Sunday, February 6, 2011

မိဘတွေကို ကြည့်ရင် ကိုယ့်ရဲ့ ပုံရိပ်ကို မြင်ရတယ်

အကြင်နာနန်းတော်ဖိုရမ် (အတွေးအမြင်) မှာ "kswems" ရေးသားထားတဲ့ အတွေးအမြင် စာစုလေးပါ။ အဓိပ္ပါယ် အရမ်းရှိပါတယ်။ ဖတ်ကြည့်ပါဗျာ။ :)


မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်..



Post kswems on Fri Feb 04, 2011 1:50 am
မိဘတွေရှိနေကြသေးရင်….
တစ်ရက်….မီးဖိုချောင်ဟာအရင်လို
မသန့်ရှင်းတော့ရင်….
တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော့ရင်….
တစ်ရက်….အိုးခွက်တွေဟာအရင်လိုမတောက်ပြောင်တော့ရင်….
တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်တွေနဲ့ဖြစ်နေရင်….
တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….
တစ်ရက်….ဟင်းတွေငန်လာရင်….
တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….
တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကုန်ရင်….
တစ်ရက်….သစ်သီးတွေစားရတာကိုမကြိုက်တော့ရင်….
တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာရင်….
တစ်ရက်….အသွားအလာအရမ်းနှေးကွေးလာရင်….
သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..
တစ်ရက်….သူတို့အပြင်မထွက်တော့ရင်…
သူတို့တကယ်အိုလာပါပြီ။
သားသမီးတွေရဲ့ပြုစုမှုကိုလိုလားတဲ့အချိန်ပါ….
သူတို့ကိုအချိန်ပေးပါ…
စိတ်ရှည်ပါ…သည်းခံပါ…
သူတို့ဘာလုပ်လုပ်အရင်လိုမဟုတ်တော့ဘူး။
သူတို့ရဲ့အိပ်ယာတွေကို လဲပေးပါ…..သူတို့ဒါတွေကို သတိထားမိတော့မှာမဟုတ်ပါဘူး….
မိဘဆိုတဲ့ ဂုဏ်အတိုင်း တင့်တယ်အောင်ထားပါ……
ရေချိုးပေးပါ….ကိုယ်တိုင်သန့်စင်အောင်သူတို့မလုပ်နိုင်တော့ပါဘူး…..
သူတို့တွေစားလို့ရနိုင်တဲ့ အစားတွေချက်ထားပေးဖို့လည်း မမေ့ပါနဲ့…..
ကောင်းကောင်းဝါးနိုင်တဲ့ သွားတွေမရှိတော့ပါဘူး….
မွေးကင်းစကတည်းက မိဘတွေလုပ်ပေးနေတဲ့ အရာအားလုံးကိုမမေ့ပစ်ပါနဲ့…..
လမ်းလျှောက်တာတွေ၊ စာရေးတာတွေ၊ အစစအရာရာ အခြေခံကနေ သင်ပေးခဲ့တယ်….
သူတို့တကယ် ဘာမှအလုပ်မလုပ်နိုင်တော့ဘူးဆိုရင်…ကိုယ်ပြန်လုပ်ပေးရမဲ့အလှည့်ပါ….
အားလုံးမှတ်ထားကြပါ….မိဘတွေဟာကိုယ့်ရဲ့ပုံရိပ်ပါ…
အားလုံးလဲတနေ့အိုလာကြမှာပါ….
အိုတဲ့အချိန်မှာ ဘယ်လိုနေထိုင်ခြင်တယ်ဆိုတာ စဉ်းစားထားလား။
အခုလို လူလွတ်ဖြစ်နေတဲ့အချိန်မှာတောင် သင့်မိဘကို ဂရုစိုက်ဖူးလား။
သင့်မိဘကကော သင့်ကိုဘယ်အချိန်ထိစောင့်နေနိုင်အုန်းမှာလဲ။

kswems
Posts: 38
Join date: 2011-02-03

သူငယ်ချင်း

အကြင်နာနန်းတော် ဖိုရမ် မှာ "kswems" ရေးသားထားတဲ့ ကဗျာလေး တစ်ပုဒ်ဖြစ်ပါတယ်။ ဖတ်ကြည့်ပါ။ အဲဒီဖိုရမ်မှာ kswems ရဲ့ ရေးသားချက်တွေ အများကြီးဗျ။ :)
kswems on Fri Feb 04, 2011 1:15 am



