Monday, November 28, 2011

tune up utilities 2012 with serial key



ဒီဆော့ဝဲလေးက စက်ထဲမှာရှိတဲ့ မလိုအပ်တဲ့ဖိုင်တွေကိုရှင်းလင်းပေးပြီး ကွန်ပျူတာကို ပိုမိုမြန်ဆန်သွက်လက်စွာ
အလုပ်လုပ်နိုင်ဖို့အတွက် စက်ထဲရှိတဲ့ ပြဿနာတွေကို ကူညီပြီး ဖြေရှင်းပေးနိုင်ပါတယ်။





http://www.mirrorcreator.com/files/Z7I4UIMI/

Wednesday, November 23, 2011

facebook မှ အ၀င်မေးလ်တွေ ပိတ်ထားရအောင်

aungminmg (guest): မမဧကရီ ကျနော့် Gmail မှာ facebook က mail တွေနဲ့ပြည့်နေလို့ တစ်နေ့တစ်နေ့ Fb mail ကိုဖျက်နေရတာနဲ့ပဲအချိန်ကုန်နေလို့ကူညီပါအုံးနော်မမဧကရီ

ဧကရာဇ် : Facebook မှာမေးလ်တွေ လက်မခံချင်ဘူးဆိုရင် အရင်ဆုံး ကိုယ်ရဲ့ facebook အကောင့်ကိုဝင်ပါ။


ပုံထဲကအတိုင်း Account Settings ကိုသွားပါ။


Notifications ကိုသွားပါ။ ရောက်ရင် ကိုယ်မလိုချင်တဲ့ကဏ္ဍအလိုက် facebook မှ ပို့မယ့်မေးလ်တွေကို ပိတ်လို့ရပါတယ်။အကုန်မလိုချင်ရင်တော့ အမှန်ခြစ်လေးတွေ အကုန်ဖျက်ပေးလိုက်ပါ။




အကုန်ဖျက်မယ်ဆိုရင် အမှတ်တစ်ခုချင်းစီလိုက်ပြီးဖြုတ်နေမယ့်အစား အပေါ်က စာအိတ်ပုံလေးကို ကလစ်ပေးလိုက်ပါ။အားလုံးပီးရင် Save changes လုပ်ပေးပါ။အဆင်ပြေပါစေ။

Saturday, November 19, 2011

blogspot to co.cc

အောင်မင်းကို : co.cc မှာ တစ်နှစ် free ရအောင်ပြုလုပ်ပုံအဆင့်ဆင့် ရယ်...ပြီးတော့ ဘလော့ ကနေပြီး co.cc ကို
ရွေ့ ပြောင်းပုံလေးသိချင်ပါတယ်....ကျေးဇူးပြုပြီး ရှင်ပြပေးပါလား...ခင်ဗျာ

ဧကရာဇ် : ပထမဆုံးအောက်ကလင့်ကနေ co.cc မှာ အကောင့်လုပ်လိုက်ပါ။

https://www.co.cc/regist/regist_account.php























အကောင့်ရပြီဆိုရင် sign in ၀င်လိုက်ပါ။ပြီးရင် Getting A New Domain ကိုသွားပါ။ကိုယ်လိုချင်တဲ့ ဒိုမိန်းကို ရမရ ရွေးကြည့်ပါ။သူလုပ်ခိုင်းတဲ့အဆင့်အတိုင်း လုပ်သွားပါ။























ကိုယ်ရွေးချယ်လိုက်တဲ့ ဒိုမိန်းရပြီဆိုရင် Manage Domain ကနေ zone records ကိုသွားပါ။အပေါ်ကပုံထဲကအတိုင်း ဖြည့်ပေးပါ။Host နေရာမှာ ကိုယ်ရွေးချယ်ထားတဲ့ ကိုယ်လိုချင်တဲ့ ဒိုမိန်းကိုဖြည့်ပါ။ www ထည့်ပေးပါ။ပြီးရင် Set up လုပ်ပေးပါ။

Set up လုပ်ပြီးရင် ကိုယ်ရဲ့blogger ကိုဝင်ပါ။

















Settings > Publishing ကိုသွားပါ။Switch to advanced settings ကိုနိုပ်ပါ။
ပြီးရင်အပေါ်က ပုံထဲကအတိုင်း ကိုယ့်ဒိုမိန်းကို ဖြည့်ပေးပြီး save လိုက်ပါ။ ချက်ချင်းတော့မရပါဘူး။အချိန်အတိုင်းအတာတစ်ခုကြာမှ ရပါလိမ့်မယ်။ကျွန်တော်လုပ်တာတော့ နာရီပိုင်းအတွင်းရပါတယ်။

ကျွန်တော်ပြောတာ သိပ်မရှင်းဘူးဆိုရင် အောက်ကလင့်နှစ်ခုထဲက ကြိုက်နှစ်သက်ရာလင့်ကနေ ပုံတွေကြည့်ပြီးလုပ်နိုင်ပါတယ်။အဆင်ပြေပါစေ။

LINK - 1

LINK - 2

Friday, November 18, 2011

Skin and Themes

Windows Se7en With Superbar for XP





Clear Glass 7 for Windows 7










Leopard Mod for Windows7 Final










Thursday, November 17, 2011

အချိုတွေရောထားသော အခါးများ။(ခါးသီးသော ရင်ဘက်များမှ ချိုသာသော စကားများသံများ)

(၁)

တစ်ခါက ဂျပန်နိုင်ငံမှာ ဘန်ကိုင်ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ ဘုန်းတော်ကြီးနေတဲ့ ကျောင်းဘေးမှာ မျက်စိကန်းနေတဲ့ လူတစ်ယောက်လည်း နေထိုင်ပါတယ်။

ဘုန်းတော်ကြီး ပျံလွန်တော်မူသွားတဲ့နောက် အဆိုပါ မျက်စိကန်းနေသူက “ကျွန်ုပ်က မျက်စိကန်းနေတဲ့အတွက် လူတွေရဲ့ မျက်နှာတွေကို မမြင်ရဘူးပေါ့၊ ဒီတော့ ကျွန်ုပ်က လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ပြောတဲ့စကားသံနဲ့ အကောင်းအဆိုး ဆုံးဖြတ်ရတာပေါ့လေ။ သာမန်အားဖြင့်တော့ လူတစ်ယောက်ဟာ အခြားသူတစ်ယောက်ယောက်ရဲ့ အောင်မြင်မှု ဒါမှမဟုတ် ပျော်ရွှင်မှုအတွက် ၀မ်းသာပါတယ်ဗျာလို့ ပြောလိုက်တဲ့အခါ သူ့စကားသံထဲမှာ မနာလိုတဲ့ စိတ်ကလေး နောက်ခံရှိနေတာကို ကျွန်ုပ် သတိပြုမိတယ်။

နောက်ပြီးတော့ လူတစ်ယောက်ဟာ အခြားသူတစ်ဦးဦး ကံကြမ္မာဆိုးတွေ ကြုံတွေ့လို့ ၀မ်းနည်းကြောင်းစကား ပြောတဲ့အခါမှာ သူ့အသံထဲမှာ ကျေနပ်မှု၊ ပီတိဖြစ်မှုတစ်ခုခု ပါနေတာကို ကျွန်ုပ် သတိပြုမိတယ်။

