အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းပညာ မသင်ကြားနိုင်ခဲ့သော ကလေးငယ်များအတွက် ကျောင်းပြင်ပ ပညာရေးစနစ်တစ်ခုကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef)
ထိုပညာရေးစနစ်၏ အကျိုးရလဒ် အနေဖြင့် အသက် ၁၀ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များသည် ကျောင်းပြင်ပ ပညာရေးကို Level-1 နှင့် Level-2 အနေဖြင့် ၂ နှစ် သင်ယူပြီးနောက်တွင် ကျောင်းတွင်း ပညာရေးအဖြစ် ပဉ္စမတန်း (Grade-6) သို့ တိုက်ရိုက် တက်ရောက် သင်ကြားနိုင်မည်ဟု သိရသည်။ တို့မှ ပူးပေါင်း၍ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်လျက် ရှိကြောင်း သတင်းရရှိသည်။
ယခုအခါ အဆိုပါ NFPE ဟု အမည်ပေးထားသော အဆိုပါ စီမံကိန်းကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စတင် အကောင်အထည် ဖော်လျက် ရှိသည်။
ထိုသို့ သင်ကြားပေးရာ၌ ကလေးငယ်များ အဆင်ပြေစေရန် ကျောင်းချိန်ကို ညှိနှိုင်း ဖွင့်လှစ် ထားပေးပြီး ဘာသာရပ်များ အနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ၊ ပထ၀ီ၊ သမိုင်း၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူနီတိ၊ ပြည်ထောင်စု စိတ်ဓာတ်၊ ကာယနှင့် အားကစားဆိုင်ရာ ဘာသာရပ်များကို အထူးရေးဆွဲထားသော သင်ရိုးညွှန်းတန်း စာအုပ်များနှင့် စနစ်တကျ သင်ကြားပေးလျက် ရှိကြောင်း သတင်းရရှိသည်။