23 Dec 11, 07:45 AM
***ဧကရီ***
ကိုရဲသူ အတွက် ပါ။Internet Explorer မှာမြန်မာ font မပေါ်ရင်..
IE ရဲ့ ToolထဲကနေInternet Options ကိုဝင် General Tab အောက်မှာ Font Button ကိုနှိပ်ပြီးပြောင်းနိုင်ပါတယ်။
Font Setting ပြောင်းလို့မှ မြန်မာလိုမပေါ်သေးဘူးဆိုရင်..
IE version ပြောင်းလိုက်ရင် ပိုအဆင်ပြေသွားမှာပါ။
ကိုရဲသူခုသုံးနေတဲ့ IE ကို Upgrad လုပ်ကြည့်ပါလား။ Version 8 ကတော့ မဆိုးဘူးလို့ပြောလို့ရတယ်။
နောက်ပြီး ဒီ Alpha Zawgyi Unicode ကို Install လုပ်ကြည့်ပါလား။
စာလုံးပုံစံပိုလှသလို... System Font ကိုပါ ပြောင်းပေးတဲ့အတွက် အခုဖြစ်နေတဲ့ ပြဿနာ အဆင်ပြေသွားမယ်ထင်ပါတယ်။
နောက်ပြီး ကိုရဲသူစက်မှာ Font Embedding ကိုမှန်ကန်စွာလုပ်ထားပါမှ IE မှာ မြန်မာလိုပေါ်မှာပါ........
Font Embedding လုပ်တဲ့နေရာမှာ နည်းလမ်းမကျရင်ဖြစ်ဖြစ်၊ Font Embedding မလုပ်ထားရင်ဖြစ်ဖြစ်
ကိုရဲသူစက်ထဲမှာ ဇော်ဂျီဖောင့်ရှိနေဦးတော့ IE မှာ မြန်မာလို မြင်ရမှာမဟုတ်ပါဘူးရှင့်..
အဆင်ပြေပါစေ။