ဒါပေမယ့်ဗျာ … ကျွန်ုပ် အသံတွေကို သုံးသပ်တဲ့အတွေ့အကြုံအရ ဘုန်းတော်ကြီး ဘန်ကိုင်ရဲ့ အသံဟာ အမြဲတမ်းကို ရိုးသားမှုတွေနဲ့ ပြည့်နှက်နေတယ်။ သူဟာ ပျော်ရွှင်မှုကို ဖော်ပြခဲ့ရင် ကျွန်ုပ်အနေနဲ့ သူ့အသံထဲကနေ ပျော်နေတဲ့အသံကလွဲပြီး ဘာသံမှ မကြားရဘူး။ သူ ၀မ်းနည်းမှုကို ပြောနေပြီဆိုရင်လည်း ကျွန်ုပ်အနေနဲ့ တကယ့်ကို ၀မ်းနည်းနေတဲ့အသံကိုပဲ ကြားရတယ်”လို့ ပြောပြပါတယ်။

(၂)

ဇင်ဇာတ်လမ်းလေးထဲက မျက်စိမမြင်သူရဲ့ စကားလေးကို ဖတ်ပြီးတော့ မိမိတို့ နေ့စဉ်ဘ၀ စကားသံလေးတွေကို နားထဲမှာ ကြားယောင်မိပါတယ်။ စကားသံလေးတွေကတစ်ဆင့် ပြောသူရဲ့ အဇ္ဈတ္တတွေကိုလည်း ပြေးမြင်မိပါတယ်။

(၃)

အမေရိကန်က အီရတ်နိုင်ငံကို ၀င်တိုက်တဲ့အခါက လူတွေ အများကြီး သေကြေပျက်စီးကြရတယ်။ ကမ္ဘာတစ်ဝှမ်းမှာ “၀မ်းနည်းပါတယ်”လို့ ကမ္ဘာ့ခေါင်းဆောင်တွေ ပြောကြတယ်။ နောက်နားက လစ်ဗျားကို တိုက်ခိုက်တဲ့အခါကလည်း အပြစ်မဲ့ ပြည်သူတွေ သေကြတော့ “စိတ်မကောင်းပါဘူး”လို့ လူတွေ ပြောကြတယ်။ အစ္စရေးက လေကြောင်းကနေ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ဖျက်ဆီးတော့ “ရှုတ်ချပါတယ်”လို့ အော်ကြတယ်။

တစ်ပြိုင်နက်ထဲမှာပဲ “ဒီကုလားတွေ ဒီလိုလေးလည်း ဖြစ်ပေးအုံးမှ”ဆိုပြီး နိဂုံးသတ်လိုက်ကြတဲ့ အသံတွေလည်း ကြားရတယ်။

ဒီလိုပါပဲ …. နေ့စဉ်ဘ၀မှာ “စိတ်မကောင်းလိုက်တာကွာ” “ကိုယ်ချင်းစာပါတယ်ကွာ” “၀မ်းနည်းမိပါတယ်” … စတဲ့ စကားတွေနဲ့ အခြားသူတွေ ဒုက္ခ၊ သောက ဖြစ်နေချိန်မှာ ပြောတတ်ကြတယ်။ အခြားတစ်ဖက်မှာလည်း အခြားသူတွေ သုခတွေ၊ အောင်မြင်မှုတွေ ရလိုက်တဲ့အချိန်မှာ “မင်းအတွက် ဂုဏ်ယူပါတယ်ကွာ” “၀မ်းသာပါတယ်” “ကွန်ဂရက်ကျူလေးရှင်း” … စတဲ့ စကားတွေ ပြောတတ်ကြတယ်။

“ဒီစုံတွဲကတော့ လိုက်ဖက်ညီလိုက်တာ” “သူ စီးလာတဲ့ ကားကြီးက ကောင်းလိုက်တာ” “သူတို့ အဆင်ပြေနေတာ တွေ့ရတော့ ၀မ်းသာလိုက်တာ” “သူ စီးပွားပျက်သွားတာ စိတ်ကို မကောင်းဘူး” “သူတို့ အိမ်ထောင်ရေး အဆင်မပြေတာတွေ့ရတာ ၀မ်းနည်းမိတယ်” “ဒီကောင် အောင်မြင်သွားတော့ ကိုယ်လည်း အတော်ပျော်မိတယ်”

