Saturday, April 9, 2011

ဒီပို့စ်လေးဖတ်ပြီး သင် ဘယ်ဖိနပ်မျိုးကိုရွေးစီးမှာလဲ?

Z

အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ

ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။ ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။

9k=

ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။

9k=

ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။

images?q=tbn:ANd9GcQD2xplld9p2pt7kLXJMZUNtcgNEZR4Z9N_3oO2w1NFGJ1U4sjl3Q

ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလိုအသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။

images?q=tbn:ANd9GcSStbvI0_sfg7v4lliTmVFKlNfKtcey0ujPWIhJDhbQTsIxeHvm

စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။

images?q=tbn:ANd9GcRGFA1KY0Sj8UjK2XqtUoj-3PPxQw7UgBLOB2KglbRMRfGRo3b0IA

အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့် ကြည့်ရတာထူးခြားတယ်။

images?q=tbn:ANd9GcRnOHCB0kJvrlCHyqEeDV7Qpz6AB_Y-bX3xv1w0NtV7bR64Wz9IlRg99JQgxw

အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။ အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။

images?q=tbn:ANd9GcSxl0RSjcvES6MBRp6uAmynenkEs3B0U9WBM-klpJtuLbj7V26t

ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။

images?q=tbn:ANd9GcRxbqGOaZU_l4E4fc9I0AufzbLNGyd6fkPVsIE5IHW40kW_8IUUib6jg5bTfw


ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊ လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။

images?q=tbn:ANd9GcQC-aqGhmk4tn-r8U0Fg7kFFPb-1w93AGZqG4RS0Nqb2CCMT_XK1g

ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။

images?q=tbn:ANd9GcT833JF9Yn1S9-mv_m_kIiGXsZlTAyXaAlOAz7QgfnidQudDH21MQ

အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။

anashria-womens-premier-leather-sandal.jpg

အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလိုကောင်းတဲ့ ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့ ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။


သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနှိမ်ကျင့်ခံရမှာကို ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။

images?q=tbn:ANd9GcSmu9UX71pagb5v9qEtm3CfpOhQuitIrN1NV_1Bw8Y1E04Z5DZ-Kg

ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင် လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။

9k=

ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး အရွေးမမှားစေချင်ပါဘူး။


အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။ ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။
ph_callout_left_top.gif

အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့ ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။
ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

အရာအားလုံးကို အမှန်တရားနဲ့ အနိုင်ယူနိုင်ပါစေလို့........။
(မျောလွင့်နေတဲ့ အိမ်မက်များ)

တူးပို့တူးပို့

 
THINGYAN happy "tuu-paot, tuu-paot", "tuu" sing sweetly songs.

THINGYAN ladies "tuu-paot, tuu-paot", "tuu" aren't you well?

Hitting beating "tuu-paot tuu-paot", singing lovely songs.

He and she and "tuu-paot, tuu-paot", you and me and well;

BADAUKS’re blooming golden good, "tuu-paot-tuu" yellow;

Swiftly breezing lovely air, "tuu-paot-tuu" gently;

THINGYAN water cool calm, cool calm;
THINGYAN water cool calm, cool calm.

Pouring water "tuu-paot, tuu-paot", "tuu"-sound pleasing lovely THINGYAN time.



Image from (9 Apr 2011):
http://www.irrawaddymedia.com/bur/index.php/articles/2-articles/944-2009-04-10-08-36-51

Key Logger ပရိုဂရမ်ကို Visual Basic နဲ့ ရေးကြည့်ရအောင်

Key Logger ဂရိုဂရမ် ဆိုတာကို ကြားဖူးကြမှာပါ။ ကွန်ပျူတာမှာ ရိုက်လိုက်သမျှ ကီးတွေကို မှတ်သားထားပြီး အီးမေးလ် လိပ်စာတစ်ခုဆီကို ပို့ပေးပါတယ်။ Hacking လုပ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Hacker တစ်ယောက်က EXE ပရိုဂရမ်တစ်ခုကို လိမ်ညာပြီး လင့် တွေပေးထားတယ်။ အလိမ်ခံရတဲ့သူက ဘာမှန်းမသိ ဒေါင်း ပြီး ကလစ်လိုက်တယ်။ အဲဒီအခါ ဂရိုဂရမ်က နောက်ကွယ်မှာ Run နေပြီး ရိုက်သမျှ ကီးတွေကို Hacker ရဲ့ အီးမေးလ် လိပ်စာဆီကို ပို့ပေးနေပါတော့တယ်။ သားကောင်ရဲ့ အီးမေးလ် လိပ်စာနဲ့ Password တွေ၊ အရေးကြီးတဲ့အချက်အလက်တွေ၊ ဘဏ်အကောင့် နံပါတ်တွေ ကို ခိုးယူတဲ့ နည်းအဖြစ် သုံးကြပါတယ်။

အင်တာနက်ကဖေးတွေမှာ မသမာသူက ကွန်ပျူတာတစ်လုံးမှာ အဲဒီပရိုဂရမ်ကို တင်ထားခဲ့တတ်ပါတယ်။ မသိတဲ့သူတစ်ယောက်က အဲဒီကွန်ပျူတာမှာ ထိုင်ပြီး အီးမေးလ် ဖွင့်ဖတ်တယ်ဆိုပါစို့။ သူရိုက်သမျှ အီးမေးလိပ်စာနဲ့ Password ကို Hacker ဆီကို ပို့ပေးပါလိမ့်မယ်။

Key Logger ပရိုဂရမ်ကို ဖရီးဒေါင်းဖို့ လင့် တွေ ပေးထားတတ်ကြပါတယ်။ အဲဒီပရိုဂရမ် ကိုက ကိုယ့်ကို လိမ်ညာပြီး Hack သွားနိုင်ပါတယ်။ သတိထားကြဖို့ လိုပါတယ်။

အဲဒီ Key Logger ပရိုဂရမ်က ရိုက်လိုက်တဲ့ ကီး တွေကို ဘယ်လိုမှတ်သားတယ်ဆိုတာ Visual Basic Code နဲ့ အောက်မှာ ရေးပြထားပါတယ်။ လေ့လာကြည့်ပါ။ (နည်းပညာ လေ့လာလိုက်စားသူ Visual Basic programmer များအတွက် မျှဝေပေးခြင်း ဖြစ်ပါတယ်)။



Dim result As Integer
Private Declare Function GetAsyncKeyState Lib "user32" (ByVal vKey As Long) As Integer

Private Sub Timer1_Timer()
For i = 1 To 255
result = 0
result = GetAsyncKeyState(i)
If result = -32767 Then Text1.Text = Text1.Text + Chr(i)
End if
Next i
End Sub