Thursday, October 7, 2010

ထူးဆန်းစွာ ဖြစ်ပေါ်ခဲ့သော တွင်းနက်ကြီးများ











အထက်ပါပုံလေးတွေက သဘာဝဘေးအန္တရယ်ကြောင့် ထူးဆန်းစွာ တွင်းနက်ကြီးများဖြစ်ပေါ်လာသော ပုံလေး
တွေ ဖြစ်ပါတယ်news.nationalgeographic မှ ဖတ်မိသောသတင်းလေးပါ။ လအနည်းငယ်တော့ကြာပါပြီ။
၂၀၁၀ မေလ ၃၀ ရက် နေ့ က အာဂါသာ (Agatha.) အမည်ရ မုန်တိုင်း တိုက် မိုး ရွာလို့ ဂွတီမာလာ (Guatemala City) မှာ ရေကြီး မြေပြိုပြီး ထူးဆန်း တဲ့ တွင်းကြီး ဖြစ် ပေါ်ခဲ့ပါတယ်။
သုံးထပ်တိုက် အဆောက် အဦး ကို တွင်း ကြီး ကဝါး မြို လိုက်ပါတယ်။ တွင်း ရဲ့ အဝကြယ် ပေ ၆၀ လောက်ရှိပြီး အနက် က တိုက် အထပ် ၃၀ အမြင့် လောက် နက် တယ်၊ကြောက် စရာ တွင်း ပေါက် ကြီး က ငရဲပြည် သွား ဖို့ ဂိတ်ပေါက် အလား ထင်မှတ်ရပါတယ်။
Guatemala မှာ အဲလို တွင်း နက် ကြီး တွေ ဖြစ် ပေါ်တာ ပထမ ဦး ဆုံး အကြိမ် မဟုတ်ပါဘူး။၂၀၀၇ ခု နှစ် တုံး ကလဲ ဖြစ် ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံတွင်လည်း ပုပ္ပားတောင် နှင့် မိုင်းရှူး တောင်များ တွင် လွန်ခဲ့သော ၁၀ နှစ်ကာလ မှာ ဖြစ်ပွားခဲ့ဖူးပါ
တယ်။