ဇင်ဇာတ်လမ်းထဲက မျက်စိမမြင်သူသာ ဆိုရင် အဆိုပါ အသံတွေရဲ့ မရိုးသားမှုကို ထုတ်ဖော်နေပါလိမ့်မယ်။ ဒီလိုပါပဲ … နေ့စဉ်ပြောနေကျစကားတွေထဲက အသံလေးတွေကို ဂရုတစိုက် ဝေဖန်ဆန်းစစ်ကြည့်ရင် အသံနဲ့ တကယ့်ရင်တွင်း ခံစားချက်ကို ကွဲကွဲပြားပြားကြီး မဟုတ်ရင်တောင် ရိပ်ဖမ်းသံဖမ်းတော့ နားလည်သဘောပေါက်မိမယ် ထင်ပါတယ်။

(၄)

နေ့စဉ် ပြဿနာပေါင်းများစွာရဲ့ မြစ်ဖျားခံရာကို သေချာကြည့်ရင် “အသံ”တွေများ ဖြစ်နေမလားလို့ ထင်မိပါတယ်။ လူတွေဟာ နေ့စဉ် စကားတွေ ပြောနေပေမယ့် ပြောလိုက်တဲ့ စကားနဲ့ သူတို့ရဲ့ ရင်တွင်းက အစစ်အမှန် ခံစားချက်၊ သဘောထားတွေဟာ များသောအားဖြင့်လို့ ဆိုရလောက်အောင် ကွဲပြားနေတတ်ကြတယ်။

ရှေ့မှာတော့ ကိုယ်ချင်းစာတရား လက်ကိုင်ထားသလိုလို ပြောပြီး သူ့ အဇ္ဈတ္တမှာ သူတစ်ပါးဒုက္ခအတွက် ကြည်နူးနေတဲ့ စိတ်တွေ ပြည့်နေတတ်ကြတယ်။ လူရှေ့မှာ မုဒိတာတရားနဲ့အညီ ၀မ်းမြောက်နေသလိုလိုနဲ့ သူ့ရင်ထဲမှာ မနာလိုမှုကြောင့် ဖြစ်ပေါ်တဲ့ အမုန်းတရားတွေ ပွားစီးနေတတ်ကြပြန်တယ်။ ဒီလိုနဲ့ လူတွေဟာ “ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး”ဆိုတဲ့ ဝေါဟာရကို ကမ္ဘာမြေအနှံ့ ပြန့်ပွားအောင် လုပ်ဖြစ်သွားကြတယ်။ (လုပ်ဖြစ်သွားကြတယ်လို့ ထင်ပါတယ်)။

(၅)

စာရေးသူတို့ လူ့လောကကလည်း ခက်တယ်လေ။ “မင်းကလည်းကွာ … စိတ်ထဲရှိတိုင်း ပြောလို့ ဖြစ်မလားကွ၊ ဒီလိုပဲ လူရှေ့တော့ ကြည့်ကောင်းအောင် ပြောရတာပေါ့”တဲ့။ ဒါကလည်း (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) ထောက်ခံလိုက်ရမယ့် စကားတစ်ခွန်း ဖြစ်နေပြန်တယ်လေ။ စာဖတ်သူကော ဘယ်လိုများ တွေးမိသလဲ။ စကားနဲ့ အစစ်အမှန် ခံစားချက်ကို ထပ်တူ ဖြစ်အောင် ကြိုးစားရမှာလား ဒါမှမဟုတ် ကြည့်ကောင်းအောင် (ဂျန်းတဲလ်မန်း - လူကြီးလူကောင်းဆန်ဆန်) ပြောရမှာလား။ သို့မဟုတ် စိတ်ထဲမပါဘဲ ကြည့်ကောင်းအောင် ပြောတတ်ရင် ဂျန်းတဲလ်မန်း - လူကြီးလူကောင်းဆန်တယ်လို့ ဆိုရသလား။ ဆိုနိုင်သလား။ အားလုံး ခက်ကုန်ကြပြီ ထင်ပါရဲ့။ တကယ့်ခံစားချက်အတိုင်း စကားအသံတွေ ဖြစ်နေကြရင် အကောင်းဆုံးပေါ့။

(၆)

နောက်ဆုံးတော့ မြတ်စွာဘုရား ဟောထားတဲ့ စကားခြောက်ခွန်းထဲက

- မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူကြားချင်

- မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူတော့ မကြားချင်

ဆိုတဲ့ မြတ်စွာဘုရား ပြောတတ်တဲ့ စကားနှစ်ခွန်းနဲ့ ချိန်ထိုးသုံးသပ်ပြီး ပြောနိုင်ကြရင်တော့ သဘာဝကျသွားမယ် ထင်ပါတယ်။

(၇)

စိတ်ထဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ “ကြည့်ကောင်းအောင်”ဆိုတဲ့ ဆင်ခြေလေးနဲ့ ဆက်လက်ပြီး စကားတွေ ဖောင်ဖွဲ့နေရအုံးမှာလား။ ဒါမှမဟုတ် အဲဒီလို ပြောနေရတဲ့ လောကကြီးကို စိတ်ကုန်ပစ်လိုက်ရမှာလား ….. ကဲ … ဘယ်လိုလဲ …

ခါးသီးသော ရင်ဘက်များမှ ချိုသာသော စကားများသံများ .....အရှင်ကုသလသာမိ။

Wednesday, November 16, 2011

ဇော်ဝင်းထွဋ်ရဲ့ကောင်းကင်မေမေ / ၀ိုင်ဝိုင်း - ပြန်လာပါစိတ်ပူတယ်

aungminoo (guest): ကိုဧကရာဇ် ကျနော့်ကို ဇော်ဝင်းထွဋ်ရဲ့ကောင်းကင်မေမေ သီချင်းနဲ့ ၀ိုင်ဝိုင်းဆိုထားတဲ့ ပြန်လာပါစိတ်ပူတယ်သီချင်း တင်ပေးပါလားခင်ဗျာ ကျေးဇူးတင်ပါတယ်ဗျာ

ဧကရာဇ် : အကိုတောင်းထားတဲ့ သီချင်းနှစ်ပုဒ်တင်ပေးလိုက်ပါတယ်။အဆင်ပြေပါစေ။

http://www.mediafire.com/?4x5hza6chfgaj7y

http://ifile.it/hyij1zg/aungminoo.rar

http://www.zshare.net/download/96188333e958a0bd/

http://www.ziddu.com/download/17371594/aungminoo.rar.html

http://www.mirrorcreator.com/files/1YQ7VHLS/

Sunday, November 13, 2011

လေးဖြူ ရဲ့ Page 15 (BOB) သီချင်းများ..



ဒီသီချင်းလေးတွေကမရိုးနိုင်ဘူး အရင်ကလည်းနားထောင်ဖြစ်တယ် ခုလည်း ပြန်နားထောင်ဖြစ်နေတယ်
ကြိုက်လွန်းလို့ပါ

window 7 တင်နည်း စာအုပ်

6 Nov 11, 07:44 PM
ူlinlinaung: window 7 တင်နည်း စာအုပ်လေးလိုချင်လို့ ပါ တင်ပေးပါနော် window ပြန်တင်ရမှာ မို့ လို့ ပါ ကူညီပေးပါဗျာ

***ဧကရီ***
linlinaung တောင်းထားတဲ့ window7 တင်နည်းစာအုပ်လေးပါ..




http://www.ziddu.com/download/11350794/_7.pdf.html


pasted by MCO Kosannyeinn

Windows admin password မေ့သွားရင်

yarzar (guest): Windows admin password မေ့သွားလို့ပါခင်ဗျာ့ အကြင်နာနန်းတော်က ကိုဧကရာဇ် ရယ် ပြောပြပေးပါ အခက်တွေ့နေလို့ပါခင်ဗျာ့ ဘယ်လိုလုပ်ရမှာလဲ

