Sunday, January 30, 2011

အမြတ်ဆုံးရှင်

images?q=tbn:ANd9GcRE2kaWgU00T5duSKFCZk8P6FV3sbYWDUB9gHFgvh1FL_kVqpUS

အများအမြင်လေးတစ်ခု
ပိုင်ရှင် ပိုင်ရှင် .နဲ့ ရှင်တွေအကြောင်းလေ
အကြွားတွေ အများတွေကြား တရားသဘော အတွေးတစ်ခုနဲ့
ဘယ်သူကစပြီး မိုက်တွင်းနက်စွာရိုက်သွင်းသွားပါလိမ့်နော်
တိုက်ရှင် ကားရှင် မြေပိုင်ရှင်
ဟော..သားရှင် သမီးရှင် လင်ရှင် မယားရှင်နဲ့
အဖေရှင် အမေရှင်တွေပါမကျန် သားမက်ရှင် ချွေးမရှင်လည်း
ပါလိုက်သေးတယ်..အဲဒီရှင်တွေအကြောင်း..ဘယ်လိုပဲအမည်ပြောင်းပြောင်း
တို့များအပါအ၀င် တနေ့နေ့ တချိန်ချိန်
ရှင်တွေအားလုံး လယ်ဝေးရောက် ထိန်ပင်ရောက်
နောက်ဆုံး မြေကြီးထဲ ရောက်မှာပဲမဟုတ်လား..အဲဒီတော့မှ
ရှင်တကာ့ရှင်  ဘယ်ပိုင်ရှင်က အမြတ်ဆုံးရယ်လို့ ဆုံးဖြတ်ရမယ်ဖြင့်
ကိုကိုယ့်ကိုယ်သာ အသာလေးနိုင်းပါရစေလား
မသာရှင် ဖြစ်ခဲ့စေအုံး
ဘယ်သူတွေက မသာရှင်ရယ်လို့ နာမည်ခံရအုံးမယ်ပါ့နော်
အဲဒီတော့မှ မသာရှင်ရယ်လို့
ကျမ မသာကသာလျှင် အမြတ်ဆုံးပါတကားလို့.

***ဧကရီ***

အမျိုးသမီးများအတွက် Advanced Woman Calendar အသုံးပြုနည်း

ကိုဧကရာဇ်က အမျိုးသမီးများအတွက် Advanced Woman Calendar ဆော့(ဖ)၀ဲ လေး တင်ပေးထားတာရှိပါတယ်။ ကျွန်တော့်ကိုပါ ဒီဆော့(ဖ)၀ဲလေးအတွက် ကြော်ငြာဝင်ပေးဖို့ တောင်းဆိုထားလို့ ရေးသားပေးလိုက်ပါတယ်။ အဟမ်း၊ အဟမ်း...

ဒီ အမျိုးသမီး ပြက္ခဒိန်လေးက သင့်ရဲ့ ရာသီစက်ဝန်း အပေါ်မူတည်ပြီး မျိုးအောင်နိုင်သော အချိန်ပိုင်းတွေကို ခန့်မှန်းတွက်ချက်ပေးပါတယ်။ ဒါကြောင့် ပဋိသန္ဓေရယူဖို့ (သို့မဟုတ်) သန္ဓေတားဆီးဖို့ အတွက် အထောက်အကူ ဖြစ်ပါတယ်။ ဒီပြက္ခဒိန်လေးကို သုံးခြင်းအားဖြင့် သင့်အတွက် အန္တရာယ်ကင်းသော ရက်ပိုင်းများ နဲ့ မျိုးအောင်နိုင်သော အချိန်များကို ကြည့်ရှုနိုင်သလို Print out လည်း ထုတ်ယူနိုင်ပါတယ်။

