို့ရပါတယ်။

 
2Q==


ဒီနေရာလေးမှာ ကလစ်ပြီးဒေါင်းယူလိုက်ပါ။

Image to Text Converter – HTML Imager

ပုံလေးတွေကို စာတမ်းအဖြစ်နဲ့ပြောင်းဖို့ပါ
နောက်ခံရောင်တွေလည်းပြောင်းလို့ရပါတယ်...
ပြောင်းလာတဲ့ဖိုင်ကို  HTML အဖြစ်ထုတ်ပေးပါတယ်
လိုသလို သုံးစွဲကြပါတော့...





WIFI Password ရယူနည်း။

21 Aug 11, 06:23 AM
နေဇော်ထွေး: ကျွန်တော်က ထိုင်းနိုင်ငံအင်တာနက်ဆိုင်မှာ အလုပ်လုပ်ပါတယ် ဒါပေမယ့် ကျွန်တော်အင်တာနက်ကို အလကားသုံးခွင့်မရပါဘူး ဒီတော့်ကျွန်တော်ရဲ့လက်တော့်နဲ့ ဒီသူတို့ရဲ့ စက်တွေနဲ့ wireless လုပ် ပေးနိုင်မလား ခင်ဗျ ကူညီပါ
လိုအပ်တဲ့အချက်ကို ကျွန်တော် လိုက်လုပ်ပါ့မယ် ခင်ဗျာ ကျေးဇူးတင်ပါတယ်။

***ဧကရီ***
ကိုနေဇော်ထွေး မေးတဲ့ မေးခွန်းကို ဧကရီဖြေပေးလိုက်ပါတယ်ရှင်။။  ကိုနေဇော်ထွေး သိချင်တာက ဆိုင်ကစက်တွေကနေ  အကို့ လက်တော့ကို
Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်တာမဟုတ်လား။
ဒါဆို ခု ဧကရီပေးမဲ့ WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ နန်းတော်ကို လာဟက်နေ
မှ .....ဒုက္ခ...:D  ကဲ လုပ်ကြည့်နော်..
ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့  ကိုယ့်စက်ဖွင့်မရသူတွေ
အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်...

 WIFI Password ခိုးနည်းလေးပါ။ ။ ( ခေါင်းစဉ်တပ်ရတာ ငါးပါးသီလ ဖေါက်ဖျက်နေသလိုခံစားရမိ သားး:P)ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။


အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။

အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော်

လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်..

ပထမနည်းကတော့ Cracking  ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။

ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။

လုပ်နည်းလေးကတော့။

အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။

အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။

 ဥပမာ .....(069500) လိုမျိုးပေါ်နေတာကိုပြောတာပါ။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။ ကိုယ့်စက်မှာပေါ်တာကို ကြည့်ရမှာဖြစ်ပြီး ဂဏန်းနောက်
က ထည့်ရမဲ့စာလုံးကို တော့သေချာထည့်ပေးဖို့လိုပါတယ်။
အဲဒါကို ကလစ်လိုက်ရင် Password တောင်းလာလိုက်မယ်။
ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့ ရအောင်ယူမလဲဆိုတော့  ဥပမာ..ပြထားတဲ့  ( 069500 ) ကိုဖြုတ်ပြီး ရှေ့က ( ၀ )ကိုဖြုတ်ပြီး ( 695001FFB0 )
လို့ရိုက်ထည့်ပါ။
အဲလိုရိုက်ထည်လိုက်မယ်ဆိုရင် Confirm  တောင်းလာရင် နကိုယ်အတိုင်း( 695001FFB0 ) လို့ပဲပြန်ရေးပြီး OK  သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။
ခနစောင့်.... Connection နေရာမှာ Connected  ဖြစ်သွားပါလိမ့်မည်။။။

ဥပမာ..အောက်မှာကြည့် ပါ။

                         Azlie
617a6c69303761707231393738


         092f222

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

         shaiful
30313232343433333730313233


>>>>>>>>>>>>>>>>>>>>>>>>>>>>>


         Ghost
abcd368368
>>>>>>>>>>>>>>>>>>>>>>>>>>>>>

     Yong ah foo
31393230333331313435323233

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
      meingan
63353131313036303535323735

