Friday, October 21, 2011

မော်ဇီလာ homepage ကိုpage တွေ အများကြီးဖွင့်ရအောင်

ကျွန်တော်တို့ firefox browser သုံးတဲ့သူတွေ ကိုယ်အသုံးများတဲ့ ဆိုဒ်ကို homepage အဖြစ်ထားထားတတ်ကြပါတယ်။ဒါမှ ဖွင့်လိုက်တာနဲ့ ကိုယ်ဖွင့်ချင်တဲ့ဆိုဒ်ကို အော်တိုဖွင့်ပြီးဖြစ်မှာပါ။တချို့ကျတော့ ကွန်ပျူတာစသုံးပီဆိုတာနဲ့ ဆိုဒ်သုံးလေးခုကို ပုံမှန်ဝင်လေ့ရှိတယ်။ဒီလိုလူတွေအတွက် ဆိုဒ်တွေကို save လုပ်ထားစရာလဲ မလို firefox ဖွင့်လိုက်တာနဲ့ homepage အဖြစ် ဆိုဒ်သုံးလေးခုကို တပြိုင်နက်ထဲဖွင့်ပေးမယ့်နည်းလေးတစ်ခုကို ပြောပြပေးမယ်နော်။

firefoxကိုဖွင့်ပါ။ပြီးရင် Tools>Options>General က when Firefox starts: Show my home page အောက်က Home Page : အကွက်လေးမှာ ကိုယ်ဖွင့်ချင်တဲ့ လင့်လေးတွေကို  " | " လေးကြားမှာ ခံပြီး ရိုက်ထည့်ပေးရုံပါဘဲ။

http://www.google.com|http://www.facebook.com/|http://www.akyinnarnantaw.org/

ကဲ အခုဆိုရင်  သူငယ်ချင်းတို့ ဖွင့်ချင်တဲ့ဆိုဒ်လေးတွေကို  homepage တွေအဖြစ်အသုံးပြုနိုင်ပါပြီ။အဆင်ပြေပါစေ။