သူငယ်ချင်း



ချစ်သူငယ်ချင်း

ရက် တွေ လတွေ နှစ်တွေ

ဘယ်လိုပဲပြောင်းပြောင်း

ငါ မင်းအပေါ်မှာ

ငါရဲ့ခင်မင်မှုတွေ

ဘယ်တော့မှာ မပြောင်းလဲပဲရှိမှာပါနော်…

မင်း ငါကိုစိတ်မဆိုးပါနဲ့ကွာ…

ငါမှာ သူငယ်ချင်းတွေ

ဘယ်လောက်ပဲ များနေပါစေ

အလုပ်တွေများနေပါစေ

မင်းအတွက် ငါမှာအချိန်တွေ

ရှိပါတယ် သူငယ်ချင်းရယ်…

မင်း လိုအပ်တဲ့အချိန် ငါကို သတိရလိုက်

မင်းတွက်ငါ အမြဲအသင့်ရှိမှာပါနော်…

မင်းအားငယ်နေမှာ

ငါမလိုလားပါဘူး….

မင်းလိုချင် ရင် ငါဘာမဆိုပေးမှာပါ…

ဘာလို့လဲဆိုတော့

မင်းက ငါအချစ်ဆုံးသူငယ်ချင်းလေ……

Virtual Drives


တစ်ချို့ Software တွေက Installလုပ်ပြီးရင် Installer[CD]မပါလည်း အသုံးပြုလို့ ရပါတယ်။ တစ်ချို့က အသုံးပြုတိုင်း Installer[CD]ကို CD Driveမှာ ထည့်ထားရပါတယ်။ ဥပမာ - Dictionaryတစ်ချို့၊ Gameတစ်ချို့။ အဲဒါမျိုးကို CD Driveဖွင့်လိုက် ပိတ်လိုက် မလုပ်ဘဲ၊ CD Driveမရှိဘဲ သုံးချင်တယ်ဆိုရင် Virtual Driveက အသုံးဝင်ပါတယ်။ CD Driveအတုပေါ့။

စမ်းကြည့်မယ်၊ လက်တွေ့ အသုံးချမယ်ဆိုရင်
Virtual Drive(8 or 9)ကို Downloadယူပါ။
Virtual Driveကို Installလုပ်ပါ။

ပြီးရင်
. . . . . Buildဆိုပြီး Installer Softwareတစ်ခုလုံးကို ကွန်ပျူတာထဲထည့်ပါ [မိနစ်အနည်းနယ်/(လူကြီးမင်း ပိုင်ဆိုင်တဲ့ ကွန်ပျူတာအပေါ် မူတည်ပြီး) နာရီပိုင်းအထိ အချိန်ယူပါလိမ့်မယ်။]
Insultဆိုပြီး Software Installerကို CD Driveအတုထဲထည့်ပါ။ [ဘယ်ကွန်ပျူတာမဆို စက္ကန့်/မိနစ်ပိုင်း အချိန်ယူပါလိမ့်မယ်။]

CD Driveအတုကနေ
Softwareကို Installလုပ်ပါ။

ဒါဆိုရင် အသုံးပြုတိုင်း Installerကို CD Driveမှာ ထည့်ထားရတဲ့ Softwareမျိုးကို CD Drive (အလုံအလောက်) မရှိလည်း Hard Disc အားကိုးနဲ့ ခပ်တည်တည် အသုံးပြုနိုင်ပါပြီ။

လိုအပ်ရင် လုပ်ကြည့်ပါ။
ခက်နေတယ်ဆိုရင် . . . အကြင်နာနန်းတော်မှာ အကူအညီတောင်းပါ။
ကူညီကောင်း ကူညီကြပါလိမ့်မယ်။

----------------------------------------

အရင်ဆုံး Downပြီး စမ်းကြည့်ဖို့။
Virtual Drives:
-        Virtual Drive 8
-        Virtual Drive 9

Hacking ပညာ လေ့လာလိုသူများအတွက် Hacking စာအုပ်များ

တချို့ နည်းလမ်းလေးတွေက ခေတ်ဟောင်းသွားပေမဲ့ ဗဟုသုတအဖြစ် လေ့လာလို့ရပါတယ်။ :)