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
 

ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့  Wireless Wifi နာမည်နဲ့  password လေးနမူနာလေးတွေပါ။


နောက်တစ်နည်း။။  ။။
 
SSID နာမည်တွေကို Cracking ခွေနဲ့ခိုးတဲ့နည်းပါ။
အဲဒီအခွေက Wireless password တင်မကဘူး  Creadit card password အထိ Hacking လုပ်လို့ ရပါတယ်။

အင်တာနက်ပစ္စည်းရောင်းတဲ့ ဆိုင်မှာမေးဝယ်စမ်းသတ်နိုင်ပါတယ်။။

အဆင်ပြေပါစေရှင်။

***ဧကရီ***

   


Yoono – All In One Portable Messenger

massanger  လေးတစ်ခုတည်းဒေါင်းထားရုံနဲ့
ချက်တင်အမျိုးမျိုးကအကောင့်တွေဖွင့်သုံးနိုင်တယ်...
ချက်ခြင်းစုံလင်စွာဖြင့် ပျော်ရွှင်နိုင်ကြပါစေသောဝ်... :P


Remove Background – InstantMask

ပုံတွေရဲ့ နောက်ခံတွေကို
အလွယ်တကူဖယ်ရှားပေးနိုင်တဲ့ကောင်လေးပါ
အသုံးလိုသူများအတွက် အဆင်ပြေပါစေဗျာ...



YouTube Downloader HD


UTube Video တွေဒေါင်းတဲ့ ပေါ်တေဗယ်လေးပါပဲ
 Format လေးတွေပါပြောင်းလို့ရပါသေးတယ်...
အဆင်ပြေမှာပါ သုံးကြည့်ပါဦးခင်ဗျ...
 
 

ပေါ်တေဗယ်


MemPad – Portable Diary တဲ့ဗျာ
ပေါ်တေဗယ်လ်တွေ ခေတ်ထနေပုံ
ဒိုင်ယာ၇ီကို ပေါ်တေဗယ်ရေးလို့ရသတဲ့ခင်ဗျာ...
စိတ်ဝင်စားလို့ရေးကြည့်ချင်ရင် 
စမ်းကြည့်ကြပါဦးနော်...




IcoFX – Icon Extractor Editor and Creator


create and edit icons လုပ်ဖို့ဆိုအဆင်ပြေပါတယ်...
လိုအပ်သူများဒေါင်းယူကြပါကုန်
အဆင်ပြေပါစေခင်ဗျာ...


Dream.Gardens.Screensaver.v1


တောတောင်ရေတံခွန်အလှ ကျေးငှက်တွေရဲ့ အသံလေးတွေ ပါဝင်တဲ့ Screensaver လေးပါ။ဆော့ဝဲလေးကို
run လိုက်ရုံပါဘဲ။ခဏစောင့်ပြီး ပေါ်လာတဲ့ဘောက်လေးကို ပိတ်လိုက်ပါ။ဘာမှလုပ်စရာမလိုပါဘူး။forward လို့ ရေးထားလို့ လုပ်စရာမလိုပါဘူး။run လိုက်တာနဲ့ရပါပီ။ကျန်တာမလိုပါဘူး။ပိတ်လိုက်လို့ရပါတယ်။လိုချင်ရင်
အောက်မှာ ဒေါင်းလိုက်ပါနော်။


http://www.mediafire.com/?6s1t1ae64btyh61

http://ifile.it/9vp4l6a/Dream.Gardens.Screensaver.v1.Full.rar

http://www.zshare.net/download/9391587097fbaf5f/

http://www.ziddu.com/download/16119306/Dream.Gardens.Screensaver.v1.Full.rar.html

http://www.mirrorcreator.com/files/0WRVEQ4P/

Saturday, August 20, 2011

လျှို့ဝုက်ထားတယ်....

 
Aug 18 2011, 6:17 AM
Guest224 (guest): မမဧကရီရေဇော်ပိုင်ရဲ့လျှို့ဝှက်ထားတယ်ဆိုတဲ့သီချင်းလေးရှိရင်ပေးပါလာနော်။ ဒီသီချင်းလေးက ကျွန်တော်နဲ့တိုက်ဆိုင်လို့ပါ။

***ဧကရီ***
မောင်လေးတောင်းထားတဲ့ ဇော်ပိုင်ရဲ့ လျှို့ဝှက်ထားတယ် သီချင်းပါတဲ့ အမောပြေ ဆိုတဲ့ အယ်လယ်ဘမ် တစ်ခုလုံး တင်ပေးလိုက်ပါတယ်
တိုက်ဆိုင်မူ့တွေရှိတိုင်း  အမောပြေ နားထောင်ပေါ့နော်...:D

2Q==

၁။မင်းကျောင်းမတတ်တဲ့နေ့
၂။လူကိုချွေတဲ့ပန်းကလေး
၃။အမောပြေ
၎။အသိအမှတ်ပြုပါ
၅။အချစ်စစ်တခု
၆။ဘာမှမသိ
၇။မဆွေးချင်ဘူး
၈။စိတ်နာတယ်
၉။စန္ဒီ
၁၀။အလွမ်းရဲ့သီချင်းတွေယူ
၁၁။လျှို့ဝှက်ထားတယ်
၁၂။ဖန်ဆင်းခွင့်
၁၃။အလွမ်းရောင်

ဒီနေရာမှာ ကလစ်ပြီးဒေါင်းယူနိုင်ပါပြီ။

Friday, August 19, 2011

Google book downloader software

18 Aug 11, 02:16 PM
Than Tun: Google book downloader software ရရင်လိုချင်ပါတယ်။ တင်ပေးနိုင်မလား။

***ဧကရီ***
အောက်က လင့်ခ်လေးမှာ ဒေါင်းယူလိုက်ပါနော်..အဆင်ပြေပါစေ။

http://www.mediafire.com/?000tt26p3l5pr2n#1%22

Thursday, August 18, 2011

ဝက်ဆိုဒ်တွေကို ဓာတ်ပုံရိုက်ချင်ရင်

နေလင်းဦး: ဆော့ဝဲတစ်ခုလောက်တောင်းခံချင်လို့ ပါဘာဆော့ဝဲလဲတော့မပြောတတ်ဘူးဝက်ဆိုဒ်တို့ ဘလော့ဆိုဒ်တွေကိုဓာတ်ပုံရိုက်လို့ ရတဲ့ ဆော့ဝဲလေးလို ချင်လို့ ပါပုံလေးတွေနဲ့ ရှင်းပြချင်လို့ ပါကူညီပေးပါအမဧကရီ

ဧကရာဇ် : ၀က်ဆိုဒ်တွေကိုဘဲ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ mozilla မှာ ပါတဲ့ addons လေးတစ်ခုကို သုံးစေချင်ပါတယ်။mozilla firefox သုံးတယ်ဆိုရင်ပေါ့။သုံးရတာလဲအဆင်ပြေပါတယ်။အောက်ကလင့်ကို နိုပ်ပီး အရင်ဆုံးinstall လုပ်လိုက်ပါ။

https://addons.mozilla.org/en-US/firefox/addon/aviary-screen-capture-quick-la/

အောက်မှာ လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ပါ။



တကယ်လို့ ဆော့ဝဲနဲ့ဘဲ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်က ဆော့ဝဲလေး သုံးကြည့်ပါ။

fscapture(1.3 MB)