ကိုယ်ဝန်ရယူဖို့ ကြံရွယ်ထားပါသလား။ ရာသီစက်ဝန်းရဲ့ အချိန်ပိုင်းတွေပေါ် မူတည်ပြီး ယောက်ျားလေးလား၊ မိန်းကလေးလား ဆိုတာလည်း ခန့်မှန်းပေးနိုင်ပါတယ်။ သန္ဓေတားဆေးတွေ မသောက်ချင်တော့တဲ့သူတွေ၊ အခြားနည်းလမ်းတွေလည်း မသုံးချင်တဲ့သူတွေအတွက် စိတ်ချရတဲ့ သဘာဝနည်းလမ်းလေး ဖြစ်ပါတယ်။ သင့်ရဲ့ ဓမ္မတာ ရာသီစက်ဝန်း အချက်အလက်တွေကို ဖြည့်သွင်းပြီးရင် ပြက္ခဒိန်လေးက သင့်အတွက် ကိုယ်ဝန်ရဖို့ အခွင့်အလမ်းနည်းပါးသော၊ စိတ်ချရသော ရက်ပိုင်းတွေ၊ နဲ့ ကိုယ်ဝန်ရစေနိုင်တဲ့ ရက်ပိုင်းတွေကို အရောင်တွေနဲ့ ခွဲခြားဖော်ပြပေးပါတယ်။

အခြားသူတွေ ကြည့်လို့မရအောင်လည်း ဒီပြက္ခဒိန်လေးကို Password နဲ့ ခံထားလို့ ရပါတယ်။ နေ့စဉ် မှတ်စုလေးတွေလည်း ရေးထားနိုင်တယ်။ သတ်မှတ်ထားတဲ့ အချိန်တွေအတွက် သတိပေး/အချက်ပေး စနစ် ပါဝင်ပါတယ်။ ယောက်ျားလေး (သို့မဟုတ်) မိန်းကလေး သန္ဓေသား ရဖို့လည်း ရက်ကို ခန့်မှန်းပေးနိုင်ပါတယ်။ (၁၂)ရာသီခွင် ဗေဒင်ဇာတာ စနစ်လည်းပါတယ်။ Desktop Wallpaper လည်း လုပ်ထားလို့ရတယ်။ နေ့စဉ် ကိုယ်ခန္ဓာအပူချိန် ဇယားလည်း ထည့်သွင်းနိုင်တယ် (ဒါက ဆေးပညာဆိုင်ရာ ခန့်မှန်းနည်းဖြစ်ပါတယ်။ သားဥကြွေတဲ့နေ့မှာ ကိုယ်ခန္ဓာအပူချိန် နည်းနည်း ပိုတက်လာပါတယ်)။ ရာသီလာစဉ် ကိုက်ခဲတတ်သူတွေအတွက်လည်း ဘယ်နေ့ကိုက်ခဲလာမလဲ ဆိုတာ ခန့်မှန်း/မှတ်သား ထားလို့ ရပါတယ်။ ပြက္ခဒိန်ကို ပရင်တာနဲ့ စာရွက်ပေါ်မှာ ထုတ်ယူနိုင်ပါတယ်။

တကယ်ကောင်းတဲ့ ဆော့(ဖ)၀ဲလေးဖြစ်ပါတယ်။
အောင်မလေး။ ဟောဟဲ...

အဲဒီထဲက စကားလုံးလေးတချို့ ကို ဘာသာပြန်ပေးပါ့မယ် (မသိသေးသူတွေအတွက်ပါ)...

ညာဘက်က My Goal ဆိုတဲ့အကွက် (ကိုယ်ဝန်တားမှာလား၊ ယူမှာလားပေါ့ဗျာ)
-Avoid Pregnancy (ကိုယ်ဝန်တားမယ်)
-Conceive (Any Gender) (ကျား/မ မရွေးပဲ ကိုယ်ဝန်ယူမယ်)
-Conceive a boy (ယောက်ျားလေး ယူမယ်)
-Conceive a girl (မိန်းကလေး ယူမယ်)

Period ဆိုတဲ့အကွက်က (ရာသီစက်ဝန်း ဖြည့်သွင်းဖို့)
-Auto (သူက ၂၉-ရက်စနစ်နဲ့ တွက်ပေးသွားမှာပါ။ ဥကြွေတဲ့နေ့က ၁၄-ရက်မြောက်နေ့ပါ)
-Manual (၂၉-ရက်တခါ မဟုတ်သူများအတွက် ရက်ရွေးပေးဖို့ပါ)

