တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲ ကိုတူတူသွားကြမယ်နော်။
လေလိုင်းပေါ်ကနေ ပွဲတော်လေးဆီသို့........>>>>>
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပွဲ မှာ နေ့လွတ်မီးလေးတွေရဲ့ မီးပုံးပျံလေးတွေပါ။
လှပချစ်စရာကောင်းသလို မမြင်ဖူးသူတွေအတွက် ဧကရီ စုဆောင်းရှာဖွေပေးလိုက်ပါတယ်နော်။
ဒီနေ့လွတ်မီး ဆိုတာက မီးကျီမီးပန်းတွေမပါတဲ့ မီးတွေပေါ့။
အောက်ကပုံလေးတွေလဲ တူတူပါပဲ ။
ဒီပုံလေးက ညလွတ်မီးလေးပေါ့ မနှစ်ကပုံလေးတွေပါ .အောက်မှာ မီးဆိုင်းခွေကြီးမှာ
မီးကျီတွေ မီးပန်းများ. ရောင်စုံမီးပုံးငယ်လေးတွေ ကို ဖယောင်းတိုင်ညှိပီး အလှရုပ်ပုံ
နှင့် စာတန်းထိုးထားပါတယ်။
အောက်ကပုံလေးကတော့ ပြီးခဲ့တဲ့ 2009 က ပထမဆုရခဲ့တဲ့ ဟာသမီးပုံပျံကြီးပါ။
မီးပုံးပျံတစ်လုံးဖြစ်ဖို့အချိန် ငွေ လူအင်အား ပညာရှင် များ စိုက်ထုတ်ပြီး လုပ်ရပါတယ်။
ရိုးရာမပျက်စည်ကားအောင်ပြုလုပ်တဲ့ ဤမီးပုံးပျံလွတ်တင်ပွဲကြီးမှာတောင်ပေါ်ဒေသ
အလိုက်ပြိုင်ပွဲဝင်မီးများအဖြစ် စီစဉ်ကြပ်မတ်တဲ့ ဓလေ့လေးဟာ အလွန်ချစ်စရာကောင်းပြီး။ ကမ္ဘာ့ခရီးသွားဧည့်သည်များ အလွန်နှစ်သက်ကြောင်းလည်းသိရှိရပါတယ်ရှင့်။
ယခုနှစ်မှာတော့ ဘယ်မီးအနိုင်ရဗိုလ်ဆွဲမယ်ဆိုတာမသိရှိသေးပေမဲ့ ခန့်မှန်းပြီး လောင်းကြေးထပ်
ပျော်ရွှင်ပွဲ တစ်ခုအနေနဲ့ လုပ်ကြတဲ့ရိုးရာဓလေ့လေးလဲရှိပါတယ်တဲ့ရှင့်။...
နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲတော်ကြီးကို မရောက်ကြတဲ့သူအတွက်
http://www.meeponepyan.com/live.aspx
မှာ တိုက်ရိုက်ကြည့်ရူ့နိုင်ပါတယ်တဲ့.
ညက ဧကရီ နဲ့ ဧကရာဇ် တူတူကြည့်ဖြစ်ကြတယ်လေ။
အရမ်းကိုကြည့်ကောင်းတာပဲ။။ကိုယ်တိုင်သွားတာထက်ကို ပိုပြီး အစုံအလင်မြင်တွေ့ရပါတယ်။
တစ်ချို့မီးပုံးပျံ ဆိုရင် ပေ၁၀၀ ၁၅၀လောက်ပဲ တက်သေးတယ် .မီးလောင်ပြီးပျက်ကျသွားတာမြင်ရတော့
တကယ် နှမျောစရာကောင်းသလို..ကြည့်နေတဲ့ပရိတ်ဿတ်တွေလည်း လန့်ဖျတ်ပြေးလွှား ကြတာမြင်ရတော့
စိတ်မကောင်း ဖြစ်မိပါသေးတယ်။
စိတ်ဝင်စားသူများကြည့်ကြည့်ပေါ့နော်။
ခင်မင်လေးစားလျှက်***ဧကရီ***