http://www.mediafire.com/?menna004zj2v8us

http://ifile.it/b0o63gd/fscapture.zip

http://www.zshare.net/download/938242111b844eab/

http://www.ziddu.com/download/16091665/fscapture.zip.html

http://www.mirrorcreator.com/files/HYCSPSYW/

တရားမင်းသခင် - ၁၇။ ပံသုကူသင်္ကန်း ကောက်ယူခြင်း



ရက်ပေါင်းများစွာ ကုန်လွန်ခဲ့လေပြီ။ နွားကျောင်းသားသည် နွားအုပ်ကြီးနှင့်အတူ နေ့စဉ်ပုံမှန် မြစ်ကို ကူးဖြတ်လျက်ရှိ၏။ စားကျက်မြေမှာ တစ်နေကုန် နွားကျောင်းပြီး ညနေခင်း၌ နွားပြန်သွင်း၏။ သိဒ္ဓတ္ထ ရဟန်းသည်ကား တောအုပ်အတွင်း ကမ္မဋ္ဌာန်း ရှုမှတ်ရင်း နေ့ခင်းကာလကို ကုန်လွန်စေ၏။ မှောင်ရီပျိုးချိန်၌ သူ နားခိုရာ အင်ကြင်းပင်ကြီးဆီသို့ ပြန်လာပြီး အင်ကြင်းရိပ်၌ တည်ရှိသည့် ကျောက်ဖျာတစ်ခုပေါ်မှာ အနားယူလေ၏။

တစ်ညသ၌ ကြီးမားကျယ်ပြန့်သည့် ဥရုဝေလ မြက်ခင်းပြင်ပေါ်မှာ လရောင်ဖြာဆင်းလျက် ရှိနေ၏။ တောအုပ်အတွင်း၌လည်းကောင်း၊ စားကျက်မြေအနှံ့ တည်ရှိနေသည့် သစ်ပင်ကြီးများ၏ အရိပ်တို့၌လည်းကောင်း ကြောက်မက်ဖွယ် ညသတ္တ၀ါများ စူးစူးဝါးဝါး အော်ဟစ်တွန်မြည်လျက် ရှိကြ၏။ သေနာနိရွာ သုဿာန်မှ မြေခွေးတို့၏ အူသံရှည်များကို ကြားနေရသည်။

လရောင်ဆန်းထားသည့် ထူးဆန်းသော ဤည၌ သိဒ္ဓတ္ထ ရဟန်းသည် နိုးနိုးကြားကြား ရှိနေ၏။ သူသည် ဟောင်းနွမ်းစုတ်ပြတ်နေသည့် သင်္ကန်းကို ၀တ်ဆင်ထား၏။ လရောင်ဖြာဝင်းနေသော မြက်ခင်းပြင်ကို ဖြတ်လျှောက်လျက် ရှိ၏။ မြေခွေးအူသံများ ကြားရရာ အရပ်ဆီသို့ သွားနေခြင်း ဖြစ်ပေသည်။

အမှောင်ရိပ် ကျရောက်ရာ နေရာတို့သည် ထိတ်လန့်စရာ ကောင်းနေ၏။ သစ်ကိုင်းများ လှုပ်ခတ်လိုက်တိုင်း စိုးရွံ့စရာ ဖြစ်နေ၏။ တိတ်ဆိတ်၍ မှောင်မဲနေသော ညသည် ကြောက်မက်ဖွယ်ရာများကို ထုပ်ပိုးထား၏။ ခွေးဟောင်သံ သားရဲအူသံများ ဟိုမှသည်မှ ထွက်ပေါ်လာတတ်သည်။ သစ်ကိုင်းများ ကျိုးကျတတ်သည်။ သစ်ရွက်တို့ လှုပ်ခတ်နေသည်။ ၀န်လိုငှက်များ အော်မြည်ငြီးတွား နေကြရင်း ရပ်တန့်သွားရာ ရုတ်တရက် ထိတ်စရာ ကောင်းလောက်သည့် တိတ်ဆိတ်မှုကြီး မင်းမူသွား၏။ နှလုံးကွဲစေနိုင်လောက်သည့် ထိတ်လန့်ဖွယ်ရာကို ခံစားရ၏။