ဧကရာဇ် : အောက်ကပေးထားတာလေးကို အရင်ဒေါင်းလိုက်ပါ။





ဒေါင်းပီးရင် အခွေအလွတ်တစ်ခုထဲကို burn လိုက်ပါ။
ဘန်းပြီးရင် ရလာတဲ့အခွေလေးကို ကိုယ် ပတ်စဝေါ့မေ့နေတဲ့စက်မှာ ထည့်ပြီး restart ချလိုက်ပါ။သူ့ဖာသာအလုပ်လုပ်သွားပါလိမ့်မယ်။ခဏစောင့်နေလိုက်ပါ။အားလုံးပီးရင်ရပ်သွားပြီး မေးခွန်းလေးတွေမေးပါလိမ့်မယ်။ဘယ်partition ဘယ် username စတာတွေမေးပါလိမ့်မယ်။
1/2/3...Y/N စသဖြင့်မေးပါလိမ့်မယ်။ဖြေပေးလိုက်ပါ။ကိုယ်လိုအပ်တာဖြေပြီးရင် အခွေကိုထုတ်ပြီး restart ပြန်ချလိုက်ပါ။
အဆင်ပြေပါစေ။

Saturday, November 12, 2011

အကောင့် disable ဖြစ်သွားလျှင်

6 Nov 11, 01:37 PM
Aung Nay Oo: gmail အကောင့် က disible ဖြစ်သွါးတဲ့ အတွက် ဘယ်လိုလုပ်ရင် ပြန်ပြီး ရနိုင်မလဲဆိုတာသိချင်ပါတယ် အကောင့်က အရေးကြီး အကောင့်ဖြစ်နေသည့်အတွက်ပါdisible ဖြစ်သွားတဲ့ အကောင့်နာမည်က prittyzin.zin8@gmail.com ဖြစ်ပါတယ်

***ဧကရီ***
ကိုအောင်နေဦး ရဲ့ အကောင့် disable ဖြစ်သွားတာကို အောက်က နည်းလေးအတိုင်း လုပ်ကြည့်လိုက်ပါနော်..

ကိုယ့်ဖွင့်လိုက်တဲ့ gamil အကောင်မှာ ဖုန်းနံပါတ်တွေ text mess တွေတောင်းနေမယ်..ပြီးတော့Gmail Account is Disabled ဆိုတာကြီးပေါ်လာတာက မေးလ်ကိုဖွင့်တဲ့အချိန် website ကျော်ကြည့်မိတာတွေနဲ့
သုံးရင်နဲ့ တခုခုမှားနှိပ်မိတာတို့.. လင့်တွေကနေတဆင့် မှားပီးဖျက်မိတာတို့တွေကြောင့် အကောင့် disable ဖြစ်သွားနိုင်ပါတယ်။
ကိုယ် Gmail ကိုဝင်လိုက်လို့ error တက်နေမယ်
ဒါဆိုရင်တော့ Trouble shooting options ဆိုတဲ့လင့်ကိုနှိပ်သွားလိုက်ပါ……
အောက်ကပုံလေးထဲကအတိုင်း ဆက်လုပ်လိုက်ပါ။



ရောက်သွားရင်အောက်ကပုံလေးထဲကလိုမြင်ရပါလိမ့်မယ်.. အဲဒီမှာ I know my username and password but I can’t sign in. ဆိုတဲ့ကိုရွေးပေးပါ..
နောက်တဆင့်ရောက်ရင် I am getting error ဆိုတာကို ရွေးပေးပါ..
ပြီးရင်တော့ Sorry, your account is disabled. ဆိုတာကိုရွေးပေးပါ



