Sunday, November 13, 2011

Windows admin password မေ့သွားရင်

yarzar (guest): Windows admin password မေ့သွားလို့ပါခင်ဗျာ့ အကြင်နာနန်းတော်က ကိုဧကရာဇ် ရယ် ပြောပြပေးပါ အခက်တွေ့နေလို့ပါခင်ဗျာ့ ဘယ်လိုလုပ်ရမှာလဲ

ဧကရာဇ် : အောက်ကပေးထားတာလေးကို အရင်ဒေါင်းလိုက်ပါ။





ဒေါင်းပီးရင် အခွေအလွတ်တစ်ခုထဲကို burn လိုက်ပါ။
ဘန်းပြီးရင် ရလာတဲ့အခွေလေးကို ကိုယ် ပတ်စဝေါ့မေ့နေတဲ့စက်မှာ ထည့်ပြီး restart ချလိုက်ပါ။သူ့ဖာသာအလုပ်လုပ်သွားပါလိမ့်မယ်။ခဏစောင့်နေလိုက်ပါ။အားလုံးပီးရင်ရပ်သွားပြီး မေးခွန်းလေးတွေမေးပါလိမ့်မယ်။ဘယ်partition ဘယ် username စတာတွေမေးပါလိမ့်မယ်။
1/2/3...Y/N စသဖြင့်မေးပါလိမ့်မယ်။ဖြေပေးလိုက်ပါ။ကိုယ်လိုအပ်တာဖြေပြီးရင် အခွေကိုထုတ်ပြီး restart ပြန်ချလိုက်ပါ။
အဆင်ပြေပါစေ။