Thursday, May 12, 2011

001 File Joiner and Splitter v4.0.5.0

ဒီဆော့(ဖ)၀ဲလေးက ဖိုင်ဆိုက်ကြီးတာတွေကို အပိုင်းပိုင်း ဖြတ်တောက်ပေးနိုင်၊ ပြန်ဆက်ပေးနိုင်ပါတယ်။ Gmail ကနေ ဖိုင်ဆိုက်ကြီးတာတွေကို ပို့လို့မရရင် Send6 လို ဟာမျိုးကို သုံးပြီး ပို့လို့ရပေမဲ့ သူ့မှာလည်း အရွယ်အစား ကန့်သတ်ချက် ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဒီဆော့(ဖ)၀ဲလေးကို သုံးရင် အဆင်ပြေသွားပါမယ်။

ဖိုင်တွေကို ဖြတ်တောက်ရာမှာ အရွယ်အစား နဲ့ File Type ကန့်သတ်ချက်မရှိပါဘူး။ ဖြတ်တောက်ထားတဲ့ ဖိုင်လေးတွေကို တစ်ခုချင်း ပို့ပါ။ လက်ခံသူက ဖိုင်တွေအားလုံး ရပြီဆိုရင် ဖိုင် (001) ကို Double click နှိပ်လိုက်တာနဲ့ အားလုံး ပြန်ဆက်သွားပါလိမ့်မယ်။ လက်ခံသူဘက်မှာ ဒီဆော့(ဖ)၀ဲ အင်စတော လုပ်ထားစရာ မလိုပါဘူး။

File size က 2.47MB ဖြစ်ပါတယ်။



သင် ပိန်သလား၊ ၀သလား တွက်ကြည့်ရအောင်

လူတစ်ယောက်ဟာ သူ့ရဲ့ အရပ် နဲ့လိုက်လျောညီထွေတဲ့ ကိုယ်အလေးချိန်ရှိနေသင့်ပါတယ်။ ကိုယ်အလေးချိန် များလွန်းရင်၊ အ၀ လွန်ရင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ရလာဖို့ အခွင့်အလမ်း များပါတယ်။ ပိန်လွန်းတဲ့ လူတွေမှာလည်း တချို့  ရောဂါတွေ ရလာနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ ကိုယ်အလေးချိန်ဟာ ပိန်သလား၊ အနေတော်လား၊ ၀နေသလား တွက်ကြည့်ကြရအောင်။ ဒီလိုတွက်ဖို့ အတွက် လိုအပ်ချက်တွေကတော့ သင့်ရဲ့ အရပ် (ပေ၊ လက်မ၊ သို့မဟုတ် မီတာ၊ စင်တီမီတာ)၊ ကိုယ်အလေးချိန် (ပေါင် သို့မဟုတ် ကီလိုဂရမ်) နဲ့ ကျား/မ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ တွက်ချက်တဲ့ ဖော်မြူလာ ကတော့-
Body Mass Index (BMI) = အလေးချိန်(ကီလို)/အရပ်(မီတာ)၂ထပ်ကိန်း

ဖြစ်ပါတယ်။

အကြမ်းဖျဉ်းသတ်မှတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁၈.၅) အောက် = ပိန်သည် (Underweight)
(၁၈.၆) မှ (၂၄.၉) = အနေတော် (Ideal weight)
(၂၅) မှ (၂၉.၉) = အလေးချိန်များသည် (Overweight)
(၃၀) မှ (၃၄.၉) = ၀သည် (Obese)
(၃၅) နှင့် အထက် = အလွန်ဝသည် (Severely obese)

အောက်မှာ သင့်ရဲ့ ကိုယ်အလေးချိန်၊ အရပ်၊ ကျား/မ အချက်အလက်တွေကို ဖြည့်ပြီး Calculate ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ လက်မ၊ ပေါင် နဲ့ တွက်ချင်ရင် Imperial ဆိုတာကို ရွေးပြီး တွက်ပါ။ သင့်အကြောင်း မှတ်ချက်ပေးပါလိမ့်မယ်။





အလေးချိန်များသူ၊ ၀သူတွေက ကိုယ်အလေးချိန်ချဖို့ လိုပါတယ်။ ဒီ BMI Calculator လေးကို ဒေါင်းချင်ရင် ဒီနေရာကို Right Click နှိပ်ပြီး Save Link As ကိုရွေးပါ။ မိမိတို့ရဲ့ ဘလော့မှာ ထည့်သွင်းထားချင်ရင် ဒီလိုရေးပါ။

<embed src="http://www.lab11.be/bmi/bmi.swf" width=360 height=480></embed>