Legends (အရောင်အညွှန်း)
-Menstruation (ရာသီသွေးပေါ်သောနေ့)
-Low Fertility (ကိုယ်ဝန် သိပ်မရနိုင်သော နေ့)
-Prognosis of cycle (နောက်ထပ် ရာသီသွေးပေါ်လာနိုင်သောနေ့)
-Ovulation (ဥကြွေသောနေ့)
-Non-fertile days (ကိုယ်ဝန်လုံးဝ မရနိုင်သောနေ့- စိတ်ချရသောနေ့များ)
-Good day to conceive a child (ကိုယ်ဝန်ရနိုင်သောနေ့)
-Good day to conceive a boy (ယောက်ျားလေးကိုယ်ဝန် ရနိုင်သောနေ့)
-Good day to conceive a girl (မိန်းကလေးကိုယ်ဝန် ရနိုင်သောနေ့)
-Possible bad feeling (ကိုက်ခဲနိုင်သော နေ့များ)
-Had sex (အမျိုးသားနှင့် ဆက်ဆံခဲ့သည်)
-Has note (မှတ်စုရေးထားသည်)
-Took Pill (သန္ဓေတားဆေး သောက်ထားသည်)
-Mood (စိတ်အခြေအနေ)


ဗဟုသုတပေါ့ဗျာ...
မိန်းကလေးတွေက (၂၈ ရက်မှ ၃၃ ရက်)တကြိမ် ရာသီသွေးပေါ်ပါတယ်။ ရာသီသွေးစပေါ်တဲ့နေ့ ကို ရက်နံပါတ်(၁) အဖြစ်ယူပါတယ်။ ရာသီသွေးက ၃-ရက်လောက် ပေါ်ပါတယ်။ (၁၄)ရက်မြောက်နေ့မှာ ဥကြွေပါတယ်။ အကြမ်းဖျဉ်းမှတ်ထားဖို့က အဲဒီဥကြွေတဲ့ နေ့ မတိုင်မီ (၁)ပါတ် နဲ့ ဥကြွေပြီး (၁)ပါတ်အတွင်း ဆက်ဆံရင် ကိုယ်ဝန် ရနိုင်ပါတယ်။ ရာသီစမပေါ်မီ (၁)ပါတ် နဲ့ ရာသီစပေါ်ပြီး (၁)ပါတ်အတွင်း ဆက်ဆံရင် ကိုယ်ဝန်မရပါဘူး။ စိတ်ချရသော နေ့ရက်များဖြစ်ပါတယ်။ (တချို့ က ဒါကို ပြောင်းပြန် ယူဆပြီး ပြောင်းပြန်လုပ်နေသူတွေ တွေ့ဖူးပါတယ်။ နည်းလမ်းမှန် သိအောင် ဖော်ပြပေးခြင်းဖြစ်ပါတယ်)။ အပေါ်က Calendar လေးကလည်း ဒီနည်းစနစ်ကို အခြေခံ တွက်ချက်ပေးထားခြင်းဖြစ်ပါတယ်။ ပျော်ရွင်ပါစေ...။ :)

အမျိုးသမီးများအတွက် Advanced_Woman_Calendar

Advanced_Woman_Calendar_3.1.rar (3 MB)

 
အမျိုးသမီးများအတွက် အသုံးဝင်တဲ့ဆော့ဝဲလေးပါ။ဒီဆော့ဝဲလေးအကြောင်းနဲ့ အသုံးပြုပုံအကြောင်းကို 
အကြင်နာနန်းတော်အဖွဲ့ဝင် ဒေါက်တာညီညီလွင်မှ ရှင်းပြပေးပါရန်။(ဟီးဟီး တူက ပိုသိမယ်ထင်ရို့)
ယူလာတဲ့ဆိုဒ်မှာတော့ ဒီလိုရေးထားတယ်
#Get Pregnant Faster Advanced Woman Calendar helps you achieve or prevent pregnancy predicting your most fertile time of the month by monitoring your menstrual cycle. With an ovulation calendar in your hands, you can view and print a calendar of your safe days and your most fertile days. Planning a baby? An ovulation calendar can help you increase your chances of conceiving a baby boy or a girl by predicting the gender of your baby based on where you are in your ovulation cycle. # Natural Birth Control Tired of pills or other birth control methods? With an ovulation calendar, you can use the safest, most natural birth control method. Once you have entered your menstruation information, your personal ovulation calendar will display your safe days (low chances of getting pregnant) and your fertile days (easy to get pregnant) with a color-coded grid painting your safe and fertile periods in different colors. Key Features: * Creates your personal ovulation calendar based on your menstrual cycle * Predicts your ovulation days * Shows your fertile days and your safe days in an easy color-coded chart * Supports password-protected user profiles * Keeps daily notes * Shows reminders and alerts * Helps conceive a boy or a girl by predicting baby gender * Supports Horoscopes and Zodiac signs * Can turn your desktop wallpaper into an up-to-date ovulation calendar * Charts basal body temperature * Tracks premenstrual syndrome * Prints your personal ovulation calendar To find out more, visit the product home page.