ခြေလှမ်း လှမ်းလိုက်တိုင်း ထိတ်လန့်စရာ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပေါ်နေသော ထူးဆန်းသည့် ဤလိုညမျိုး၌ အကြောက်အရွံ့ ကင်းမဲ့သူ သိဒ္ဓတ္ထ ရဟန်းသည် အစုလိုက် အစုလိုက် တည်ရှိသည့် သစ်ပင်ရိပ်မဲမဲတို့ ၀ိုင်းရံထားသော သုဿာန်သင်္ချိုင်း အတွင်းသို့ လှမ်းဝင်သွားလေ၏။

သုဿာန်အတွင်း တစ်နေရာ၌ မြေခွေးများ ၀ိုင်းအုံနေကြသည်။ စူးရှသော အပုပ်နံ့တစ်ခု ပြန့်နှံ့လျက် ရှိနေ၏။ မန်ဖီငြီးတွားလျက် ရှိနေကြသော မြေခွေးတို့သည် တစ်စုံတစ်ရာကို ၀ိုင်းအုံဆွဲရမ်း စားသောက်နေကြခြင်း ဖြစ်၏။ ထိုမြေခွေးတို့၏ အစာကား နန္ဒိက သူကြွယ်၏ အစေခံကျွန်ဖြစ်သော ရာဓ၏ ရုပ်အလောင်း ဖြစ်၏။ မနှစ်မျို့ဖွယ် လူသေကောင် အပုပ်နံ့သည် နေရာတိုင်းမှ ထွက်ပေါ်ပြန့်နှံ့နေ၏။ အာသာငန်းငန်း မြေခွေးတို့၏ ထက်မြသော သွားစွယ်ဖွေးဖွေးများနှင့် တောက်ပသော မျက်လုံးများတို့သည် လျှစ်စီးရောင်ကဲ့သို့ တလက်လက် တောက်ပနေ၏။ သိဒ္ဓတ္ထ ရဟန်းသည် မနှေးမမြန် ပုံမှန်ခြေလှမ်းဖြင့် လှမ်းနေ၏။ ယခုကဲ့သို့ လရောင်အလင်းအောက်၌ ရှိနေသော သူ၏ သိမ်မွေ့သော မျက်နှာထားသည် နေ့အခါမှာကဲ့သို့ပင် ကြည်လင်နေ၏။

သိဒ္ဓတ္ထရဟန်း အနီးသို့ ရောက်လာချိန်၌ မြေခွေးတို့သည် အလောင်းကောင်၏ အရိုးတို့ကို ကိုက်မိနေကြလေပြီ။ အချို့က ကလီစာတို့ကို ဆွဲနေကြ၏။ အချို့က အသားကို စားလျက် ရှိကြ၏။ အချို့က သွားကြိတ်လျက် မာန်ဖီလျက် အမြီးကုတ်ကာ မြေပေါ်မှာ ငြိမ်သက်စွာ ၀ပ်လျက်နှင့် ရန်စောင်နေကြ၏။

သိဒ္ဓတ္ထ ရဟန်းသည် သွေးပြည်တို့ ပေကျံနေပြီး ပုပ်အဲ့အဲ့ အနံ့ထွက်နေသော သူသေကောင်မှ ကျွတ်ထွက်လာသည့် အ၀တ်စကို ညာလက်ဖြင့် ကောက်ယူလိုက်၏။ ထိုစဉ် သူသည် နှာခေါင်းလည်းမပိတ် မျက်လုံးလည်း မမှိတ်ပေ။ လက်ဖျားနှင့်ပင် ထိချင်စရာ မကောင်းသော အလောင်းပတ်သည့် အ၀တ်စကို ညာလက်ဖြင့် ကောက်ယူပြီးသော သိဒ္ဓတ္ထ ရဟန်းသည် သူလာရာ လမ်းအတိုင်း အနော်မာ မြစ်ကမ်းဆီသို့ ပြန်လျှောက်သွား၏။ ထို့နောက် အ၀တ်စကို မြစ်ရေမှာ စင်အောင် ဆေးလျှော်၏။ နောက်ဆုံး၌ ရေများကို ညှစ်လိမ်ထုတ်လိုက်လေ၏။

:)
ရှင်အာစာရ

(ဆက်ရန် . . . . .)

Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)