Friday, August 26, 2011

မ သိစေချင်







မ... ရင်နင့်အောင် ချစ်ရပါသော  မ...
အနူးညံ့ဆုံးသော မြတ်နိုးမှုတွေ...
အညင်သာဆုံး ချစ်ခြင်းတွေ...
အအေးမြဆုံး သာယာမှုတွေ...
ခုတော့ဒဏ်သင့်ခဲ့ရပြီပေါ့...

အနီးစပ်ဆုံးနှလုံးသားတွေ...
အချိုမြိန်ဆုံး စိတ်ကူးယဉ်တွေ...
အလှပဆုံးအိပ်မက်တွေ...
ခုတော့ မှေးမှိန်ခဲ့ရပြီပေါ့...

လွမ်းဆွတ်နေရမှာလား...
ပူဆွေးတမ်းတနေရမှာလား...
မျှော်လင့်စောင့်စားနေရမှာလား...
မရေရာတဲ့ ခံစားမှုတွေနဲ့ပါ  မ...

ပူလောင်လှပါတယ်ဆိုရင်...
လွမ်းဆွေးလွန်းပါတယ်ဆိုရင်...
ခံစားရလွန်းပါတယ်ဆိုရင်...
အများသူငှာကဗျာတွေလို...
နားထောင်လို့ကောင်းနေမှာလား  မ...

မပျော့ညံ့ချင်ပါဘူး...
မခံစားချင်ပါဘူး...
မငေးမှိုင်နေချင်ပါဘူး...
ဒါပေမဲ့...
နှလုံးသားထဲ နင့်နေပြီလေ  မ...