ဒေါင်းရန်။

http://www.mediafire.com/?ltruyow7yf3bc9q

http://ifile.it/wlx93a8/Advanced_Woman_Calendar_3.1.rar

http://www.ziddu.com/download/13608958/Advanced_Woman_Calendar_3.1.rar.html

http://www.zshare.net/download/85912614363fd479/

http://www.mirrorcreator.com/files/010KY92O/

Install note ဆော့ဝဲကိုအရင်  run ပါ။ပြီးရင် အောက်ခြေဘားမှ icon လေးကို exit လုပ်ပေးပါ။ပြီးရင် crack ဖိုင်ကို ကော်ပီလုပ်ပြီး C / program file ထဲမှ မူလ exe နေရာတွင် ကူးယူလာသော crack ကို အစားထိုးပေးပါ။

ဖတ်မိတဲ့ကဗျာလေးများ

ပျင်းနေတာနဲ့ အပျင်းပြေ ကဗျာလေးတွေ လျှောက်ဖတ်ရင်း သဘောကျတာလေးတွေ ပြန်မျှလိုက်ပါတယ်။
ကျွန်တော်ရေးတာမဟုတ်ဘူးနော်။သူများရေးထားတာတွေ။ဟဲဟဲ ။

၁။ချစ်လွန်းလို့

နှလုံးသားတ၀ိုက်.
အမုန်းမြှားစိုက်လဲ..
ပြုံးထားလိုက်မယ်..
ချစ်လွန်းလို့.....

၂။ခြေရာ
ခြေရာဆိုတာ....
ရေမှာ လေမှာ..မရှိပေမယ့်.
သူပေးတဲ့ဒဏ်ရာ..
ရင်မှာရှိတယ်...

၃။မပြောင်းလဲတဲ့အချစ်

စက္ကန့်ကိုမိနစ်စား.
မိနစ်ကိုနာရီစား...
ရက်ကိုလစား..
လကိုနှစ်စား...
အချိန်တွေသာဟောင်းသွား...
ငါ့..ရင်ထဲကအချစ်ကမပြောင်းသွား.........

၎။မမုန်းစေချင်

အလွမ်းအဆွေးတွေ..တို့မလိုဘူး
ချစ်စရာအပြူံးနဲ့...နှစ်တစ်ရာမမုန်းဖို့ဘဲလိုတယ်.

၅။အလွမ်းကဗျာ

ရင်ခုန်နှစ်သက်
အလွမ်းရက်ရှည်
မျက်ရည်ပင်လယ်
ရွက်လွှင့်ကျယ်ပြော
ဝဲလယ်မျောခဲ့ 
ဒီလိုနဲ့ 
သောကပဲ့ စင်
ကမ်းကိုမြင်ပြီ
အချစ်ရင်ဖွင့်ကြိုပါတော့.....။

၆။ကြယ်ကြွေည အလွမ်းကဗျာ

အကြင်နာ
ဖယ်ကာလှစ်
အပြစ်ရှာ
အမုန်းများနဲ့
ပြစ်ခွာထားရစ်သူ……
ရင်ထဲမှာ
မှောင်မိုက်ကျွမ်း
လွမ်းခဲ့ရပြီပေါ့……
ဝေဒနာကို
ဖြေစရာမတွေ့ဘူး
သေရာပါတော့မှာလားလေ…….