အားလုံးပီးသွားရင်တော့ နောက်ချက်ဘောက်စ်တခုထပ်ပေါ်လာပါမယ်
ဒီမေးလ်ကိုဖွင့်လို့ရလားဆိုပြီးမေးပါလိမ့်မယ်
No ကိုပေးလိုက်ပါ…




Help article ဆိုတဲ့လင့်ကိုသွားလိုက်ပါ
ပီးရင်တော့
If you believe your account was disabled in error, contact up.
ဆိုတဲ့စာကြောင်းလေးက contact up ကိုနှိပ်လိုက်ပါ။



အပေါ်မှာပြထားတဲ့အတိုင်း လိုအပ်တာကိုဖြည့်ပီးရင် Submit ကိုနှိပ်လိုက်ပါ။
24 နာရီကြာရင် အဲဒီအကောင့်ကိုပြန်ဖွင့်လို့ရသွားမှာပါ။
ဒီနည်းလေးကို စိုင်းနက်ရှိင်း မှတ်စုစာအုပ်ကနေရတာပါ..အဆင်ပြေပါစေရှင်...

Friday, November 11, 2011

ကိုးန၀င်း အဓိဌာန် ပုတီးစိတ်နည်း



တနလာၤ
အဂၤါ
ဗုဒၶဟူး
ၾကာသာပေတး
သောကြာ
စနေ
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ပထမဆင့်
သမ္ဗာသမ္ဗုဒ္ဓေါ
() ပတ်
ဘဂ၀ါ ()ပတ်
သုဂတော
()ပတ်
သတ္တာဒေဝ
မနုဿာနံ
() ပတ်
လောက၀ိဓူ
() ပတ်
ဝိဇ္ဇာစရဏ သမ္ပန္နော
()ပတ်
အနုတ္တရော ပုရိသ ဓမ္မသာရထိ
()ပတ်
အရဟံ ()ပတ်
ဗုဒ္ဓေါ
()ပတ်
ဒုတိယဆင့်
()
()
()
()
()
()
()
()
()
တတိယဆင့်
()
()
()
()
()
()
()
()
()
စတုတ္တဆင့်
()
()
()
()
()
()
()
()
()
ပဉ္စမဆင့်
()
()
()
()
()
()
()
()
()
ဆဌမဆင့်
()
()
()
()
()
()
()
()
()
သတ္တမဆင့်
()
()
()
()
()
()
()
()
()
အဌမဆင့်
()
()
()
()
()
()
()
()
()
န၀မဆင့်
()
()
()
()
()
()
()
()
()
၁) အ၀ါရောင် ခြယ်ထားသောနေ့များသည် သက်သက်လွတ်စားရန်ဖြစ်ပါသည်။
၂) ပထမ အဆင့်မှ ဆက်၍ ကျန်နေ့များ ကို ရည်တွက်ရန်၊ (ဥပမာ ဒုတိယဆင့် အတွက်ဆိုလျင် ဗုဒ္ဓဟူးနေ့  ၊၀ိဇ္ဇာစရဏ သမ္ပန္နော၊ (၃) ပတ် ဖြစ်၍ ကြာသပတေးနေ့၊ ဘဂ၀ါ ၉ ပတ်တွင် ပြီးပါမည်။ တတိယဆင့် အတွက် သောကြာနေ့ ၊ သုဂတော ၄ပတ်တွင် စ၍ စနေနေ့၊ အရဟံ ၁ ပတ်တွင်ပြီးပါမည်။)
၃) တစ်ဆင့် အောင်မြင်တိုင်း လိုရာဆု တစ်ဆုကို လေးနက်စွာဆုတောင်းပါ။ တစ်ဆင့် နှင့် တစ်ဆင့်ကြား အကြားအလပ်မရှိ တစ်ဆက်တည်းဖြစ်ပါသည်။
ကြံတိုင်းအောင်၍ ဆောင်တိုင်းပေါက်ကြပါစေ။