လက်ရှိမြန်မာနိုင်ငံတွင်အင်တာနက်သုံးစွဲသူများပြားလာသော်လည်း အင်တာနက်မှ လက်တွေ့အကျိုးရရှိမည့် ကိစ္စ ရပ်များကိုဆောင်ရွက်ခြင်းမပြုဘဲ မလိုအပ်သော ချက်တင်ထိုင်ခြင်းမျိုးနှင့်သာ အချိန်ဖြုန်းနေသူများပြားစွာ ရှိနေ သေးသည်ဟု ပြည်တွင်းအိုင်တီပညာရှင်များထံမှ စုံစမ်းသိရှိရသည်။ ၎င်းအင်တာနက်အားသုံးစွဲသူ အများစုမှာ လည်း လူငယ်များပင်ဖြစ်သည်။ သုံးစွဲသူများထဲတွင်အွန်လိုင်းမှ တစ်ဆင့် ချက်တင်များထိုင်ရုံတင်မက Online ဂိမ်းများကိုပင်ဆော့ကစားနေသူဦးရေမှာလည်း များပြားလာခဲ့သည်။ သို့သော် အင်တာနက် သုံးစွဲသူဦးရေမှာ တစ်နိုင်ငံလုံးအတိုင်းအတာ တစ်ရပ်နှင့် နှိုင်းယှဉ်ကြည့်ပါက လွန်စွာနည်းနေသေးသည်မှာတော့အမှန်ပင်ဖြစ်သည်။ သုံးစွဲသူဦးရေအလွန်နည်းနေသေးသည့် အချိန်မှာပင် သုံးစွဲသူသုံးပုံနှစ်ပုံခန့်မှာ ချက်တင်နှင့်ဂိမ်းများတွင်သာ အချိန် ကုန် နေသူများဖြစ်သည်။ ထိုနည်းတူ ရတနာပုံတယ်လီပို့မှ အင်တာနက်ဝန်ဆောင်မှုစနစ်တစ်ခုအဖြစ် မြန်နှုန်း မြင့်ဖိုင်ဘာဆက်ကြောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများပေးတော့မည်ဖြစ်သည်။ ထိုနည်းတူ အင်တာနက်သုံးစွဲမှု အများဆုံးမှာ မြန်မာနိုင်ငံ၏ အဓိက မြို့တော်ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအစရှိသော မြို့များတွင်သာ သုံးစွဲ မှုကျယ်ကျယ်ပြန့်ပြန့်သာရှိသေးသည်။ လူငယ်များ အနေ နှင့်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု အပေးအမှီပြု၍ ကိုယ်ပိုင်အသိပညာ ကဏ္ဍအားတိုးမြှင့် သင့်သော်လည်း ယနေ့ခေတ် လူငယ်အချို့လက်တွေ့တွင် အင်တာနက်မှ တစ်ဆင့် လမ်းလွဲတစ်ခုနှင့်ကြုံတွေ့နေရသည်ဟု အင်တာ နက်ကျွမ်းကျင်သူတို့ကဆိုကြောင်း ၂၀၁၀ခုနှစ်စက်တင်ဘာ ၁၉ရက်နေ့ ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။