Saturday, March 12, 2011

ငရဲပြည်သို့သွားရာ တွင်းပေါက်ကြီး (Door to Hell)

ဒီကမ္ဘာပေါ်မှာ ငရဲပြည်ကို သွားတဲ့တွင်းပေါက်ကြီး တစ်ခုရှိနေပါတယ်။ ရုရှားနိုင်ငံ Darvaz မြို့လေးအနီး၊ Uzbekistan မှာရှိပါတယ်။ တွင်းပေါက်ကြီးက ခန့်မှန်းခြေ အချင်း မီတာ(၆၀) နဲ့ အနက် မီတာ (၂၀) လောက်ရှိပြီး ၁၉၇၁ ခုနှစ်ကတည်းက မီးတောက်လောင်နေခဲ့ပါတယ်။ အောက်က ပုံတွေကိုကြည့်ပါ။















ရုရှားသိပ္ပံပညာရှင်များဟာ ၁၉၇၁ ခုနှစ်၊ Karakum Desert of Turkmenistan သဲကန္တာရထဲမှာ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေစဉ် ယန္တယားစက်ကြီးများနဲ့အတူ မြေကျွံကျပြီး တွင်းပေါက်ကြီးထဲပြုတ်ကျသွားခဲ့ပါတယ်။ တွင်းထဲကထွက်လာတဲ့ ဓာတ်ငွေ့များဟာ ဘေးပါတ်ဝန်းကျင်ရွာတွေကို ပျံ့ နှံ့ပြီးအဆိပ်အတောက် ဖြစ်မှာစိုးလို့ မီးရှို့ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထင်ထားသလို မီးကငြိမ်းမသွားတော့ပဲ ယနေ့ထိတိုင် တောက်လောင်လျက်ရှိနေပါတယ်။

Google Earth မှလည်း ကြည့်နိုင်ပါတယ်။ ပုံကို နည်းနည်း ချဲ့ကြည့်ကြည့်ပါ။



အောက်မှာ ဗီဒီယိုကိုလည်း ဖော်ပြထားပါတယ်။




Ref: http://englishrussia.com/index.php/2008/03/25/darvaz-the-door-to-hell/

ရယ်စရာပုံများ(၃)

Scroll down လုပ်ပြီးကြည့်ပါဗျာ။ ရယ်မောနိုင်ကြပါစေ။ :)

မိန်းကလေးတို့ရဲ့အချစ်ရေး

ကျော့တေးသီ: ညီမတို့နှစ်ယောက်ကငယ်ငယ်ကတည်းကသူငယ်ချင်းတွေပါ။ ညီမလည်းသူ့ကိုသူငယ်ချင်းထက်မကတဲ့သံယောဇဉ် ရှိနေပါတယ် ။ သူလည်းပဲ ညီမအပေါ်သူငယ်ချင်းထက်မကတဲ့သံယောဇဉ်နေမှန်း တစ်ယောက်ကို တစ်ယောက်သိနေပြီး
ညီမစိတ်ဆိုးမှာ ကြောက်နေတယ်လို့သူငယ်ချင်းတွေကပြောကြတယ်။ ညီမဘယ်လိုလုပ်ရမလဲ အကြံပေးပါအုံးနော်

ဧကရာဇ်:ညီမရေ ဖြေပေးတာ နဲနဲကြာသွားတဲ့အတွက် တောင်းပန်ပါတယ်နော်။အလုပ်လေးတွေနဲနဲရှုပ်နေလို့
ခုမှဘဲ ဖြေပေးနိုင်တော့တယ်။ကဲဖြေပြီနော်။ညီမ ချစ်တိုင်းလဲမညားဆိုတဲ့စကားကို ကြားဖူးမှာပေါ့။
အခုလဲအဲလိုဘဲ ညီမတို့နှစ်ဦးတစ်ယောက်နဲ့တစ်ယောက်ချစ်နေကြပေမယ့် ဖွင့်မပြောဘဲနေနေရင်
ကြာရင် ဝေးကြရလိမ့်မယ်။ညီမက မြန်မာမိန်းကလေးတစ်ယောက်ဆိုတော့ ကိုယ့်ဘက်ကစဖို့လဲ မသင့်ဘူး။
အချစ်ရေးမှာ ယောကျာ်းလေးဘက်က စတင်ချစ်ရေးဆိုရမယ်ဆိုတာ အားလုံးနားလည်ပြီးသားပါ။ခုက ယောကျာ်းလေးဘက်က စိုးရိမ်စိတ်များနေတာပါ။အဲဒီတော့ ညီမအနေနဲ့ ကိုယ့်ဘက်ကစဖို့မသင့်လို့
မပြောတာကတော့ မှန်ပါတယ်။တခြား လုပ်နိုင်တဲ့နည်းလမ်းလေးတွေ အကိုအကြံပေးချင်တယ်။
ညီမ ပြောသလို သူက ညီမကိုတကယ်စိတ်ဝင်စားနေရင် သူငယ်ချင်းတွေက တဆင့် ညီမအခြေအနေကို
သူသိအောင် လုပ်ပါ။ညီမဘက်ကလဲ သူ့ကိုစိတ်ဝင်စားနေပါတယ်။မိန်းကလေးမို့ စပြောဖို့မသင့်လို့
စောင့်နေတယ်ဆိုတာ သူသိအောင် လုပ်သင့်တယ်။သူ့အနေနဲ့ ဖွင့်ပြောလိုက်ရင် ညီမ ငြင်းလိုက်မှာကို
စိုးရိမ်နေတာဖြစ်ပါလိမ့်မယ်။အဲဒါကြောင့်ညီမအနေနဲ့ တခြားကြားခံလူတွေရဲ့ အကူအညီလိုပါတယ်။
တကယ်လို့လူကိုယ်တိုင်ဖွင့်မပြောရဲရင် တခြားနည်းလမ်းတွေ သုံးပြီးဖွင့်ပြောဖို့ သူငယ်ချင်းတွေကတဆင့်အကြံပေးခိုင်းပါ။ညီမကပြောခိုင်းတယ်ဆိုတဲ့သဘောတော့ ဒဲ့မသက်ရောက်စေနဲ့ပေါ့။တကယ်လို့ သူကလဲ စိုးရိမ်စိတ်များပြီးကြောက်နေမယ်။ညီမကလဲ
ဒီတိုင်းကိုယ်ဘက်ကတော့အကိုပြောသလိုမလုပ်နိုင်ဘူးဆိုရင်တော့ ကြာရင်အခြေအနေဆိုးသွားလိမ့်မယ်နော်။သူ့သူငယ်ချင်းတွေကိုလဲ မေးခိုင်းပေါ့။ညီမနဲ့ ခွဲနိုင်လို့လားလို့။
တွန်းအားပေးခိုင်းပါ။မိန်းကလေးဘက်က စပြောလို့မသင့်ဘူးဘဲ ပြောကြတာပါ။လမ်းကြောင်းမပေးနဲ့လို့
မပြောဘူးလေ။ညီမအနေနဲ့ တကယ်ချစ်တယ်ဆိုရင် ရေလာမြောင်းပေးသဘောမျိုး ၊ မိန်းကလေးသိက္ခာမကျနိုင်တဲ့နည်းလမ်းမျိုးနဲ့ သူ့ရင်ထဲကစကားတွေ ပွင့်ထွက်လာအောင် ကြိုးစားသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။ဒီလောက်ဆိုသဘောပေါက်မယ်လို့ထင်ပါတယ်။
ညီမရဲ့ချစ်နေတဲ့သူနဲ့ အမြန်ဆုံးဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ။